Henderson Waves

Read In မြန်မာ|English

These photos were taken on Henderson Waves of Singapore. Which is the highest pedestrian bridge in Singapore spanning 36 meters above Henderson Road.
Those photos were taken during my trip there on the very first day after i bought my D90. It had been 5 months and the shutter count on my camera is almost 15000. And my skills, well, not improving very much. And i have what seem like 5000 pictures to process, Photos from Thailand trip, SP show, Dance practices before the show and even some of the photos taken with my D60 before i sold it out.

Read more

0 comments

ရွှန်းလင်းလဲ့စန္ဒာဧကရီသိုက်

အဖေ့သူငယ်ချင်းရဲ့ သမီးလေး၊ ရွှန်းလင်းလဲ့စန္ဒာဧကရီသိုက်တဲ့ နာမည်က။ ၂၇ရက်နေ့ မှာ၁နှစ်ပြည့်မှာ။ ဒီဓာတ်ပုံတွေက ဟိုတနေ့က သူတို့အိမ်ကို သွားလည်တုန်းက ရိုက်ခဲ့တဲ့ပုံတွေပါ။

Read more

0 comments

Two Sides Of Me.

GEMS အတွက် ကျနော်လုပ်ဖြစ်သွားတဲ့ပုံလေးပါ။ အိုင်ဒီယာတွေ ထွက်လာပေမဲ့ ထွက်လာသမျှ အိုင်ဒီယာတွေကို တစ်ကယ်တမ်းရအောင် လုပ်ဖို့အချိန်နဲ့ Skill မရှိတာနဲ့ပဲ လွယ်လွယ်ပြီးနိုင်တဲ့ ဟာလေးပဲလုပ်လိုက်တာပါ။ အိုင်ဒီယာကတော့ အောင်သူမိုးပေးတဲ့အတိုင်း Angel နဲ့ Devil ရန်ဖြစ်နေတာပေါ့။
စာမေးပွဲတွေ၊ Assignment တင်ရမဲ့ရက်တွေ နီးလာတာနဲ့ အမျှစာမလုပ်ချင်စိတ်တွေ ဟိုဟာလုပ်ချင်ဒီဟာလုပ်ချင်စိတ်တွေ ပေါ်ပေါ်လာ အောင် လုပ်နေတဲ့ သာဂိ Devil ကို သာဂိ Angelကဆုံးမနေပုံလေးပေါ့။ ပုံတွေကို ကျနော့်အိမ် ဧည့်ခန်းထဲမှာပဲ မီးတွေအကုန်ဖွင့်ပြီးတော့ ရိုက်ထားတာပါ။

Read more

1 comments

တိုလီမှုတ်စ အတွေးများ

စကိတ်ကို ဝယ်ပြီးသကာလ Trick တွေသင်ဖို့ Youtube ထဲမှာလိုက်ရှာကြည့်မိတယ်။ ဒီအောက်က video ၄ခုကတော့ မိုက်တယ်။ Trick တွေတော်တော်များများ ပါတယ်။ ကွင်းထဲမှာ လုပ်ဖို့တင်မဟုတ်ပဲ လမ်းပေါ်မှာ လျှောက်စီးတဲ့အခါကျရင် သုံးလို့ရတဲ့နည်းတွေကောပဲ။ Hit more for the videos.





အဲ့ Video တွေထဲက Trick တွေအကုန်လုံးကို ရအောင်လုပ်နိုင်ရင်တော့ တော်တော် အဆင်ပြေသွားပြီလို့ ပြောလို့ရမယ်။ Ollie ကိုတော့ ဒီနေ့တနေ့လုံး ကျောင်းမှာ လုပ်ကြည့်နေတာ၊ ညနေအိမ်ပြန်ရောက်တော့ အိမ်နားက မြက်ခင်းပေါ်မှာ သွားပြီးတော့လုပ်ကြည့်တော့မှပဲ ၃လက်မလောက် မြောက်တော့တယ်။ ပိုမြင့်လာအောင်တော့ ထပ်ပြီး ကျင့်ရမှာပဲ။ အခုတော့ ခုန်ရလွန်းလို့ လူတကိုယ်လုံးလည်း ချွေးတွေရွှဲပြီး ပေါင်တွေလည်းနာနေတာနဲ့ နားထားလိုက်တယ်။

