ကျောင်းပိတ်ချိန်

ကျောင်းပိတ်ချိန် ဆိုလို့ သာဂိတို့ကျောင်းတွေပိတ်ပြီး အားနေပြီတော့မထင်ပါနဲ့ စာမေးပွဲဖြေနေရတုန်းပါ။ တစ်ဘာသာကျန်သေးတယ် သောကြာနေ့ဖြေဖို့။ လောလောဆယ်တော့ ၂ခုဖြေပြီးသွားပြီ အခြေအနေကတော့ မဆိုးဘူးပဲပြောရမလား မကောင်းဘူးပဲပြောရမလားတော့မသိဘူး။ သူတို့မေးချင်တာမေးတာကို ဖြေချင်တာတွေဖြေလာခဲ့တယ်။ ဆရာပေးသလောက်ပေါ့ အမှတ်ကတော့။
ကျောင်းကလူ တော်တော်များများတော့ စာမေးပွဲတွေပြီးကုန်ကြပြီ၊ ရန်ကုန်ပြန်တဲ့လူကပြန် မပြန်တဲ့လူတွေကလည်း Project တွေလုပ် အချိန်ပိုင်းအလုပ်တွေလုပ်နဲ့ ဒီ၆ပတ် ကျောင်းပိတ်ရက်ကို ကျော်ဖြတ်ကြရတော့မယ်။

ဒီ၆ပတ်အတွက်ကျနော်အစီအစဉ်ကတော့-
FYP လုပ်ရမယ်၊
Part-time အလုပ်ပြန်ရှာရမယ်၊
စကိတ်စီး ကျင့်မယ်၊
ဓာတ်ပုံတွေ အများကြီးလျှောက်ရိုက်မယ်၊
NAPFA ဖြေဖို့လေးကျင့်ခန်းလုပ်ရမယ်။

Part-time အလုပ်အတွက်ကို အရင်လုပ်တဲ့ ဘားမှာပဲသွားပြန်လုပ်ရင် ကောင်းမလား၊ Photographer's Assistant သွားလုပ်ရင် ကောင်းမလား စဉ်းစားနေတယ်။ လျှောက်တော့ လျှောက်ထားတယ် ရရင်တော့ သွားလုပ်ချင်တယ် အတွေအကြုံ ရအောင်လို့။

ကျနော့်သူငယ်ချင်း တချို့တွေမြန်မာပြည်ကို ပြန်ကြမယ်တဲ့။ အစကကျနော်လည်း ပြန်မယ်လို့စိတ်ကူးတာပဲ၊ ဒါပေမဲ့ FYP ကမပြီးတာနဲ့၊ ပိုက်ဆံမရှိတာနဲ့ပဲ မပြန်ဖြစ်တော့ဘူး။ နောက်နှစ်ကျောင်းပြီးတဲ့အချိန် NSထဲမဝင်ခင်ကျမှပဲ ပြန်ဖြစ်တော့မယ်ထင်တယ်။ NSထဲဝင်တယ်ဆိုမှ NAPFA ဖြေဖို့လည်း လုပ်ရအုန်းမယ်။ အနည်းဆုံး ငွေလောက်ရအောင်တော့လုပ်ရမယ်။ သြော်စိတ်ညစ်တယ်... လောလောဆယ်တော့ သောကြာနေ့ဖြေဖို့ စာလုပ်လိုက်အုန်းမယ်။

Read more


1 comments:

  1. @tMozzis

    စာမေးပွဲ မပြီးခင် ကြိုပြောထားလိုက်မယ်။ "Happy Holiday" =D

     

Post a Comment

 
TharGi. Get yours at bighugelabs.com
Creative Commons License.