သူငယ်ချင်းစီကနေ ဓားပြတိုက်ပြီးယူလာတဲ့ Lord Of Ring ထဲက The One Ring။ 50mm ကိုပြောင်းပြန်တပ်ပြီးတော့ ရိုက်ထားတာ။
One Ring To Rule Them All
Published Sunday, November 22, 2009 by မောင်သာဂိ in photosLittle Motorcycles...
Published Wednesday, November 18, 2009 by မောင်သာဂိ in photosSoft Light
Published Saturday, November 14, 2009 by မောင်သာဂိ in photosJust Trying out the Soft Cool color tones. They are really fun. These photos are taken at Bukit Timah.
0 comments
Party Life.
Published Sunday, October 25, 2009 by မောင်သာဂိ in photosThis was taken with my phone and edited using Photoshop Mobile App in the phone. Taken inside St. James Power House.
I'm not alone. But lonely.
Published Thursday, September 24, 2009 by မောင်သာဂိ in photosအိပ်မရတဲ့ ညများ
Published by မောင်သာဂိ in photos, thoughts, Videoဘာမှ မတင်ဖြစ်တာလည်းကြာပြီးပေါ့ ဘလော့မှာ။ အလုပ်ပြန်လုပ်ဖြစ်တယ်၊ ကျောင်းပိတ်တုန်းလေးမှာ။ Orchard လမ်းမပေါ်က Wistma Atria Shopping Center ရှေ့က ဘားမှာပါ။ နှစ်ပတ်လောက်ရှိပြီ။ အလုပ်က ည ၂နာရီကျော် ၃နာရီလောက်မှပြီးပြီးတော့ အိမ်ပြန်ရောက်ချိန်ဆို ၄နာရီလောက်ရှိနေပြီဆိုတော့ အိပ်ချိန်တွေလည်း ကပြောင်းကပြန်တွေဖြစ်ပြီး၊ အလုပ်မရှိတဲ့နေ့တွေဆိုပါ အိပ်လို့မရတော့ဘူး ဖြစ်နေတယ်။
အိမ်အောက်ကလမ်းမှာဖြတ်သွားတဲ့ကားတွေကို ဓာတ်ပုံထိုင်ရိုက်ရင်ရိုက် မရိုက်ရင် ရုပ်ရှင်ထိုင်ကြည့်နေဖြစ်တယ်။ စိတ်ကူးပေါက်ရင် Boonlay Mrt နားက Jurong Central Park ထဲမှာ စကိတ်သွားစီးဖြစ်တယ်။ စကိတ်စီးတယ်ဆိုမှ ပြောပြအုန်းမယ်၊ ဒီဗီဒီယိုလေး အသေမိုက်တယ်၊ စကိတ်စီးတာကို Slow Motion Cam နဲ့ရိုက်ပြထားတာ။
3 comments
Recap of the week (and Some Movie Reviews)
Published Saturday, September 12, 2009 by မောင်သာဂိ in Scraps, thoughtsJust a recap of what had happened during the past week.
