I believe i can fly ~~

Read more

1 comments

Graduation 2009!

၂၆ကနေပြီးတော့ ၂၉ အထိကျောင်းမှာ Graduation Ceremony လုပ်တယ်။ ဒီနေ့တော့ EEE ကျောင်းက Seniorတွေကို ဓာတ်ပုံတွေသွား ရိုက်ပေးလိုက်သေးတယ်။ DEEE ကဆုတွေအများကြီး ရထားတဲ့လူနဲ့ ရှိသမျှ Module ၃၃ခုလုံးကို Distinction ရတဲ့ DECကလူကော၊ သူများတွေကို ကြည့်ပြီးတော အားကျ သရေကျခဲ့တယ်။
ဓာတ်ပုံတစ်ချို့ကိုတော့ တင်ထားတယ် ကြည့်ချင်ရင် more ကို clickလိုက်။

စီနီယာတွေ
Principle နဲ့

Graduate အတုတွေ

Read more

1 comments

အိမ်ရောင်း အိမ်ဝယ်...

စင်္ကာပူမှာ အိမ်ရောင်း အိမ်ဝယ်တာများ တစ်ကယ်စိတ်ညစ်ဖိုကောင်းတယ်။ ရှုပ်နေတာပဲ၊ ရောင်းမယ်ဆိုရင်လည်း အိမ်ဝယ်ဖို့ လာကြည့်တဲ့လူတွေအကုန်လုံးကို ထိုင်စောင့်ပေးရတာနဲ့ ဝယ်မယ့်လူက ကြိုက်ပြီဆိုရင်လည်း condition တွေကို ဆွေးနွေးရတာနဲ့ နောက် ပွဲစားခလည်း အများကြီးပေးရသေးတယ် နောက်ဟိုဟာကြေး ဒီဟာကြေး ကလည်း ရှိသေးတယ်။
ဝယ်မယ်ဆိုလည်း မစားသာဘူး ပွဲစားခရယ် နောက်ဟိုဟာကြေး ဒီဟာကြေးတွေပေးရတာနဲ့ နောက်ကိုယ်နဲ့ ကိုက်တဲ့အိမ် ကိုယ်ကြိုက်တဲ့ အိမ်မတွေ့မချင်း လိုက်ရှာပေတော့။ ပြန်ရောင်းပြီးမှ ဝယ်မယ်ဆိုရင် ကိုယ့်အိမ်ရောင်းပြီး ဆင်းပေးရမဲ့ အချိန်နဲ့ ဟိုဖက်ကဝယ်ပြီးတော့ တက်နေလို့ရတဲ့အချိန် မကိုက်ကိုက်အောင်လုပ်နိုင်မှ မလုပ်နိုင်ဘူးဆိုရင် သေကော၊ ပြောင်းပေးပြီးတော့ အပြင်မှာ ပြန်ငှားနေပေတော့။

သြော်.. အားလုံးကို ရှုပ်နေတာပဲ။

Read more

0 comments

ကင်မရာဝယ်မယ်ဆိုရင်..

အခုနောက်ပိုင်း ကျနော်တို့သူငယ်ချင်းတွေကြားမှာ ကင်မရာဝယ်တဲ့လူတွေ များလာကြတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ကင်မရာဝယ်တော့ မယ်ဆိုရင် စဉ်းစားရမဲ့ ဟာလေးတွေကို ပြောပြချင်လို့။ ကျတော်လည်း သိလွန်းတတ်လွန်းနေလို့တော့ မဟုတ်ပါဘူး၊ ကျနော်မဝယ်ခင်က လိုက်ဖတ်ထား ကြည့်ထားတာလေးတွေကို ပြန်ပြောပြချင်လို့ပါ။