ဒီ Websiteက Vitrual Piano လေးမိုက်တယ်။ ကီးဘုတ်ကိုသုံးပြီးတော့ တီးရတာ။ Bryan Adams ရဲ့ I Will Be Right Here Waiting For You ဆိုတဲ့သီချင်းကို တီးချင်ရင် ဒီကီးတွေ အတိုင်းလိုက်တီးကြည့် "8wt ooiuy 59w yyuiu 60ety trew"။ အဲ့လက်ကွက်က ကျနော့်သူငယ်ချင်း မျိုးသီဟဦးရှာပေးထားတာ။ သူ့မှာတခြားသီချင်းဟာတွေလည်းရှိသေးတယ် ဒါပေမဲ့ ကျနော် မမှတ်မိတော့ဘူး။

တနင်္လာနေ့မှာ တင်ရမဲ့ GEMS Assignment အတွက်ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားနေတယ်။အိုင်ဒီယာတွေရှိရင် ပေးကြပါအုန်း။ Photo Manipulation လုပ်ရမှာ Theme ကိုစဉ်းစားလို့မရသေးဘူး။

Read more

3 comments

မုန့်ဟင်းခါး

အမေချက်တဲ့ မုန့်ဟင်းခါး၊ စားလိုက်အုန်း။ ပဲကြော်လေးနဲ့၊ ရေနွေးကြမ်းလေးလည်းပါသေးတယ်။

Read more

0 comments

Skateboarding

အခုရက်ပိုင်း Youtube ထဲမှာကြည့်ပြီးတော့ Skateboard ပြန်စီးချင်စိတ်တွေ တစ်ဖွားဖွားနဲ့ ပြန်ပေါ်လာတာနဲ့ ဒီနေ့သွားဝယ်ဖြစ်ခဲ့တယ်။ အရင်ဝယ်ထားတဲ့ အဟောင်းက ဘယ်ကိုရောက်သွားမှန်းမသိ ပျောက်ချင်းမလှ ပျောက်သွားရှာတယ်။ Skateboardကို ဒီလိုပဲ စီးတတ်တယ်ဆိုရုံလေးစီးတတ်တာပါ၊ trick တွေတော့ တစ်ခုမှမလုပ်တတ်သေးဘူး။ Click Read more for Prices.
အရင်တုန်းကဝယ်ထားတဲ့ board ကစင်ပြီးသား Complete set ကိုဈေးပေါပေါနဲ့ဝယ်ထားတာ၊ ဒီတစ်ခေါက်တော့ ကိုယ့်ဟာကိုယ်စင်မယ်ဆိုပြီးတော့ သွားလိုက်တာ၊ ဟိုဟာတတ် ဒီဟာစင်နဲ့ ၂၄၀ ကျော်သွားကော။ ဒါပေမဲ့ ဆိုင်ကလူကြီးက သဘောတွေကောင်းပြီး ၂၁၈ နဲ့ပေးလိုက်တယ်။
ဝယ်ခဲ့တဲ့ ပစ္စည်းတွေက-
Zoo York Photo Incentive Deck $85
Independent 129mm 7.75" Raw Truck $65
53mm Wheels (dun noe the brand) $42
Bones Bearing $35
Hardware Magic Bolts $8
Black Rubber Riser $8
Total $243

အခု Skateboard လည်းရှိပြီးဆိုတော့ Ollie လို့ခေါ်တဲ့ Trick ကိုစပြီးတော့ စမ်းကြည့်မယ်လို့ စိတ်ကူးတယ်။ Ollie ဆိုတာက Skateboard ကိုလက်နဲ့ မကိုင်ပဲနဲ့ လေပေါ်ကိုပါလာအောင် ခုန်တာပါ။ ဘယ်လိုလုပ်ရတယ်ဆိုတာကိုတော့ အောက်က Video မှာပြထားတဲ့ အတိုင်းပဲ လုပ်ကြည့်ရမှာပဲ။

Read more

0 comments

Droplets 4

My second attempt at shooting Water Droplets. This time all photos are taken in black & white against white background. And i had a flash gun this time, borrowed from Gu Gu for SP Show. Flash is placed on the left side of the camera and bounced off the background. More Photos on my flickr.