အရင်အပတ် သောကြာနေ့က စာမေးပွဲပြီးသွားတယ်။ ပြီးသွားတဲ့နေ့က ကျောင်းမှာပဲ ရုပ်ရှင်ထိုင်ကြည့်ဖြစ်တယ်။ Drew Berrymoe နဲ့ Adam Sandler တို့ရဲ့ 50 First Dates ဆိုတဲ့ကားကို ကြည့်ဖြစ်တယ်။ ဇာတ်လမ်းလေးက ဟောင်းပေမဲ့ မရိုးသွားရလောက်အောင်ကို ကောင်းတယ်။ နောက်တော့ G-force ကြည့်ဖြစ်တယ် အိမ်ပြန်ရောက်မှ ဒေါင်းလုဒ်လုပ်ပြီးကြည့်တာပါ။ တော်တော်ပေါတယ်လို့ပြောရမယ်၊ ဇာတ်လမ်းက ယုတ္တိမရှိတဲ့ ကလေးကားသက်သက်ကြီးပဲ။
နောက် စနေနေ့ကျတော့ Bugis ကို window shopping သွားပြီးတော့ Botanic garden နဲ့ Orchid garden မှာဓာတ်ပုံသွားရိုက်ဖြစ်တယ်။ အဲ့နေ့ညက စိတ်ကူးပေါက်ပြီးတော့ ည၁နာရီခွဲလောက်ကြီးမှာ အိမ်နားက ပန်းခြံထဲမှာ စကိတ်သွားစီးသေးတယ်။ ညဖက်ကြီး ဘယ်သူမှ မရှိတဲ့အချိန် တစ်ယောက်တည်း ပန်းခြံကြီးထဲ ပတ်ပြီး စကိတ်စီးရတာ အရသာတော့ ရှိသား။
တနင်္ဂနွေနေ့ကျတော့ East Coast ကိုသွားခဲ့တယ်။ အဲ့က Extreme Skate Park မှာစကိတ်သွားစီးကြည့်မယ်ဆိုတဲ့ အကြံကြီးနဲ့ပေါ့။ ဟိုကို တကယ်ရောက်တဲ့အချိန်ကျတော့ လူတွေကလည်း ရှုပ်နေ၊ ကိုယ်ကလည်း အသုံးမကျဆိုတော့ ပထမဆုံး Rampကနေ Drop In လုပ်တာ လဲကျပြီး တင်ပါး နာသွားတယ်။ ဒုတိယ အကြိမ်ကျတော့ ဒရွတ်တိုက်ကျတာ ဂျင်းဘောင်းဘီနဲ့ ပွန်းပြီးတော့ ပေါင်ကပါနာသွားတာနဲ့ပဲ လက်လျှော့လိုက်ပြီး သူများတွေ စီးတာကို ထိုင်ကြည့်လာခဲ့တယ်။ အပြန်ကျတော့ Bus မမှီတော့တာနဲ့ နာရီဝက်လောက် လမ်းလျှောက်လိုက်ရသေးတယ်။
ကြားရက်တွေတော့ ဒီလိုပဲကျောင်းသွားပြီးတော့ FYP လေးလုပ်လိုက်၊ အိမ်မှာပဲ ရုပ်ရှင်ထိုင်ကြည့်နေလိုက်၊ ဟိုနားဒီနားလျှောက်သွားလိုက်နဲ့ပါပဲ။ ကြာသာပတေးနေ့ကတော့ သူငယ်ချင်းတွေနဲ့ Badminton သွားရိုက်ဖြစ်သေးတယ်။ စကိတ်စီးထားလို့နာနေတာကို Badminton သွားရိုက်လိုက်တော့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။ လှုပ်တောင် မလှုပ်ချင်တော့ဘူး။ အဲ့ဒါကို ရှည်ပြီးတော့ စောနက ပျင်းနေတုန်း သူငယ်ချင်းကခေါ်တာနဲ့ မနက်၃နာရီခွဲကြီးမှာ Pioneer MRT နားက Hawker ဆိုင်အထိ စကိတ်စီးသွားပြီးတော့ သူကျွေးတဲ့ပလာတာသွားစားလိုက်သေးတယ်။