ပထမဆုံးကင်မရာဝယ်မယ်ဆိုရင် စဉ်းစားရမှာက ငါဘယ်လိုကင်မရာ အမျိုးအစားကို ဝယ်မလည်းဆိုတာကို စစဉ်းစားရပါမယ်။ PnS လို့အခေါ်များတဲ့ Point and Shoot လား Prosumer လို့ခေါ်တဲ့ PnS ထက်ပိုပြီးတော့ Function ပိုပါပေမဲ့ Lens ပြောင်းလို့ မရတဲ့ဟာလား၊ DSLR လို့ခေါ်တဲ့ Digital Single Lens Reflex ကင်မရာလားဆိုတာကို စဉ်းစားရပါမယ်။
တော်တော်များများမေးတတ်တဲ့မေးခွန်းက PnS နဲ့ DSLR ဘာကွာလည်းတဲ့၊
ကျနော်နားလည်သလောက် ပြောပြရမယ်ဆိုရင်တော့

DSLR က Dynamic Range လို့ခေါ်တဲ့ အရောင်ကိုပြနိုင်တဲ့ Range ပိုများတယ် အရောင်တွေက ပိုပြီးတော့ စိုတယ်ပေါ့။ နောက်တော့ Camera ရဲ့ setting တွေကို Manually ထိန်းလို့ရတယ်ပေါ့ ဥပမာ Exposure, Aperture, ISO စသည်ဖြင့်ပေါ့။ နောက်တစ်ခုက Lens တွေ ပြောင်းတပ်လို့ရတယ်၊ အခြေအနေပေါ်မှာ မူတည်းပြီးတော့ Wide Angel, Micro, Telephoto, Fish Eye စသည်ဖြင့် Lens အမျိုးမျိုး ကိုပြောင်းတပ်လို့ရတယ်။
Prosumer ကတော့ DSLR လောက်နီးပါး setting တွေကို ပြောင်းလို့ ရပေမဲ့ Lens ကိုပြောင်းတပ်လို့မရဘူး။
ကိုယ့်ရဲ့ Budget ပေါ်မှာလည်း မူတည်သေးတာပေါ့။ ဝါသနာ တစ်ခုအတွက် ပိုက်ဆံ ၁၅၀၀-၂၀၀၀ လောက်အကုန်ခံနိုင်လားဆိုတာကို ပထမဆုံးစဉ်းစားပေါ့။
၁၅၀၀-၂၀၀၀ဆိုတာ အစပါ။ နောက်မှ Lens တွေဝယ်ရင် Lens တစ်လုံးကို ၃၀၀ ကနေ ၃၀၀၀ လေးထောင်အပြင် ၇၀၀၀ ၈၀၀၀ ရှိတဲ့ Lens တွေလည်း ရှိတယ်ဗျ။ မသေချာသေးဘူး ဆိုရင်တော့ Prosumer Range ထဲကပဲအရင် ဝယ်ပြီးတော့ ရိုက်ကြည့်ပေါ့ တကယ်ဝါသနာပါတယ် ဆိုမှ DSLR ကိုပြောင်းသုံးပေါ့။

DSLR ကိုဝယ်တော့မယ်ဆိုတာကို သေချာသွားပြီဆိုရင်စဉ်းစားရမှာက ဘယ် Range ထဲကဟာကို ဝယ်မလည်းဆိုတာရယ် ဘယ် Brand ကို ဝယ်မယ်ဆိုတာပါပဲ။ Range တွေကတော့ Entry Level, Mid Range နဲ့ Professional ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ အမျိုးအစား မတူသလိုပဲ ဈေးကလည်း ကွာပါတယ်၊ Entry Level ရဲ့ Price Range က ၈၀၀ ကနေ ၂၀၀၀ အထိရှိပြီး Mid Range ကတော့ ၂၀၀၀ ကနေ ၅၀၀၀-၆၀၀၀ လောက်အထိရှိတတ်ပါတယ် Professional တွေကတော့ သောင်းဂဏန်းအထက်မှာ ရှိပါတယ်။

