I'm Back! And I'm gonna be gone again soon...

Blog မှာ post မတင်ဖြစ်တာတောင် အတော်ကြီး ကြာသွားပြီ။ ကျောင်းပြီးသွားတော့ ဟိုနားယောင်လိုက် ဒီနားယောင်လိုက်နဲ့ အလေလိုက်နေမိတာလည်း ကြာပြီ။ သူများတွေလည်း ကျောင်းစတက်တဲ့ လူတွေလည်းတက် အလုပ်ရတဲ့လူတွေလည်း ရပြီးအလုပ်တွေလုပ်လို့။

ကျနော်ကတော့ NS ဝင်ရမှာဆိုပြီးတော့ ဘာဆိုဘာမှ မလုပ်ပဲ နေနေလိုက်တာ နောက် ဒုတိယမြောက် တနင်္လာနေ့ September 13ဆို NS ထဲဝင်ရတော့မယ်။ တနင်္လာနေ့မနက် အစောကြီး Pasir Ris ကနေ မော်တော်ဘုတ်လေးစီးပြီးတော့ Pulau Tekong ဆိုတဲ့ကျွန်းကိုသွားပြီးတော့ စရတော့မယ်။

ဒီကြားထဲမှာ Blog မှာ မတင်ဖြစ်ပေမဲ့ Flickr မှာတော့ ဓာတ်ပုံတွေ တင်ဖြစ်တယ်။ သွားကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link မှာသွားကြည့်လို့ရတယ်။

ဒီနှစ် SP Myanmar Cultrual Show ကိုလည်း ဓာတ်ပုံရိုက်ဖြစ်သေးတယ်။ အခုလောလောဆယ်တော့ ဓာတ်ပုံတွေကို Facebook မှာပဲတင်ရသေးတယ်၊ ကြည့်ချင်ရင် ဒီ Link ကနေသွားကြည့်လို့ရတယ်။ ရိုက်ခဲ့တဲ့ပုံအားလုံးရဲ့ တစ်ဝက်လောက်ပဲတင်ရသေးတယ်။ ကျန်တာတွေကိုတော့ NS ထဲမသွားခင်မှာ အပြီးလုပ်မယ်လို့ လျာထားတယ်၊ ပြီးမပြီးကတော့ စောင့်ကြည့်ရတော့မှာပေါ့။



မြန်မာပြည်ကို ခဏပြန်သွားတုန်းက အင်းလေးမှာ ရိုက်လာတဲ့ အပေါ်ကပုံလေးကို ကိုယ့်ဟာကိုယ် Wallpaper လုပ်ကြည့်ရင်းနဲ့ သဘောကျတာနဲ့ အကုန်လုံးနဲ့ ဒီမှာပြန်ပြီးတော့ မျှဝေလိုက်တယ်။ ဒီ Link မှာ သွားပြီးတော့ Download လုပ်လို့ရတယ်။
Resolutions တွေကတော့ Desktop နဲ့ Laptop တွေအတွက် 1080p Full HD ကနေပြီးတော့ 1024x576 အထိပါတယ်၊ ပြီးတော့ iPhone4 အတွက် သက်သက် 640x960 resolutionပါ ပါသေးတယ်။

Read more

0 comments

Splash!


Taken awhile back in august 2009. Using a SB-800 flash borrowed from a friend.

Camera Nikon - D90
Lens - Nikkor 18-105
Exposure - 1/200 sec
Aperture - f/9
Focal Length - 105mm
ISO - 200
Flash- SB800 fired from left of the camera.

Increased Contrast and Cropped in Aperture.
Framed in Photoshop.
View On Black

Hit Read More for Metadata

Read more

0 comments

Bullleh!



Taken with the reverse mounted 50mm. with f/16, 6 sec exposure.

Read more

0 comments



Testing my newest baby, Tokina 11-16mm f/2.8. UWA Rock!

Read more

0 comments

ကျနော့်အိမ်ကနေ မြင်ရတဲ့နေဝင်ချိန်။


Read more

0 comments

Sunset

Read more

1 comments

This Way

Read more

0 comments

The Elgin Bridge

A Little History first >.<

Elgin Bridge, the First Bridge to be built across the singapore river. Named after Lord Elgin, Governor-General of India. It divides the South Bridge Road and the North Bridge Road.



It's a combination of 3 two seconds shots taken with 18-105mm on a D90. Mounted on a tripod at knee level. Raw files are combined using Image Overlay Function in Camera.

Post processing is done using Aperture and Photoshop softwares. Cross processed, adjusted contrast, color, saturation and vibrancy.

This is the first of the light trail photos. I've got a couple of them so i'll be post them in a few days.

For higher resolution click on the photo. For the highest resolution check out my Flickr.