Read more

0 comments

9th Aug 09.

So, i went to the Iron Cross Show today. It was kinda gross and boring at first, but eventually i got into mood and it was awesome! Why it was gross and boring? Well cuz..
1) 10 mins into the show 3 guys behind me were drunk and dancing like crazy. It was no problem untill one of them pushed me.
2) i did NOT know any of R Zarni's Songs. So, i was just standing there and yawning.
3) After R Zarni went in a dude behind me swearing his genitals with R Zarni's name. and it went on for a while even after Wine Wine came up onto the stage.
4) About an hour into the show and 2 singers had ald came up and i only knew one song! it was Wine Wine's. and damn it i forgot the name ald.
5) When Lay Phyu was singing Page 15, two dudes were hugging and dancing in front of me. :|
6) And some drunk guy jumped and landed his elbow onto my head!
7) and another drunk guy was waving his shirt so hard, it was hitting everyone's head near him including mine.
Yeah that was the first half of the show.
During the break, i went out and had a drink. By the time i went back in R zarni was ald done. :D
But still i did not know any of the songs wine wine was singing.
Everything changed when Myo Gyi came up the stage. i was in the mood and the rest was just awesome! I even sang along Lay Phyu's Min Mha Min Pal with one of the guys dancing earlier. :P But yeah the rest was Just awesome! i Jumped, Shouted, Jumped again and Shouted again, Sang along and Had fun. :D
Didn't Bring my camera so i didn't take any photos. :(

Read more

3 comments

တိုလီမိုလီ (၂)

ကျောင်း ပိတ်ဖို့က သုံးပတ်လောက်ပဲ ကျန်တော့တယ်။ အဲ့တော့ Assignment တွေ Project တွေတင်ဖို့ ၂ပတ်ပဲ အချိန်ရတော့တယ်။ ကျောင်းပိတ်မှာကို ပျော်ပဲပျော်ရမလား မပြီးသေးတဲ့ Assignment တွေနဲ့ Project တွေအတွက်ပဲ စိတ်ပူရမလားတောင်မသိတော့ဘူး။ စိတ်တွေရှုပ်လာတာပဲသိတယ်။

တင်ရမဲ့ Project တွေထဲမှာ Programming က ၂ခုပါတယ်။ တစ်ခုက Java နောက်တစ်ခုက Microcontroller အတွက် C နဲ့ Assembly Language ကိုသုံးပြီးရေးရမှာ တစ်ခုမှ စလုံးရေးမစရသေးဘူး။ နောက်တော့ Elective က Photo Manipulation Assignment။ အိုင်ဒီယာတွေကိုတော့ ကျောက်ခဲရေညစ်လုပ်နေတုန်းပဲ။

ဒါနဲ့ ဟိုနေ့တုန်းက ကျောင်းကဓာတ်ပုံပြိုင်ပွဲမှာ ဒီပုံနဲ့ Shortlist အလုပ်ခံရတယ်ဗျ။ Top 10 ပဲဝင်ခဲ့တယ်။ ဆုတော့ မရခဲ့ပါဘူး။ ပထမဆုက ၃၀၀ဆိုတော့ လိုတော့လိုချင်မိသား၊ ဘိုင်ပြတ်နေတာကြာပြီ။ Part Time အလုပ်မလုပ်တော့ကတည်းကပေါ့။ ပြန်လုပ်ဖို့စိတ်ကူးရှိပေမဲ့ အကောင်အထည်မဖေါ်ဖြစ်သေးဘူး။