Brand တွေမှာ အသုံးအများဆုံးကတော့ Canon နဲ့ Nikon ပါပဲ။ Olympus, Fujiflim နဲ့ Sony တွေလည်းရှိပေမဲ့ လူသုံးသိပ်မများပါဘူး။ ဘယ် တံဆိပ်ပိုကောင်းလည်း မေးရင်တော့ ကိုယ့်ရဲ့ personal preference ပါပဲ၊ Canon နဲ့ Nikon ကို ယှဉ်ပြထားတာကို
ဒီမှာ ကြည့်နိုင်ပါတယ်။ အကောင်းဆုံးကတော့ မဝယ်ခင်မှာ ဆိုင်ကို အရင်သွားကြည့်ပြီးတော့ ကိုင်ကြည့် စမ်းရိုက်ကြည့်ပြီးတော့မှ ကိုယ်နဲ့ကိုက်မယ်ထင်တဲ့ ဟာကိုဝယ်ပေါ့။
Canon ရဲ့ Entry Level Camera တွေက 450D, 1000Dနဲ့ 500D တွေရှိပြီးတော့
Nikon က Entry Level Camera တွေက D60, D5000နဲ့ D90 တွေရှိတယ်။

သတိပြုဖို့က Nikon ရဲ့ Entry Level ထဲက ပထမ ၂ခု D60 နဲ့ D5000 က Internal Focus Motor မပါဘူး အဲ့တော့ Lens ကို ဝယ်ရင် AF-S Lens ကို ဝယ်မှ Auto Focus ကိုသုံးလို့ရတယ်။ D60 က Live Viewလို့ခေါ်တဲ့ Monitor ကိုကြည့်ပြီးရိုက်လို့ရတဲ့ Functionမပါပါဘူး D5000 က Live View အပြင်ကို Monitor ကို အပြင်ဆွဲထုတ်ပြီးတော့ လှည့်လို့ရပါတယ်။
Canon ကတော့ သုံးခုလုံးမှာ Live View ရော Focus Motor ပါပါတယ်။
D90 နဲ့ 500D က HD quality ရှိတဲ့ရုပ်ရှင်ရိုက်လို့ရပါတယ်။ DSLR နဲ့ ရုပ်ရှင်ရိုက်လို့ရတာ ပထမဆုံးပေါ့။ Limit တွေတော့ ရှိပါတယ်။ D90 က 720p HD ပဲရတယ် ပြီးတော့ ရုပ်ရှင်ရိုက်ရင် Auto focus ကအလုပ်မလုပ်တာ စတဲ့ အားနည်းချက်တွေတော့ ရှိတယ်။

ပြီးတော့ review တွေဖတ်ပါ။ ကိုယ်ဘာကို ဘာဝယ်ချင်တယ်ဆိုတာ မသေချာရင် အင်တာနက်မှာ review တွေကို လိုက်ဖတ်ပါ။
www.dpreview.com က review တွေက တော်တော်စုံပါတယ်။

နောက်တော့ မဝယ်ခင်မှာ ဈေးကို သေချာ စုံစမ်းပါ။ ဖြစ်နိုင် ရင်တော့ Sim Lim square ကိုရှောင်ပါ၊ အဲ့ကဆိုင်တွေက ၀ါးချမယ်ဆိုတာချည်းပဲ။ ဒီ
CLUB SNAP ဖိုရမ်မှာ စင်ကာပူကဈေးတွေကိုသွား စစ်ကြည့်လို့ရပါတယ်။ ပြီးတော့ အောက်ကဆိုင်တွေက reputation ကောင်းတယ် ဈေးမှန်တယ်လို့ ဖိုရမ်တွေမှာ သူများတွေ ပြောတဲ့ဆိုင်တွေပါ။ သူများတွေက ကောင်းတယ် ပြောပေမဲ့လည်း ကိုယ့်အလှည့်မှာ ကောင်းမယ်လို့ သေချာတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ တခြားဆိုင်တွေထက် စာရင်ပိုပြီးတော့ စိတ်ချရတယ်ပေါ့။
ပြီးတော့ နောက်တစ်ခုက Court, Harvey Norman, Audio House စတဲ့ဆိုင်ကြီးတွေက Recommended Retail Price ဆိုတဲ့ Canon သို့မဟုတ် Nikon တို့က သတ်မှတ်ပေးထားတဲ့ဈေးနဲ့ရောင်းကြတာ၊ အောက်က ဆိုင်တွေကကြတော့ Street Price နဲ့ရောင်းတာဖြစ်တဲ့အတွက် ဈေးအနည်းငယ်သက်သာပါတယ်၊ အနည်းငယ်ဆိုပေမဲ့ ၂၀၀ လောက်ပေါ့။