စောစောက The Ugly Truth ကိုကြည့်ဖြစ်တယ်၊ ဇာတ်ကားနဲ့ သရုပ်ဆောင်သွားတာတွေ ကတော့ တော်တော်ကောင်းတယ် ဒါပေမဲ့ ဇာတ်အိမ်က ဒီမူကြမ်းကြီး အတိုင်းပဲသွားနေတယ် လို့ထင်မိတယ်၊ ကောင်လေးနဲ့ကောင်မလေး တွေ့တုန်းက တစ်ယောက်နဲ့တစ်ယောက် မတည့်၊ ကြည့်မရ ပြီးတော့ အကြောင်းအရာတစ်ခုခုကို တူတူလုပ်ရင်း ဒါမှမဟုတ် စိမ်ခေါ်ပြီးပြိုင်ရရင်း ပြီးတော့ တစ်ယောက်ကို တစ်ယောက်ချစ်သွားကြ၊ ကြိုက်သွားကြ ဒီအတိုင်းကြီးပဲသွားနေသလိုပဲ။
ှAliens In The Attic လည်းကြည့်ဖြစ်သေးတယ် ဟိုနေ့က ရယ်တော့ရယ်ရတယ် ကြည့်ပျော်တယ်လို့ပြောလို့ရတယ်။ ဇာတ်လမ်းက သိပ်မရှိပေမဲ့ ပျော်စရာကောင်းတဲ့ ရယ်ရတဲ့ကားလေးတစ်ခုပေါ့။
အခုတော့ ဗိုက်လည်းပြည့်ပြီ။ ငါးနာရီမတ်တင်းလည်း ရှိပြီဆိုတော့ အိပ်တော့မယ်ဗျာ။ တော်ကြာမနက် အလုပ်သွားမယ့်လူတွေတောင် နိုးလာတော့မယ်။
မင်္ဂလာ မနက်ခင်းပါ။
Published Friday, September 4, 2009 by မောင်သာဂိ in Botanic Garden, nature, photos, RainSince it's raining a lot these days in Singapore, i've decided to post a photo with Rain! This photo was taken in Singapore Botanical Garden.
ကျောင်းပိတ်ချိန်
Published Thursday, September 3, 2009 by မောင်သာဂိ in thoughtsကျောင်းပိတ်ချိန် ဆိုလို့ သာဂိတို့ကျောင်းတွေပိတ်ပြီး အားနေပြီတော့မထင်ပါနဲ့ စာမေးပွဲဖြေနေရတုန်းပါ။ တစ်ဘာသာကျန်သေးတယ် သောကြာနေ့ဖြေဖို့။ လောလောဆယ်တော့ ၂ခုဖြေပြီးသွားပြီ အခြေအနေကတော့ မဆိုးဘူးပဲပြောရမလား မကောင်းဘူးပဲပြောရမလားတော့မသိဘူး။ သူတို့မေးချင်တာမေးတာကို ဖြေချင်တာတွေဖြေလာခဲ့တယ်။ ဆရာပေးသလောက်ပေါ့ အမှတ်ကတော့။
ကျောင်းကလူ တော်တော်များများတော့ စာမေးပွဲတွေပြီးကုန်ကြပြီ၊ ရန်ကုန်ပြန်တဲ့လူကပြန် မပြန်တဲ့လူတွေကလည်း Project တွေလုပ် အချိန်ပိုင်းအလုပ်တွေလုပ်နဲ့ ဒီ၆ပတ် ကျောင်းပိတ်ရက်ကို ကျော်ဖြတ်ကြရတော့မယ်။
ဒီ၆ပတ်အတွက်ကျနော်အစီအစဉ်ကတော့-
FYP လုပ်ရမယ်၊
Part-time အလုပ်ပြန်ရှာရမယ်၊
စကိတ်စီး ကျင့်မယ်၊
ဓာတ်ပုံတွေ အများကြီးလျှောက်ရိုက်မယ်၊
NAPFA ဖြေဖို့လေးကျင့်ခန်းလုပ်ရမယ်။
Part-time အလုပ်အတွက်ကို အရင်လုပ်တဲ့ ဘားမှာပဲသွားပြန်လုပ်ရင် ကောင်းမလား၊ Photographer's Assistant သွားလုပ်ရင် ကောင်းမလား စဉ်းစားနေတယ်။ လျှောက်တော့ လျှောက်ထားတယ် ရရင်တော့ သွားလုပ်ချင်တယ် အတွေအကြုံ ရအောင်လို့။
