ကျနော်ငယ်တုန်းက...

Read In မြန်မာ|English

သူများတွေ ငယ်ငယ်က အကြောင်းရေးထားတာကို ကြည့်ပြီးတော့ ကိုယ့်အကြောင်းကို ကိုယ်ပြန်စဉ်းစားကြည့်မိတယ်။ စဉ်းစားကြည့်မိတော့ ချရေးလိုက်တာပဲကောင်းပါတယ်လေဆိုပြီးတော့ ရေးလိုက်တယ်.. သည်းခံပြီးတော့သာဖတ်ပေတော့..

ကျနော် ငယ်တုန်းက ကျောင်းမှာ ဝါ၊ စိမ်း၊ နီ၊ ပြာ ဆိုပြီးတော့ အသင်းတွေခွဲထားကြတယ်။ ဆရာမတွေလည်း အပါအဝင်ပေါ့။ အဲ့တော့အပတ်တိုင်း တင်္နလာနေ့ဆို ဆရာမတွေက တပတ်စာ Duty တွေကို သိရှိကြောင်း လက်မှတ်လိုက်ထိုးရတယ်။ ၆တန်းတုန်းက မှတ်မိသေးတယ်၊ ကျနော်တို့ ၆တန်းအတန်းမှူးက ကျောင်းအုပ်ဆရာမကြီးရဲ့ အတွင်းရေးမှူးလေ သူကအဲဒီ့လက်မှတ်ထိုးတဲ့စာအုပ်ကို တာဝန်ယူရတာပေါ့။ အဲ့ အတန်းမှူးက ကျနော့်ကို ဘာကိုကြည့်ပြီးတော့ ကြိုက်သွားလည်း မသိဘူး။ အဲ့စာအုပ်ကို လက်မှတ်ထိုးခိုင်းတဲ့ အလုပ်ကို ကျနော့်ကို ခိုင်းတယ်။ ကျနော်တို့ကျောင်းက အထက်တန်းကျောင်းကြီးလေ အလုံ(၄) ဆိုသိမလားမသိဘူး ကျောင်းကြီးက အကျယ်ကြီး ပြီးတော့ အဆောင်တွေကလည်း အများကြီး၊ အဆောင်တစ်ခုနဲ့တခုကလည်း တော်တော်လေး ဝေးတယ်။ သူငယ်တန်းကနေပြီးတော့ ၁၀တန်းအထိတစ်ကျောင်းလုံးက ရှိရှိသမျှဆရာမတွေကိုလိုက်ပြီးတော့ လက်မှတ်ထိုးခိုင်းရတာ။

ပြီးတော့ အဲ့၆တန်းတုန်းက ဆရာတယေက်ရှိတယ် နာမည်တော့ သေချာမှတ်မိတော့ဘူး ကျနော်တို့ ကျောင်းမှာ ပေါင်းလည်းကောင်းမှ ဆရာက ၂ယောက်ပဲရှိတာ ကျန်တာကဆရာမတွေချည်းပဲ။ အဲ့ဆရာက သင်္ချာသင်တာ၊ အရိုက်က စပါယ်ရှယ်ကို ကြမ်းတာ။ တစ်ခါကဆို ကျနော်တို့တွေ စာမလုပ်လာလို့ဆိုပြီးတော့ တတန်းလုံးကိုခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပြီတော့ တံမျှက်စည်းနဲ့ရိုက်တာ။ တခန်းလုံးပဲ မိန်းကလေးတောင် မချန်ဘူးဗျာ၊ ကျုံးတာ။

အင်းအပေါ်က အကြောင်းဆက်ပြောပြအုန်းမယ်။ အတန်းမှူးကလည်း အဲ့လိုခိုင်းတယ်ဗျာ။ ဖြစ်ချင်တော့အဲ့ဆရာရဲ့ အတန်းကလေည်း တင်္နလာနေ့၊ သာဂိတို့တော့ ပျော်တာပေါ့။ အဲ့ဆရာ့အချိန်ဆို ဆရာလာတဲ့အထိစောင့်တယ်၊ ပြီးတော့မှ ဆရာကအိမ်စာ စစ်တော့မယ်ဆိုလောက်တဲ့အချိန်လောက်မှ ဆရာ့ကို ပြောပြီးတော့ရုပ်တည်ကြီးနဲ့ထွက်တာ.. ပြီးရင် ပြန်မလာတော့ဘူး.. ထမင်းစားဆင်းတဲ့အချိန်အထိပဲ.. ဟဲဟဲ..

