Skateboarding

အခုရက်ပိုင်း Youtube ထဲမှာကြည့်ပြီးတော့ Skateboard ပြန်စီးချင်စိတ်တွေ တစ်ဖွားဖွားနဲ့ ပြန်ပေါ်လာတာနဲ့ ဒီနေ့သွားဝယ်ဖြစ်ခဲ့တယ်။ အရင်ဝယ်ထားတဲ့ အဟောင်းက ဘယ်ကိုရောက်သွားမှန်းမသိ ပျောက်ချင်းမလှ ပျောက်သွားရှာတယ်။ Skateboardကို ဒီလိုပဲ စီးတတ်တယ်ဆိုရုံလေးစီးတတ်တာပါ၊ trick တွေတော့ တစ်ခုမှမလုပ်တတ်သေးဘူး။ Click Read more for Prices.
အရင်တုန်းကဝယ်ထားတဲ့ board ကစင်ပြီးသား Complete set ကိုဈေးပေါပေါနဲ့ဝယ်ထားတာ၊ ဒီတစ်ခေါက်တော့ ကိုယ့်ဟာကိုယ်စင်မယ်ဆိုပြီးတော့ သွားလိုက်တာ၊ ဟိုဟာတတ် ဒီဟာစင်နဲ့ ၂၄၀ ကျော်သွားကော။ ဒါပေမဲ့ ဆိုင်ကလူကြီးက သဘောတွေကောင်းပြီး ၂၁၈ နဲ့ပေးလိုက်တယ်။
ဝယ်ခဲ့တဲ့ ပစ္စည်းတွေက-
Zoo York Photo Incentive Deck $85
Independent 129mm 7.75" Raw Truck $65
53mm Wheels (dun noe the brand) $42
Bones Bearing $35
Hardware Magic Bolts $8
Black Rubber Riser $8
Total $243

အခု Skateboard လည်းရှိပြီးဆိုတော့ Ollie လို့ခေါ်တဲ့ Trick ကိုစပြီးတော့ စမ်းကြည့်မယ်လို့ စိတ်ကူးတယ်။ Ollie ဆိုတာက Skateboard ကိုလက်နဲ့ မကိုင်ပဲနဲ့ လေပေါ်ကိုပါလာအောင် ခုန်တာပါ။ ဘယ်လိုလုပ်ရတယ်ဆိုတာကိုတော့ အောက်က Video မှာပြထားတဲ့ အတိုင်းပဲ လုပ်ကြည့်ရမှာပဲ။

Read more


0 comments:

Post a Comment

 
TharGi. Get yours at bighugelabs.com
Creative Commons License.