သြော်.. ဘာလိုလိုနဲ့ နောက်ဆုံးနှစ်တောင်ရောက်လာပြီး.. သူငယ်ချင်းတွေက ပြောတယ် ငါတို့တွေ ဒီနှစ်အောင်ရင် နောက်ကို အခုလို အလေလိုက်လို့ရတဲ့ ကျောင်းသားဘဝ မရှိနိုင်တော့ဘူးတဲ့.. တကယ်လို့ University တက်ရင်လည်း ဖိအားတွေများနေပြီးတော့ အခုလိုနေနိုင်တော့မှာ မဟုတ်ဘူးတဲ့.. သာဂိတို့ကတော့ ဒီနှစ်ပြီးတာနဲ့ စစ်ထဲဝင်ရတော့မယ် ၂နှစ်.. အဲ့လိုစဉ်းစားပြီးတော့ ကုန်ခဲ့တဲ့အချိန်တွေကို နှမြောမိတယ်.. ဒါပေမဲ့လည်း နှမြောနေလိုလည်း ဘာမှ မှ မထူးတော့ တာလေလို့ ကိုယ့်ကိုယ်ကိုကိုယ် ပြန်အားပေးလိုက်ပြီးတော့ နေမြဲပဲနေလိုက်မိတော့တယ်။
ကျနော်လုပ်ချင်ခဲ့မိတာ့တွေကို ချရေးကြည့်မိတယ်..
တော်တော်များများကို တစိုက်မတ်မတ် မလုပ်ဖြစ်တော့ မပြီးတာတွေများနေတယ်..
ပထမဆုံး နံပါတ် ၁ က Drum တီးတတ်ချင်ခဲ့တယ်.. အဲ့ဒါလည်း online မှာ tutorial တွေကြည့်၊ ဟိုခေါက် ဒီခေါက်လုပ်နဲ့ မတောက် တခေါက်လုပ်ပြီတော့ အချိန်မပေးနိုင်တော့ တာနဲ့ ရိုးသွားတာနဲ့ပဲ မပြီးခဲ့ဘူး။ Drum ဝယ်ဖို့ပိုက်ဆံမရှိတာနဲ့ HDB တိုက်ခန်းမှာ တီးရင် ဘေးအိမ်ကလူတွေ ဝင်းဆဲမှာ စိုးရိမ်တာတွေ လည်းပါပါတယ်။

နံပါတ် ၃ က မြန်မာပြည်အနှံ ခရီးသွားချင်တယ်..
ပုဂံ၊ ညောင်ဦး၊ ပုပ္ဗါး၊
မန္တလေး၊
တောင်ကြီး၊ အင်းလေး၊ ပင်းတရ၊
ကျိုက်ထီးရိုး၊ သာမည၊
ငပလီ၊ မောင်းမကန်၊ ချောင်းသာ၊ ငွေဆောင်၊
နောက်တော့ မြစ်ဆုံ။
ချရေးရရင် ပြီးမှာတောင်မဟုတ်ဘူး.. အသွားချင်ဆုံးက ပုဂံနဲ့ မြစ်ဆုံ။
အကုန်လုံးကို ကိုယ်ပိုင် ကားနဲ့သွားပြီးတော့ ကိုယ်ရပ်ချင်တဲ့နေရာမှာရပ်လိုက် ဓာတ်ပုံလေးရိုက်လိုက်နဲ့ အေးအေးဆေးဆေးသွားချင်တာ.. ရောက်ချင်တဲ့အချိန်မှရောက်ဆိုပြီး။
နောက်ထပ်လုပ်ချင်တာတွေက
နှင်းတွေကျတဲ့ နိုင်ငံတစ်ခုခုကို သွားချင်တယ်။
Guitar တီးတတ်ချင်တယ်။ (သင်ပေးတဲ့ လူကသင်ပေးတယ် တစ်ဝက်တပျက်ရပ် လိုက်တာ)
HTML ကို ကောင်းကောင်းသုံးတတ်ချင်တယ်။(ဒါလည်း online မှာ လိုက်ဖတ်တယ် ဆက်မလုပ်ဖြစ်တာ)
Skate စီးတတ်ချင်တယ်။(သင်လိုက်တာ စီးတတ်တယ်ဆိုရုံပဲရတယ်၊ board ပျောက်သွားတော့ ဆက်မစီးဖြစ်တော့ဘူး)
Skate စီးတတ်ချင်တယ်။(သင်လိုက်တာ စီးတတ်တယ်ဆိုရုံပဲရတယ်၊ board ပျောက်သွားတော့ ဆက်မစီးဖြစ်တော့ဘူး)
Jigsaw တစ်ခုပြီးအောင် ဆက်ချင်တယ်။(ဝယ်ပြီးသွားပြီ မစဖြစ်သေးတာ)
ကိုယ်ခံပညာတစ်ခုခု သင်ချင်တယ် ကရာတေးဖြစ်ဖြစ် တိုက်ကွန်ဒိုဖြစ်ဖြစ် အာကီဒိုဖြစ်ဖြစ် ဒါပေမဲ့ အချိန်က မရှိ။
မြန်မာပြည်အနှံသွားရင် ငါလည်း အဖော်လိုက်ပေးမယ် :)
အားပေးတယ် ဖြည်းဖြည်းဆီပေါ့ :D
ဟီး.. နံပါတ် ၃ အစီစဉ်ကို ငါဆွဲထားတာရှိတယ်သယ်ရင်း.. ငါတို့တွေ တသုတ်ကြီး ဒီsemester အပြီးကို မြန်မာပြည်ပြန်ကြမှာ။ မြစ်ဆုံကို ဦးတည်ပြီး ခရီးစဉ်ဆွဲထားတယ်။ ဓာတ်ပုံရိုက်ထွက်ကြမယ်ဆိုပါတော့။ အာရုံလာရင် လိုက်ခဲ့လေ။
အဟင့်.. လိုက်ချင်တယ် လိုက်ချင်တယ် လိုက်ချင်တယ်။ ဗြဲ...
Hello! I just found your blog and I love your photos! I would write in Burmese but I don't know how to get the keyboard working.
Haha when you were young, you had a digital camera? You must be very young or very lucky :)
Snow only looks good in the photos and movies. It sucks in real life lol. What's your major at school?
Good luck with it. I'll stop by more.