ပြီးတော့ အတန်းမှူးကပြောထားတယ် မင်းတယောက်တည်းမသွားနဲ့ အဖေါ်တစ်ယောက်ခေါ်သွားတဲ့.. အဲ့တော့ တင်္နလာနေ့ဆို သာဂိတို့မျက်နှာပန်းပွင့်တဲ့နေ့ပဲ။ အတန်းထဲက စာမလုပ်လာတဲ့ကောင်တွေအကုန်လုံး သာဂိနဲ့လိုက်ချင်လို့။ ဒါပေမဲ့ အဲ့တုန်းက အတူတူသွားဖြစ်တာက ညီညီထွန်းနဲ့ပဲများတယ်။ ညီညီထွန်းဆိုတာ အာရှဓနဘဏ်ကြေညာထဲက အငယ်ကောင် လူမိုက်(အပြင်မှာတော့ စာအသေလုပ်တဲ့ကောင်ပါ)။ သူနဲ့ကျနော်နဲ့က တခုံတည်းအတူတူထိုင်တော့ သူ့ပဲခေါ်သွားဖြစ်တာ။

အဲ့သင်္ချာဆရာဆို ကျနော်တို့နှစ်ယောက်ကို အသေကြည့်လို့မရတာ၊ သူက စာမေးတိုင်း ကျနော်တို့နှစ်ယောက်က လွတ်လွတ်နေတာလေ။
ပြီးတော့ အဲ့ဆရာက အကြွားသန်တယ်ဗျ သိလား။ အဲ့မှာတခါကျတော့ စင်္ကာပူကသူ့သမီးက မီးခြစ်လေးပို့လိုက်တယ်ဗျာ။ Merlion ရုပ်လေး၊ မီးခြစ်အပြင် ဓာတ်မီးလည်း ပါတဲ့ဟာလေးပေါ့။ အဲ့ဟာလေးကို ကျနော်တို့ကို ထုတ်ကြွားတာ၊ "ဒီမှာတွေလား ဒီဥစ္စာ စင်္ကာပူက ငါ့သမီးပို့လိုက်တာ မီးခြစ်တင် မကဘူး ဓာတ်မီးကလည်းပါသေးတာ" ဆိုပြီးတော့။

နောက်တခု အဲ့ဆရာအမြဲလုပ်တာရှိသေးတယ်။ သူ့ရဲ့ ညာဖက်လက်ခလယ်မှာ လက်စွပ်ကြီး အကြီးကြီးတခုရှိတယ်ဗျ။ မြလားမသိဘူး အကြီးကြီးနဲ့၊အဲ့ဒါသူက စာသင်ရင်းနဲ့ ကျောက်သင်ပုန်းကို ထောက်ပြပြီးဆို အဲ့လက်ခလယ်ကြီးနဲ့၊ ကျနော်တို့ကို လှည့်ပြီး စကားပြောတယ်ဆိုရင်လည်း အဲ့လက်ခလယ်ကြီး တစ်ထိုးထိုးနဲ့ ကျနော်တို့မှာ သူစာရှင်းပြရင် ကြောက်နေရတာ။ သူငယ်ချင်းနဲ့ပြောခဲ့တာ မှတ်မိသေးတယ် "ဆရာက ငါတို့ကို စာသင်ပေးရင်းနဲ့ ဆဲဆဲနေတာ"လို့။
သြော်.. ငယ်တုန်းကပါ။



Read more


1 comments:

  1. xXx.Devil.In.Disguise.xXx

    ဟားဟား .. ရီရတယ် .. ကျုပ်တို့၉တန်းတုံးကလဲ အဲဒီအလုပ်မျိုးလုပ်ရဖူးတယ် ... မိုးလင်းထဲက ထွက်လိုက်တာ တစ်ခါတလေဝင်ချင်မှကို ဝင်တာ :P

     

Post a Comment

 
TharGi. Get yours at bighugelabs.com
Creative Commons License.