ကျနော့်သူငယ်ချင်း တချို့တွေမြန်မာပြည်ကို ပြန်ကြမယ်တဲ့။ အစကကျနော်လည်း ပြန်မယ်လို့စိတ်ကူးတာပဲ၊ ဒါပေမဲ့ FYP ကမပြီးတာနဲ့၊ ပိုက်ဆံမရှိတာနဲ့ပဲ မပြန်ဖြစ်တော့ဘူး။ နောက်နှစ်ကျောင်းပြီးတဲ့အချိန် NSထဲမဝင်ခင်ကျမှပဲ ပြန်ဖြစ်တော့မယ်ထင်တယ်။ NSထဲဝင်တယ်ဆိုမှ NAPFA ဖြေဖို့လည်း လုပ်ရအုန်းမယ်။ အနည်းဆုံး ငွေလောက်ရအောင်တော့လုပ်ရမယ်။ သြော်စိတ်ညစ်တယ်... လောလောဆယ်တော့ သောကြာနေ့ဖြေဖို့ စာလုပ်လိုက်အုန်းမယ်။
စီးတီးဟော၊ Marina Bay၊ ဒူးရင်းသီး(Esplanade)
Published Tuesday, September 1, 2009 by မောင်သာဂိ in CBD, City Hall, Esplanade, Night, photos, Slow Shutter Speedဒီပုံတွေက ကျနော်ရယ်၊ ကိုဝေယံလင်းရယ်၊ ဟယ်ရီရယ် မေ ၁၃ရက်နေ့တုန်းက သွားတုန်းက ရိုက်ထားတာတွေပါ။ ထုံးစံအတိုင်း ရိုက်ပြီးတော့ Process လုပ်ရမှာ ပျင်းတာနဲ့ ပုံထားတဲ့ဓာတ်ပုံတွေပေါ့။
These photos were taken way back in May during my trip there with Harry and Ko Wai Yan Gyi. As usual, they were stack in the pile of unprocessed photos.
(f/4 1/3s ISO800)
(f/16 8s ISO200)
(f/4.8 1s ISO200)
(f/4.5 0.6s ISO200)
(f/5 1.6s ISO200)
(f/3.5 1/5s ISO200)
Henderson Waves
Published Friday, August 28, 2009 by မောင်သာဂိ in photosရိုက်ထားတဲ့နေရာက Henderson Waves မှာရိုက်ထားတာပါ၊ Henderson Road ရဲ့အပေါ် ၃၆မီတာအမြင့်ရှိတဲ့၊ စင်္ကာပူရဲ့ အမြင့်ဆုံးသော pedestrian bridge ပေါ့။
Those photos were taken during my trip there on the very first day after i bought my D90. It had been 5 months and the shutter count on my camera is almost 15000. And my skills, well, not improving very much. And i have what seem like 5000 pictures to process, Photos from Thailand trip, SP show, Dance practices before the show and even some of the photos taken with my D60 before i sold it out.
0 comments
ရွှန်းလင်းလဲ့စန္ဒာဧကရီသိုက်
Published Wednesday, August 26, 2009 by မောင်သာဂိ in photosအဖေ့သူငယ်ချင်းရဲ့ သမီးလေး၊ ရွှန်းလင်းလဲ့စန္ဒာဧကရီသိုက်တဲ့ နာမည်က။ ၂၇ရက်နေ့ မှာ၁နှစ်ပြည့်မှာ။ ဒီဓာတ်ပုံတွေက ဟိုတနေ့က သူတို့အိမ်ကို သွားလည်တုန်းက ရိုက်ခဲ့တဲ့ပုံတွေပါ။
Two Sides Of Me.