AP - Alan Photo, #01-38 Sim Lim Square, Tel: 6336 0922, e-mail: alanfoto@singnet.com.sg
AP-F - Alan Photo, #05-20 Funan Digitalife Mall, Tel: 6883 0922, e-mail: alanfoto@singnet.com.sg
CP - Cathay Photo, #01-11/14 Peninsula Plaza, Tel: 6337 4274, e-mail: email@cathayphoto.com.sg
CP-M - Cathay Photo, #02-215/216 Marina Square, 6 Raffles Boulevard, Tel: 6339 6188, e-mail: email@cathayphoto.com.sg
John - John 3:16, #05-46 Funan Digitalife Mall, Tel: 6337 2877 / 6337 1897, e-mail: richardgan@pacific.net.sg
Lord's - Lord's Camera, 304 Orchard Road #01-79 Lucky Plaza, Tel: 6235 4605, e-mail: lordscom@singnet.com.sg
Max - Max Photo - 53 Ang Mo Kio Ave 3 #B2-11 Ang Mo Kio Hub Singapore 569933 Tel: 6483 3368
MS - MS Colour, Block 711 Ang Mo Kio Avenue 8, #01-3501C, Tel: 6457 6380, e-mail: sales@mscolor.com.sg, web e-quote
MS-O - MS Colour Outlet - 53 Ang Mo Kio Ave 3, AMK Hub #02-24, Tel: 6452 2828
OP - Orient Photo, #06-53/31 Sim Lim Square, Tel: 6339 1035, e-mail: sales@orientfoto.com.sg
Mustafa - Mustafa Centre, 145 Syed Alwi Road, Singapore - 207704 Tel: +65-62955855, Fax: +65-62955866
Parisilk-N - Parisilk North - No.7 Transit Road (Outside Nee Soon Army Camp) Tel: 6452 1593
Parisilk-C - Parisilk Central - No.15A Lorong Liput (Behind Holland Shopping Centre) Tel: 6466 6002
Parisilk-E - Parisilk East - Blk 214 #01-179 Bedok Central Tel: 6441 6066
TCW - The Camera Workshop, 3 Coleman Street, #01-31, Tel: 6336 1956 / 6336 7808, e-mail: tcwkshop@singnet.com.sg
TK - T K Foto Technic, 100 Beach Rd, #02-45 Shaw Towers, Tel: 6292 4533, e-mail: sales@tkfoto.com.sg

Read more

3 comments

Testing

ATM ၏ မြန်မာ အင်္ဂလိပ် နှစ်ဘာသာ script ကို စမ်းသပ်ခြင်း



မြန်မာ|English

Read more

0 comments

စင်ကာပူ PR နဲ့ NS

အခုရက်ပိုင်းမှာ ကျောင်းကဒုတိယနှစ်ကျောင်းသားတွေစီ ICA ကပီအာလျှောက်ဖို့စာတွေပို့နေတယ်။ ဒါပေမဲ့ သူ့ဟာက Catch တစ်ခုရှိတယ်၊ အခု လျှောက်လိုက်ရင် အသက် ၁၈နှစ်ပြည့်ရင် NS ထဲဝင်ရမယ်တဲ့။ ပီအာတော့စောစောရမှာပေါ့၊ ဒါပေမဲ့ ကျောင်းပြီးရင် စစ်ထဲဝင်ရမယ်တဲ့။ အဲ့ဟာကို မတင်လိုက်ခင် စဉ်းစားကြပါလို့ ၁နှစ်လောက်ပီအာစောရတာနဲ့ စစ်မှုထမ်းပေးနေရမှာ.. ကျောင်းပြီးသွားလို့ အလုပ်ရတဲ့အခါမှ တင်ရင် လည်းရတာပါပဲ။