ပိုက်ဆံမရှိတော့လည်း စိတ်ညစ်ရတယ်။ သူငယ်ချင်းတွေကြား ပိုက်ဆံမရှိဘူး ညည်းရင် နင်ကမိဘနဲ့နေနေပြီးတော့ အော်မနေနဲ့တဲ့။ မိဘနဲ့နေတော့ မိဘကို ဟိုဟာဖိုးဒီဟာဖိုးလိမ်ပြီး ပိုက်ဆံပို့ခိုင်းလို့မရဘူးပေါ့ဗျ။ အခုကျောင်းပိတ်ရက်မှာ ရန်ကုန်ပြန်မယ် ခရီးလျှောက်သွားမယ်လို့ အားခဲ့ထားပေမဲ့ Final Year Project ကမပြီးသေးတော့ သွားလို့ရတော့မယ်မထင်ဘူး။ ကယ်ကြပါအုန်းဗျာ၊ Website တစ်ခုရယ်၊ Application တစ်ခုရယ် Hardware Model တစ်ခုရယ်ဆောက်ရအုန်းမယ်။ နောက်တစ်နှစ်တော့ ထပ်ပြီးမသယ်သွားချင်တော့ဘူး။

ဘာလိုလိုနဲ့ နောက်ဆုံးနှစ်လည်းရောက်လာပြီ နောက်နှစ် ဒီအချိန်ဆို သာဂိတို့ စစ်ထဲမှာ လုံးပန်းနေလောက်ပြီ သေနတ်တကားကားနဲ့ ဟားဟား။ နိုဝင်ဘာလနဲ့ မတ်လမှာ NAPFA ဖြေရမယ်။ National Physical Fitness Award ကိုအတိုကောက်ခေါ်တဲ့ NAPFA ဆိုတာ စကာင်္ပူမှာကျောင်းသားတိုင်းဖြေရတဲ့ Physical Test တစ်ခုပေါ့။ နိုင်ငံခြားသားတွေအတွက် ဘာမှမဟုတ်ပေမဲ့ PR နဲ့ စကာင်္ပူနိုင်ငံသားအမျိုးသားတွေ အတွက်တော့ အရေးကြီးတယ်ဗျ။ ၂ခေါက်တောင်ဖြေရမှာ။ အဲ့Test မှာရွှေဒါမှာမဟုတ် ငွေရရင် NS ကို၂နှစ်အစား ၁နှစ်နဲ့ ၁၀လပဲဆင်းရမယ်။ ပထမဆုံး ၈ပတ်မှာလုပ်တဲ့ Physical Training ကိုလွတ်ငြိမ်းခွင့်ရတယ်ပေါ့ဗျာ။ အဲ့အတွက် Training လုပ်မယ်ဆိုပြီး ကြံနေတာလည်းကြာပြီ။ အမေခဏခဏပြောသလိုပဲ ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီးရောက်နေတာပေါ့။

Read more

3 comments

Evening Dusk.

The Evening Dusk from my kitchen's widow. Taken around 7.30pm.

Read more

0 comments

Bassist

Read more

0 comments

Bolts and Nuts

ဒီပုံက ဟိုးအရင် ဟယ်ရီတို့နဲ့ မီးရထားသံလမ်းကို သွားတုန်းက ရိုက်ခဲ့ပုံပါ။ ဘယ်လောက်ပဲသေးငယ်နေတဲ့ Bolt လေးပဲဖြစ်နေပါစေ၊ သူမရှိရင် အဲ့မီးရထားလမ်းကြီးဟာ အန္တရာယ်ကင်းမှာ၊ ကောင်းမွန်စွာအလုပ်လုပ်နိုင်မှာ မဟုတ်သလိုပဲ။ ဘယ်လောက်ပဲသေးသိမ်ပြီး အရေးမပါဘူးလို့ထင်ရတဲ့ နေရာမှာပဲနေရနေရ သူ့တန်ဖိုးနဲ့သူ အရာတိုင်းမှာ ရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုကိုယ် ပြန်ပြီးသတိပေးနေဖို့ပေါ့။