Published Monday, August 17, 2009 by မောင်သာဂိ in photos, photoshopစာမေးပွဲတွေ၊ Assignment တင်ရမဲ့ရက်တွေ နီးလာတာနဲ့ အမျှစာမလုပ်ချင်စိတ်တွေ ဟိုဟာလုပ်ချင်ဒီဟာလုပ်ချင်စိတ်တွေ ပေါ်ပေါ်လာ အောင် လုပ်နေတဲ့ သာဂိ Devil ကို သာဂိ Angelကဆုံးမနေပုံလေးပေါ့။ ပုံတွေကို ကျနော့်အိမ် ဧည့်ခန်းထဲမှာပဲ မီးတွေအကုန်ဖွင့်ပြီးတော့ ရိုက်ထားတာပါ။ 1 comments
တိုလီမှုတ်စ အတွေးများ
Published Friday, August 14, 2009 by မောင်သာဂိ in Scraps, thoughts, Videoစကိတ်ကို ဝယ်ပြီးသကာလ Trick တွေသင်ဖို့ Youtube ထဲမှာလိုက်ရှာကြည့်မိတယ်။ ဒီအောက်က video ၄ခုကတော့ မိုက်တယ်။ Trick တွေတော်တော်များများ ပါတယ်။ ကွင်းထဲမှာ လုပ်ဖို့တင်မဟုတ်ပဲ လမ်းပေါ်မှာ လျှောက်စီးတဲ့အခါကျရင် သုံးလို့ရတဲ့နည်းတွေကောပဲ။ Hit more for the videos.
အဲ့ Video တွေထဲက Trick တွေအကုန်လုံးကို ရအောင်လုပ်နိုင်ရင်တော့ တော်တော် အဆင်ပြေသွားပြီလို့ ပြောလို့ရမယ်။ Ollie ကိုတော့ ဒီနေ့တနေ့လုံး ကျောင်းမှာ လုပ်ကြည့်နေတာ၊ ညနေအိမ်ပြန်ရောက်တော့ အိမ်နားက မြက်ခင်းပေါ်မှာ သွားပြီးတော့လုပ်ကြည့်တော့မှပဲ ၃လက်မလောက် မြောက်တော့တယ်။ ပိုမြင့်လာအောင်တော့ ထပ်ပြီး ကျင့်ရမှာပဲ။ အခုတော့ ခုန်ရလွန်းလို့ လူတကိုယ်လုံးလည်း ချွေးတွေရွှဲပြီး ပေါင်တွေလည်းနာနေတာနဲ့ နားထားလိုက်တယ်။
ဒီ Websiteက Vitrual Piano လေးမိုက်တယ်။ ကီးဘုတ်ကိုသုံးပြီးတော့ တီးရတာ။ Bryan Adams ရဲ့ I Will Be Right Here Waiting For You ဆိုတဲ့သီချင်းကို တီးချင်ရင် ဒီကီးတွေ အတိုင်းလိုက်တီးကြည့် "8wt ooiuy 59w yyuiu 60ety trew"။ အဲ့လက်ကွက်က ကျနော့်သူငယ်ချင်း မျိုးသီဟဦးရှာပေးထားတာ။ သူ့မှာတခြားသီချင်းဟာတွေလည်းရှိသေးတယ် ဒါပေမဲ့ ကျနော် မမှတ်မိတော့ဘူး။
တနင်္လာနေ့မှာ တင်ရမဲ့ GEMS Assignment အတွက်ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားနေတယ်။အိုင်ဒီယာတွေရှိရင် ပေးကြပါအုန်း။ Photo Manipulation လုပ်ရမှာ Theme ကိုစဉ်းစားလို့မရသေးဘူး။ 3 comments
မုန့်ဟင်းခါး
Published by မောင်သာဂိ in photosSkateboarding
Published by မောင်သာဂိ in photos, thoughtsအရင်တုန်းကဝယ်ထားတဲ့ board ကစင်ပြီးသား Complete set ကိုဈေးပေါပေါနဲ့ဝယ်ထားတာ၊ ဒီတစ်ခေါက်တော့ ကိုယ့်ဟာကိုယ်စင်မယ်ဆိုပြီးတော့ သွားလိုက်တာ၊ ဟိုဟာတတ် ဒီဟာစင်နဲ့ ၂၄၀ ကျော်သွားကော။ ဒါပေမဲ့ ဆိုင်ကလူကြီးက သဘောတွေကောင်းပြီး ၂၁၈ နဲ့ပေးလိုက်တယ်။
ဝယ်ခဲ့တဲ့ ပစ္စည်းတွေက-
Zoo York Photo Incentive Deck $85
