အိမ်ရောင်း အိမ်ဝယ်...

စင်္ကာပူမှာ အိမ်ရောင်း အိမ်ဝယ်တာများ တစ်ကယ်စိတ်ညစ်ဖိုကောင်းတယ်။ ရှုပ်နေတာပဲ၊ ရောင်းမယ်ဆိုရင်လည်း အိမ်ဝယ်ဖို့ လာကြည့်တဲ့လူတွေအကုန်လုံးကို ထိုင်စောင့်ပေးရတာနဲ့ ဝယ်မယ့်လူက ကြိုက်ပြီဆိုရင်လည်း condition တွေကို ဆွေးနွေးရတာနဲ့ နောက် ပွဲစားခလည်း အများကြီးပေးရသေးတယ် နောက်ဟိုဟာကြေး ဒီဟာကြေး ကလည်း ရှိသေးတယ်။
ဝယ်မယ်ဆိုလည်း မစားသာဘူး ပွဲစားခရယ် နောက်ဟိုဟာကြေး ဒီဟာကြေးတွေပေးရတာနဲ့ နောက်ကိုယ်နဲ့ ကိုက်တဲ့အိမ် ကိုယ်ကြိုက်တဲ့ အိမ်မတွေ့မချင်း လိုက်ရှာပေတော့။ ပြန်ရောင်းပြီးမှ ဝယ်မယ်ဆိုရင် ကိုယ့်အိမ်ရောင်းပြီး ဆင်းပေးရမဲ့ အချိန်နဲ့ ဟိုဖက်ကဝယ်ပြီးတော့ တက်နေလို့ရတဲ့အချိန် မကိုက်ကိုက်အောင်လုပ်နိုင်မှ မလုပ်နိုင်ဘူးဆိုရင် သေကော၊ ပြောင်းပေးပြီးတော့ အပြင်မှာ ပြန်ငှားနေပေတော့။

သြော်.. အားလုံးကို ရှုပ်နေတာပဲ။

Read more


0 comments:

Post a Comment

 
TharGi. Get yours at bighugelabs.com
Creative Commons License.