Read more

1 comments

နှောင်းနွေဆုံမှတ် (SP Post Burmese Thingyan Celebration)

အခုပဲ အိမ်ကိုပြန်ရောက်တယ်။ မနက်၈နာရီခွဲလောက် ရောက်သွားပြီးကတည်းက Convention centre မှာတက်လိုက် ဆင်းလိုက်နဲ့ အဲ့တဝိုက်ကိုလည်း ပတ်ပြီးတော့ မှတ်တမ်းတင်လိုက်တာ ည၉ နာရီထိုးခါနီးမှပဲ ပြီးတော့တယ်။ ဓာတ်ပုံ ၁၂၀၀ကျော် ရိုက်ဖြစ်ခဲ့တယ်။ ဘယ်နှပုံ အကောင်းပါမယ်မသိဘူး နောက်မှပဲ သေချာစီစစ်ပြီး တင်တော့မယ်။ပုံတွေ လိုချင်တယ်ဆိုရင် ကျနော့ကို e-mail လိပ်စာလေးပေးထားခဲ့ကြပါ။ ပုံတွေ ပို့ပေးပါမယ်။
အခုတော့ Rehersal မှာရိုက်လာတဲ့ ပုံနည်းနည်းနဲ့ပဲ ကျေနပ်လိုက်ကြအုန်း



The Official Videographer.
The Performance IC
Sutomo Singing Thingyan Moe
Manager နဲ့ အလုပ်သမား
အမေနဲ့သား
The Traditional Dance With A Twist Of Modern Taste.

Read more

4 comments

DIY Ultimate Bounce Card

ABBC လို့အတိုကောက်ခေါ်တဲ့ abetterbouncecard.com မှာလုပ်ပြထားတဲ့ Ulitmate Bounce Card တစ်ခုကို လုပ်ကြရအောင်။ ပထမဆုံး သူလုပ်ပြထားတာကို ကြည့်ရအောင်။


Video ထဲမှာသူသုံးသွားတာ ဘာပစ္စည်းတွေလည်းတော့ မသိဘူး
ကျနော်ကတော့ Construction Paper အမဲရောင်နဲ့ ဒီ Inkjet ဓာတ်ပုံစာရွက်ကိုသုံးထားတယ်။

အဲ့စာရွက်မှာ နှစ်ဖက်ပါတယ် ပြောင်နေတဲ့ Glossy ဖက်ရယ် Matte ဖက်ရယ်၊ ကျနော်တို့သုံးမှာက Matte ဖက်ကို သုံးမှာပါ။ ပထမဆုံး အဲ့စာရွက်မှာ ပုံမှာပြထားတဲ့အတိုင်း အနားကနေ တစ်လက်မစီခွာပြီးတော့ လိုင်းနှစ်ခုဆွဲလိုက်ပါ။ ပြီးတော့ လိုင်းတွေချယ်ထားတဲ့နေရာကို ညှပ်ထုပ်လိုက်ပါ။

ပြီးတော့ Construction Paper ကို ၆လက်မပတ်လည် Square တစ်ခုညှပ်လိုက်ပါ။ ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း အပေါ်ပိုင်ကို စက်ဝိုင်ခြမ်းပုံ ညှပ်လိုက်ပါ။
အောက်မှာ ချန်ထားခဲ့တဲ့နေရာက စောစောညှပ်ထားတဲ့ စာရွက်အဖြူနဲ့ အတိဖြစ်နေရမှာပါ။

ပြီးရင် အဲ့စာရွက်နှစ်ခုကို ထပ်ပြီးတော့ သရေကွင်းနဲ့ ဖြစ်ဖြစ် flash gun မှာချည်လိုက်ယုံပါပဲ။

သူ့ Video ထဲမှာပြထားသလို ခါးပတ်လေးမပါတော့ နေရပြောင်းရတာ နည်းနည်းတော့ အခက်အခဲရှိပါလိမ့်မယ်။