Independent 129mm 7.75" Raw Truck $65
53mm Wheels (dun noe the brand) $42
Bones Bearing $35
Hardware Magic Bolts $8
Black Rubber Riser $8
Total $243
အခု Skateboard လည်းရှိပြီးဆိုတော့ Ollie လို့ခေါ်တဲ့ Trick ကိုစပြီးတော့ စမ်းကြည့်မယ်လို့ စိတ်ကူးတယ်။ Ollie ဆိုတာက Skateboard ကိုလက်နဲ့ မကိုင်ပဲနဲ့ လေပေါ်ကိုပါလာအောင် ခုန်တာပါ။ ဘယ်လိုလုပ်ရတယ်ဆိုတာကိုတော့ အောက်က Video မှာပြထားတဲ့ အတိုင်းပဲ လုပ်ကြည့်ရမှာပဲ။
0 comments
Droplets 4
Published Wednesday, August 12, 2009 by မောင်သာဂိ in Black n White, Droplets, photosMy second attempt at shooting Water Droplets. This time all photos are taken in black & white against white background. And i had a flash gun this time, borrowed from Gu Gu for SP Show. Flash is placed on the left side of the camera and bounced off the background. More Photos on my flickr.
0 comments
9th Aug 09.
Published Sunday, August 9, 2009 by မောင်သာဂိ in thoughtsSo, i went to the Iron Cross Show today. It was kinda gross and boring at first, but eventually i got into mood and it was awesome! Why it was gross and boring? Well cuz..
1) 10 mins into the show 3 guys behind me were drunk and dancing like crazy. It was no problem untill one of them pushed me.
2) i did NOT know any of R Zarni's Songs. So, i was just standing there and yawning.
3) After R Zarni went in a dude behind me swearing his genitals with R Zarni's name. and it went on for a while even after Wine Wine came up onto the stage.
4) About an hour into the show and 2 singers had ald came up and i only knew one song! it was Wine Wine's. and damn it i forgot the name ald.
5) When Lay Phyu was singing Page 15, two dudes were hugging and dancing in front of me. :|
6) And some drunk guy jumped and landed his elbow onto my head!
7) and another drunk guy was waving his shirt so hard, it was hitting everyone's head near him including mine.
Yeah that was the first half of the show.
During the break, i went out and had a drink. By the time i went back in R zarni was ald done. :D
But still i did not know any of the songs wine wine was singing.
