အခုပဲ အိမ်ကိုပြန်ရောက်တယ်။ မနက်၈နာရီခွဲလောက် ရောက်သွားပြီးကတည်းက Convention centre မှာတက်လိုက် ဆင်းလိုက်နဲ့ အဲ့တဝိုက်ကိုလည်း ပတ်ပြီးတော့ မှတ်တမ်းတင်လိုက်တာ ည၉ နာရီထိုးခါနီးမှပဲ ပြီးတော့တယ်။ ဓာတ်ပုံ ၁၂၀၀ကျော် ရိုက်ဖြစ်ခဲ့တယ်။ ဘယ်နှပုံ အကောင်းပါမယ်မသိဘူး နောက်မှပဲ သေချာစီစစ်ပြီး တင်တော့မယ်။ပုံတွေ လိုချင်တယ်ဆိုရင် ကျနော့ကို e-mail လိပ်စာလေးပေးထားခဲ့ကြပါ။ ပုံတွေ ပို့ပေးပါမယ်။
အခုတော့ Rehersal မှာရိုက်လာတဲ့ ပုံနည်းနည်းနဲ့ပဲ ကျေနပ်လိုက်ကြအုန်း
The Official Videographer.
The Performance IC
Sutomo Singing Thingyan Moe
Manager နဲ့ အလုပ်သမား
အမေနဲ့သား
The Traditional Dance With A Twist Of Modern Taste.
SP ပွဲကိုရောက်ခဲ့တယ်။ တစ်ယောက်တည်း ငူငူကြီးထိုင်တာ ကိုယ်ပဲ။ ပွဲလေးက တော်တော်လေး အဆင်ပြေပါတယ်။ ပုံတွေ ကြည့်ချင်ပါသေးတယ်။ ပုံတွေပို့ပေးပါ့မယ်ဆိုတာ ၁၂၀၀ လုံးတော့ မလုပ်ပါနဲ့။ ဒီမှာပဲ ကောင်းနိုးရာရာတွေကို slide show လုပ်တင်ထားပါလား။
ဟုတ်ကဲ့ အမရေ။ တင်မှာပါ။
ဘယ့်နှယ် အမရေတုန်း။
မြင့်မြင့်မြင်တာနဲ့ နာ့ကို အမထင်ရောလား။
ခင်မင်လျက်
ခမမ
ဟားဟား ဟုတ်ပါ့ဗျာ။ Blogger Profile မှာ Male ဆိုပြီးရေးထားတာကို မတွေ့မိတာ။ ခပ်မြင့်မြင့်ကို ခက်မြင့်မြင့်ဆိုတဲ့ မိန်းခလေးနာမည်ထင်လိုက်တာ။ ဟဲဟဲ ဆောတီးဗျာ။