Read more

2 comments

My Wish list


သြော်.. ဘာလိုလိုနဲ့ နောက်ဆုံးနှစ်တောင်ရောက်လာပြီး.. သူငယ်ချင်းတွေက ပြောတယ် ငါတို့တွေ ဒီနှစ်အောင်ရင် နောက်ကို အခုလို အလေလိုက်လို့ရတဲ့ ကျောင်းသားဘဝ မရှိနိုင်တော့ဘူးတဲ့.. တကယ်လို့ University တက်ရင်လည်း ဖိအားတွေများနေပြီးတော့ အခုလိုနေနိုင်တော့မှာ မဟုတ်ဘူးတဲ့.. သာဂိတို့ကတော့ ဒီနှစ်ပြီးတာနဲ့ စစ်ထဲဝင်ရတော့မယ် ၂နှစ်.. အဲ့လိုစဉ်းစားပြီးတော့ ကုန်ခဲ့တဲ့အချိန်တွေကို နှမြောမိတယ်.. ဒါပေမဲ့လည်း နှမြောနေလိုလည်း ဘာမှ မှ မထူးတော့ တာလေလို့ ကိုယ့်ကိုယ်ကိုကိုယ် ပြန်အားပေးလိုက်ပြီးတော့ နေမြဲပဲနေလိုက်မိတော့တယ်။


ကျနော်လုပ်ချင်ခဲ့မိတာ့တွေကို ချရေးကြည့်မိတယ်..
တော်တော်များများကို တစိုက်မတ်မတ် မလုပ်ဖြစ်တော့ မပြီးတာတွေများနေတယ်..

ပထမဆုံး နံပါတ် ၁ က Drum တီးတတ်ချင်ခဲ့တယ်.. အဲ့ဒါလည်း online မှာ tutorial တွေကြည့်၊ ဟိုခေါက် ဒီခေါက်လုပ်နဲ့ မတောက် တခေါက်လုပ်ပြီတော့ အချိန်မပေးနိုင်တော့ တာနဲ့ ရိုးသွားတာနဲ့ပဲ မပြီးခဲ့ဘူး။ Drum ဝယ်ဖို့ပိုက်ဆံမရှိတာနဲ့ HDB တိုက်ခန်းမှာ တီးရင် ဘေးအိမ်ကလူတွေ ဝင်းဆဲမှာ စိုးရိမ်တာတွေ လည်းပါပါတယ်။

နံပါတ် ၂ က ဓာတ်ပုံရိုက်ချင်တယ်။ ငယ်ငယ်က digital ကင်မရာတွေ ပေါ်ခါစမှာ အဖေဝယ်ပေးခဲ့တဲ့ 1.3MP ပဲရှိတဲ့ Samsung ကင်မရာလေးစကိုင်ကတည်းက လုပ်ချင်ခဲ့တာ.. အဲ့ကင်မရာရောဂါပိုးအကြောင်း နောက်တစ်ပို့စ်ရေးအုန်းမယ်.. ရှည်ကုန်မှာစိုးလို့။

နံပါတ် ၃ က မြန်မာပြည်အနှံ ခရီးသွားချင်တယ်..
ပုဂံ၊ ညောင်ဦး၊ ပုပ္ဗါး၊
မန္တလေး၊
တောင်ကြီး၊ အင်းလေး၊ ပင်းတရ၊
ကျိုက်ထီးရိုး၊ သာမည၊
ငပလီ၊ မောင်းမကန်၊ ချောင်းသာ၊ ငွေဆောင်၊
နောက်တော့ မြစ်ဆုံ။
ချရေးရရင် ပြီးမှာတောင်မဟုတ်ဘူး.. အသွားချင်ဆုံးက ပုဂံနဲ့ မြစ်ဆုံ။

အကုန်လုံးကို ကိုယ်ပိုင် ကားနဲ့သွားပြီးတော့ ကိုယ်ရပ်ချင်တဲ့နေရာမှာရပ်လိုက် ဓာတ်ပုံလေးရိုက်လိုက်နဲ့ အေးအေးဆေးဆေးသွားချင်တာ.. ရောက်ချင်တဲ့အချိန်မှရောက်ဆိုပြီး။