Read more

0 comments

Oh! That was '09

ဘာမှ မရေးဖြစ်တာလည်း ကြာပြီ။ အလုပ်ရှုပ် နေတာရယ် ပျင်းနေတာရယ်နဲ့ပဲ။2010ရဲ့ ပထမဆုံးပိုစ့်ပေါ့၊ ဘာရေးရင် ကောင်းမလည်းမသိဘူး။

ပြီးခဲ့တဲ့ အပတ်ကပဲ ကျနော်တို့ကျောင်းက Open House နဲ့ SPinnovex ပြပွဲလုပ်ပြီးသွားတယ်။ ကျနော်တို့ရဲ့ FYP project လေး ပြပွဲဝင်လိုက်ရတယ်ဗျ၊ ပြခန်းထဲမှာ ထိုင်ပြီးလာကြည့်တဲ့သူတွေ မေးတာကိုဖြေလိုက်၊ ဂိမ်းဆော့လိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အချိန်ဖြုန်းနေတာ ၇ရက်နေ့ကနေ ၉ရက်အထိ သုံးရက်လုံးပဲ။ ဒီလိုနဲပဲ့ ကျောင်းပြီးဖို့ ၂လလောက်ပဲလိုတော့တယ်။ နောက်လမှာ NAPFA test လည်းဖြေရမယ်။ပြီရင် ၂နှစ်လောက်တော့ စစ်သားသွားလုပ်ရအုန်းမယ်။

၂၀၀၉ ခုကြီးကုန်သွားလို့ ကိုယ့်ကိုယ်ကိုကိုယ်ပြန်ပြီး စဉ်းစားကြည့်မိတယ်ဗျ ဘာတွေများထူးလာလည်းလို့။ အသက်တစ်နှစ်ပိုကြီးသွားတယ်တာရယ် ပိုဝလာတာရယ်ကလွဲပြီး ဘာမှ အထွေအထူးမရှိခဲ့ဘူးလိုပဲ။

ဝါဿနာပါတဲ့ ဓာတ်ပုံရိုက်ချင်းကို လေ့လာဖြစ်ခဲ့တယ်။ ကျောင်းက သင်္ကြန်ကပွဲမှာ ဓာတ်ပုံလိုက်ရိုက်ပေးဖြစ်ခဲ့တယ်၊ ပုံ ၁၅၀၀နီးပါလောက် ရိုက်ခဲ့ပြီးမှ Post Processing လုပ်ရမှာပျင်းနေတာနဲ့ အခုထိဓာတ်ပုံတွေ အကုန်မထွက်သေးဘူး။ တစ်ခေါက်တော့ ကျောင်းကလုပ်ပေးတဲ့ပြိုင်ပွဲမှာ TOP 10 ဝင်လိုက်သေးတယ်။ ဘာမှမဟုတ်ပေမဲ့ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေကို ကိုယ်ပြန်ကြည့်ပြီတော့ ကျေနပ်နေတာပဲ။အဖေကတော့ Camera ကြီးကိုဝယ်ပြီး သေချာစည်းကမ်းတကျ မသိမ်းလို့ဆိုပြီး ခဏခဏ ဆူဆဲနေတုန်းပဲ။

အမေကတော့ ခဏခဏပြောတယ် "နင်ဆိုတဲ့ကောင်က ရေတက်ငါးစင်ရိုင်း" တဲ့ စိတ်ပါတဲ့အချိန်လေးပဲ လွန့်လွန့်လူးနေပြီးတော့ ခဏကြာရင် ပြစ်ပြစ်ထားတယ်တဲ့။ အခုလောလောဆယ်မှာတော့ Extreme Sport တွေကိုအထူးတလည်စိတ်ဝင်စားမိနေတယ်။ Motor X, Skateboarding, BMX နဲ့ Rally Racing တွေပေါ့။ Skateboard တစ်ခုကို လက်ထဲရှိတဲ့ပိုက်ဆံ အကုန်ပေးပြီးဝယ်ခဲ့တယ်၊ Trick တွေကိုကျင့်မယ်ကျင့်မယ်နဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပဲ မလုပ်ဖြစ်ခဲ့ဘူး။ သူများတွေစီးထားတဲ့ Videoတွေကို ကြည့်ပြီးတော့ အားကြနေတာနဲ့ပဲ ပြီးနေတာပဲ။ ကိုယ့်ဟာကိုကိုယ်တော့ Ollie ကိုရပ်နေတုန်း ခုန်တာကလွဲပြီး ဘာမှမလုပ်တတ်သေးဘူး။

မိသားစုနဲ့ထိုင်းကို ခရီးသွားဖြစ်ခဲ့သေးတယ်။ ကျနော်မှတ်မိသလောက်တော့ ဒါပထမဦးဆုံးအကြိမ် မိသားစုလေးယောက် ခရီးထွက်ဖူးတာပဲ၊ ကျနော်ငယ်ငယ်က အဖေကစလုံးမှာဆိုတော့ အမေနဲ့ ညီအကိုနှစ်ယောက်နဲ့ပဲ ခရီးသွားဖြစ်ကြတာ။ ၁ပတ်လောက်ကို Pattya နဲ့ Bangkok ပတ်ခဲ့တယ်။ အဲ့တုန်းကရိုက်ခဲ့တဲ့ပုံတွေလည်း အခုထိ Process မလုပ်ရသေးတာအများကြီးပဲ။

ပြန်စဉ်းစားရရင် ၂၀၀၉ က Process မလုပ်ရသေးတဲ့ ဓာတ်ပုံ တစ်ပုံတစ်ပင်နဲ့ အမှတ်ရစရာတွေ ပျော်စရာတွေ၊ အဆုံးမသတ်ဖြစ်တဲ့ ဟိုတစ်စ ဒီတစ်စ အရာတွေနဲ့ အပြည့်ပေါ့ဗျာ။ အခု ၂၀၁၀မှာလည်း ဘယ်လိုလာအုန်းမလည်းဆိုတာ ကြည့်ကြတာပေါ့။

Read more

0 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.