Everything changed when Myo Gyi came up the stage. i was in the mood and the rest was just awesome! I even sang along Lay Phyu's Min Mha Min Pal with one of the guys dancing earlier. :P But yeah the rest was Just awesome! i Jumped, Shouted, Jumped again and Shouted again, Sang along and Had fun. :D
Didn't Bring my camera so i didn't take any photos. :(
တိုလီမိုလီ (၂)
Published Thursday, August 6, 2009 by မောင်သာဂိ in Scraps, thoughtsကျောင်း ပိတ်ဖို့က သုံးပတ်လောက်ပဲ ကျန်တော့တယ်။ အဲ့တော့ Assignment တွေ Project တွေတင်ဖို့ ၂ပတ်ပဲ အချိန်ရတော့တယ်။ ကျောင်းပိတ်မှာကို ပျော်ပဲပျော်ရမလား မပြီးသေးတဲ့ Assignment တွေနဲ့ Project တွေအတွက်ပဲ စိတ်ပူရမလားတောင်မသိတော့ဘူး။ စိတ်တွေရှုပ်လာတာပဲသိတယ်။
တင်ရမဲ့ Project တွေထဲမှာ Programming က ၂ခုပါတယ်။ တစ်ခုက Java နောက်တစ်ခုက Microcontroller အတွက် C နဲ့ Assembly Language ကိုသုံးပြီးရေးရမှာ တစ်ခုမှ စလုံးရေးမစရသေးဘူး။ နောက်တော့ Elective က Photo Manipulation Assignment။ အိုင်ဒီယာတွေကိုတော့ ကျောက်ခဲရေညစ်လုပ်နေတုန်းပဲ။
ဒါနဲ့ ဟိုနေ့တုန်းက ကျောင်းကဓာတ်ပုံပြိုင်ပွဲမှာ ဒီပုံနဲ့ Shortlist အလုပ်ခံရတယ်ဗျ။ Top 10 ပဲဝင်ခဲ့တယ်။ ဆုတော့ မရခဲ့ပါဘူး။ ပထမဆုက ၃၀၀ဆိုတော့ လိုတော့လိုချင်မိသား၊ ဘိုင်ပြတ်နေတာကြာပြီ။ Part Time အလုပ်မလုပ်တော့ကတည်းကပေါ့။ ပြန်လုပ်ဖို့စိတ်ကူးရှိပေမဲ့ အကောင်အထည်မဖေါ်ဖြစ်သေးဘူး။
ပိုက်ဆံမရှိတော့လည်း စိတ်ညစ်ရတယ်။ သူငယ်ချင်းတွေကြား ပိုက်ဆံမရှိဘူး ညည်းရင် နင်ကမိဘနဲ့နေနေပြီးတော့ အော်မနေနဲ့တဲ့။ မိဘနဲ့နေတော့ မိဘကို ဟိုဟာဖိုးဒီဟာဖိုးလိမ်ပြီး ပိုက်ဆံပို့ခိုင်းလို့မရဘူးပေါ့ဗျ။ အခုကျောင်းပိတ်ရက်မှာ ရန်ကုန်ပြန်မယ် ခရီးလျှောက်သွားမယ်လို့ အားခဲ့ထားပေမဲ့ Final Year Project ကမပြီးသေးတော့ သွားလို့ရတော့မယ်မထင်ဘူး။ ကယ်ကြပါအုန်းဗျာ၊ Website တစ်ခုရယ်၊ Application တစ်ခုရယ် Hardware Model တစ်ခုရယ်ဆောက်ရအုန်းမယ်။ နောက်တစ်နှစ်တော့ ထပ်ပြီးမသယ်သွားချင်တော့ဘူး။
ဘာလိုလိုနဲ့ နောက်ဆုံးနှစ်လည်းရောက်လာပြီ နောက်နှစ် ဒီအချိန်ဆို သာဂိတို့ စစ်ထဲမှာ လုံးပန်းနေလောက်ပြီ သေနတ်တကားကားနဲ့ ဟားဟား။ နိုဝင်ဘာလနဲ့ မတ်လမှာ NAPFA ဖြေရမယ်။ National Physical Fitness Award ကိုအတိုကောက်ခေါ်တဲ့ NAPFA ဆိုတာ စကာင်္ပူမှာကျောင်းသားတိုင်းဖြေရတဲ့ Physical Test တစ်ခုပေါ့။ နိုင်ငံခြားသားတွေအတွက် ဘာမှမဟုတ်ပေမဲ့ PR နဲ့ စကာင်္ပူနိုင်ငံသားအမျိုးသားတွေ အတွက်တော့ အရေးကြီးတယ်ဗျ။ ၂ခေါက်တောင်ဖြေရမှာ။ အဲ့Test မှာရွှေဒါမှာမဟုတ် ငွေရရင် NS ကို၂နှစ်အစား ၁နှစ်နဲ့ ၁၀လပဲဆင်းရမယ်။ ပထမဆုံး ၈ပတ်မှာလုပ်တဲ့ Physical Training ကိုလွတ်ငြိမ်းခွင့်ရတယ်ပေါ့ဗျာ။ အဲ့အတွက် Training လုပ်မယ်ဆိုပြီး ကြံနေတာလည်းကြာပြီ။ အမေခဏခဏပြောသလိုပဲ ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီးရောက်နေတာပေါ့။
Evening Dusk.