Read more

0 comments

တိုလီမိုလီ

Read In မြန်မာ|English

Post အသစ်မတင်ဖြစ်တာ ၄၊ ၅ ရက်ရှိသွားပြီ။ Project တွေတင်ရတာနဲ့ lab test တွေဖြေနေရတာရယ်၊ ကျောင်းက ကပွဲအတွက် အလုပ်တွေရှုပ်နေတာ လည်းပါတယ်။ ကျောင်းကပွဲအတွက်က ကိုယ်လုပ်တာနည်းနည်းရယ်ပါ၊ သူများကို လိုက်ပြီးတော့ ရှုပ်နေတာကပို များနေတယ်။ အရင် ၂နှစ်ကတော့ ဦးရွှေရိုးနဲ့ ကရင်ဒုံယိမ်း ကခဲ့တယ်၊ ဒီနှစ်တော့ ဘာအကမှ မပါတော့ပဲ ဓာတ်ပုံပဲရိုက်တော့မယ်။
ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေတုန်းက Rehearsal တွေလုပ်တုန်းကတော့ ဓာတ်ပုံသွားရိုက်ကြည့်သေးတယ်။ Flash မပါတော့ သိပ်အဆင်မပြေချင်ဘူး။ အဲ့ဒါနဲ့ မနက်ဖြန်အတွက် သူများစီက SB-800 တစ်လုံးသွားငှားထားတယ်။ အဲ့ Flash အတွက် DIY Bounce Card တစ်ခုလုပ်နေတယ်။ ပြီးမှ ဘယ်လိုလုပ်တယ်ဆိုတာတင်တော့ မယ်။
ဒီနေ့ ညနေက NDP Preview Parade မှာ Firework တွေဓာတ်ပုံသွားထပ်ရိုက်သေးတယ်။ တကယ့်နေ့ကျ သွားနိုင်မှာ မဟုတ်တော့ Rehearsal Show တွေမှာပဲသွားရိုက်နေဖြစ်တယ်။ အရင်နေ့တွေက ထပ်ပိုပြီးတော့ ပုံပိုရိုက်ဖြစ်ခဲ့တယ်။ ပုံတစ်ခုကို အကြာကြီးရိုက်မယ့်အစား Exposure ခဏပဲဖွင့်ပြီး ပုံပိုများများရိုက်ခဲ့တယ်။ နေရာလည်းပြောင်းရိုက်ခဲ့တယ်။ ကွန်ပျူတာထဲ ဒေါင်းလုဒ်လုပ်ပြီး သေချာကြည့်ပြီးမှပဲ ပုံတွေတင်တော့မယ်။
နောက်အပတ်တနင်္ဂနွေနေ့ကြရင် IC show ရှိတယ်။ လေးဖြူကို သီချင်းတွေနားထောင်ဖူးပေမဲ့ Live Show တော့တစ်ခါမှ မကြည့်ဖူးဘူး ဒီတစ်ခါပထမဆုံးပဲ။ အရင်တစ်ခေါက်ဒီမှာ လုပ်သွားတုန်းကသလို ထပ်မဖြစ်ပါစေနဲ့လို့ဆုတောင်းတာပဲ။ ၅၀ တန်းလက်မှတ်ဝယ်ထားတယ် သွားမယ်ဆိုရင် အတူသွားကြရအောင် ဖုန်းဆက်ကြပါ။ မဟုတ်ရင် တစ်ယောက်တည်းသွားရမှာ ပျင်းစရာကြီး။
အခုလောလောဆယ်တော့ ဗိုက်အတော်ဆာနေပြီ အိမ်မှာ ရှိတာသွားမွှေလိုက်အုန်းမယ်။ ပြီးရင်အိပ်ပြီ။ မနက် ၈နာရီအရောက်သွားရမှာ။
ကျောင်းကပဲကို ကြည့်ချင်ရင်မနက်ဖြန် ကျောင်းကိုလာခဲ့ကြလေ။ လက်မှတ်တော့ကိုယ့်ဟာကိုယ်ဝယ်ပြီးကြည့်ပေါ့ ၂နာရီစမှာ။

Read more

2 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.