နောက်ထပ်လုပ်ချင်တာတွေက

နှင်းတွေကျတဲ့ နိုင်ငံတစ်ခုခုကို သွားချင်တယ်။
Guitar တီးတတ်ချင်တယ်။ (သင်ပေးတဲ့ လူကသင်ပေးတယ် တစ်ဝက်တပျက်ရပ် လိုက်တာ)
HTML ကို ကောင်းကောင်းသုံးတတ်ချင်တယ်။(ဒါလည်း online မှာ လိုက်ဖတ်တယ် ဆက်မလုပ်ဖြစ်တာ)
Skate စီးတတ်ချင်တယ်။(သင်လိုက်တာ စီးတတ်တယ်ဆိုရုံပဲရတယ်၊ board ပျောက်သွားတော့ ဆက်မစီးဖြစ်တော့ဘူး)
Jigsaw တစ်ခုပြီးအောင် ဆက်ချင်တယ်။(ဝယ်ပြီးသွားပြီ မစဖြစ်သေးတာ)
ကိုယ်ခံပညာတစ်ခုခု သင်ချင်တယ် ကရာတေးဖြစ်ဖြစ် တိုက်ကွန်ဒိုဖြစ်ဖြစ် အာကီဒိုဖြစ်ဖြစ် ဒါပေမဲ့ အချိန်က မရှိ။

Read more

4 comments

မြန်မာ|English


ဒီဓာတ်ပုံကို ရိုက်ထားတာတော်တော်တော့ ကြာပြီ အလည်ခေါင်က လက်တန်းကြီး ရှုပ်နေလို့ မတင်ဖြစ်တာ.. ဒီနေ့မှ Photoshop ထဲမှာ ကလိလိုက်တာ.. ရလာတဲ့ပုံကိုကြည့်ချင်ရင် more ကို နှိပ်ကြည့်လိုက်ပါ။







Read more

0 comments

How Canon Lens Are Made

Youtube ထဲမှာ လျှောက်ကြည့်နေတုန်း တွေ့မိတာလေးတွေ၊ စိတ်ဝင်စားဖို့တော့ ကောင်းသား..

click more for Part 2 &3





Read more

0 comments

အတွေးများ..


မနေ့က စင်္ကာပူရဲ့တရုတ်တန်းကို သွားဖြစ်ခဲ့တယ်..
အစကတော့ မောင် harry ရယ် ကို လေးကြီးရယ်နဲ့ ဓာတ်ပုံသွားရိုက်မယ်ဆိုပြီးတော့ သွားတာပါ..
အကြောင်းကြောင်းကြောင့် ဓာတ်ပုံမရိုက်လိုက်ခဲ့ရဘူး..
သွားရင်း နဲ့ လမ်းမှာ harry နဲ့ စကားပြောဖြစ်တော့ သူက hosting တစ်ခုလောက်ဝယ်ချင်တယ် တဲ့..
ကိုယ်ပိုင် ဒိုမိန်း လေးတစ်ခုနဲ့ portfolio လေးဖြစ်ဖြစ် Photo gallery လေးဖြစ်ဖြစ် တင်လို့ရတာပေါ့တဲ့.. စဉ်းစာ ကြည့်မိတယ်..
အကြံလေး ကကောင်းတော့ ကောင်းသားလို့.. ပိုက်ဆံလေးရှိနေရင်တော့"အေးကောင်း တယ်.. ဝယ်ကြရအောင်လို့ပြောမိမှာပဲ.." အချိန်မှာတော့ ပိုက်ဆံကို ခြစ်ခြုပ်ပြီးတော့ (not sure i spelled it right or not)သုံးနေရတဲ့ အတွက် သာဂိခမျာ ခေါင်းလေး တစ်ညိမ့်ညိမ့်နဲ့သာ နေခဲ့ရတာပေါ့..

Read more

1 comments

Way Back Home






My Way Back Home.

Just the photos taken on my way back home form school. Most of them are taken on different days.

Read more

1 comments

Rain Droplets


Taken at SP library new extension while it's raining today.

1/200,
f5.6,
ISO 400.
Taken with the pop up flash from my camera.

Read more

0 comments

Time Machine



Trying out the zoom out effect by putting the shutter speed to a slower speed and playing with the zoom when the shutter is opened.

Read more

0 comments

Emo




I did this for my GEMS class assignment.

Read more

2 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.