Published by မောင်သာဂိ in photosBolts and Nuts
Published by မောင်သာဂိ in photos, thoughtsနှောင်းနွေဆုံမှတ် (SP Post Burmese Thingyan Celebration)
Published Sunday, August 2, 2009 by မောင်သာဂိ in SP, thoughtsအခုပဲ အိမ်ကိုပြန်ရောက်တယ်။ မနက်၈နာရီခွဲလောက် ရောက်သွားပြီးကတည်းက Convention centre မှာတက်လိုက် ဆင်းလိုက်နဲ့ အဲ့တဝိုက်ကိုလည်း ပတ်ပြီးတော့ မှတ်တမ်းတင်လိုက်တာ ည၉ နာရီထိုးခါနီးမှပဲ ပြီးတော့တယ်။ ဓာတ်ပုံ ၁၂၀၀ကျော် ရိုက်ဖြစ်ခဲ့တယ်။ ဘယ်နှပုံ အကောင်းပါမယ်မသိဘူး နောက်မှပဲ သေချာစီစစ်ပြီး တင်တော့မယ်။ပုံတွေ လိုချင်တယ်ဆိုရင် ကျနော့ကို e-mail လိပ်စာလေးပေးထားခဲ့ကြပါ။ ပုံတွေ ပို့ပေးပါမယ်။
အခုတော့ Rehersal မှာရိုက်လာတဲ့ ပုံနည်းနည်းနဲ့ပဲ ကျေနပ်လိုက်ကြအုန်း
DIY Ultimate Bounce Card
Published by မောင်သာဂိ in DIY, guide, TutorialABBC လို့အတိုကောက်ခေါ်တဲ့ abetterbouncecard.com မှာလုပ်ပြထားတဲ့ Ulitmate Bounce Card တစ်ခုကို လုပ်ကြရအောင်။ ပထမဆုံး သူလုပ်ပြထားတာကို ကြည့်ရအောင်။
Video ထဲမှာသူသုံးသွားတာ ဘာပစ္စည်းတွေလည်းတော့ မသိဘူး ကျနော်ကတော့ Construction Paper အမဲရောင်နဲ့ ဒီ Inkjet ဓာတ်ပုံစာရွက်ကိုသုံးထားတယ်။
အဲ့စာရွက်မှာ နှစ်ဖက်ပါတယ် ပြောင်နေတဲ့ Glossy ဖက်ရယ် Matte ဖက်ရယ်၊ ကျနော်တို့သုံးမှာက Matte ဖက်ကို သုံးမှာပါ။ ပထမဆုံး အဲ့စာရွက်မှာ ပုံမှာပြထားတဲ့အတိုင်း အနားကနေ တစ်လက်မစီခွာပြီးတော့ လိုင်းနှစ်ခုဆွဲလိုက်ပါ။ ပြီးတော့ လိုင်းတွေချယ်ထားတဲ့နေရာကို ညှပ်ထုပ်လိုက်ပါ။
![]() | ![]() |
အောက်မှာ ချန်ထားခဲ့တဲ့နေရာက စောစောညှပ်ထားတဲ့ စာရွက်အဖြူနဲ့ အတိဖြစ်နေရမှာပါ။
![]() | ![]() |
သူ့ Video ထဲမှာပြထားသလို ခါးပတ်လေးမပါတော့ နေရပြောင်းရတာ နည်းနည်းတော့ အခက်အခဲရှိပါလိမ့်မယ်။ 0 comments