I believe i can fly ~~

1 comments

Graduation 2009!

၂၆ကနေပြီးတော့ ၂၉ အထိကျောင်းမှာ Graduation Ceremony လုပ်တယ်။ ဒီနေ့တော့ EEE ကျောင်းက Seniorတွေကို ဓာတ်ပုံတွေသွား ရိုက်ပေးလိုက်သေးတယ်။ DEEE ကဆုတွေအများကြီး ရထားတဲ့လူနဲ့ ရှိသမျှ Module ၃၃ခုလုံးကို Distinction ရတဲ့ DECကလူကော၊ သူများတွေကို ကြည့်ပြီးတော အားကျ သရေကျခဲ့တယ်။
ဓာတ်ပုံတစ်ချို့ကိုတော့ တင်ထားတယ် ကြည့်ချင်ရင် more ကို clickလိုက်။

Read more

1 comments

အိမ်ရောင်း အိမ်ဝယ်...

စင်္ကာပူမှာ အိမ်ရောင်း အိမ်ဝယ်တာများ တစ်ကယ်စိတ်ညစ်ဖိုကောင်းတယ်။ ရှုပ်နေတာပဲ၊ ရောင်းမယ်ဆိုရင်လည်း အိမ်ဝယ်ဖို့ လာကြည့်တဲ့လူတွေအကုန်လုံးကို ထိုင်စောင့်ပေးရတာနဲ့ ဝယ်မယ့်လူက ကြိုက်ပြီဆိုရင်လည်း condition တွေကို ဆွေးနွေးရတာနဲ့ နောက် ပွဲစားခလည်း အများကြီးပေးရသေးတယ် နောက်ဟိုဟာကြေး ဒီဟာကြေး ကလည်း ရှိသေးတယ်။
ဝယ်မယ်ဆိုလည်း မစားသာဘူး ပွဲစားခရယ် နောက်ဟိုဟာကြေး ဒီဟာကြေးတွေပေးရတာနဲ့ နောက်ကိုယ်နဲ့ ကိုက်တဲ့အိမ် ကိုယ်ကြိုက်တဲ့ အိမ်မတွေ့မချင်း လိုက်ရှာပေတော့။ ပြန်ရောင်းပြီးမှ ဝယ်မယ်ဆိုရင် ကိုယ့်အိမ်ရောင်းပြီး ဆင်းပေးရမဲ့ အချိန်နဲ့ ဟိုဖက်ကဝယ်ပြီးတော့ တက်နေလို့ရတဲ့အချိန် မကိုက်ကိုက်အောင်လုပ်နိုင်မှ မလုပ်နိုင်ဘူးဆိုရင် သေကော၊ ပြောင်းပေးပြီးတော့ အပြင်မှာ ပြန်ငှားနေပေတော့။

သြော်.. အားလုံးကို ရှုပ်နေတာပဲ။

0 comments

ကင်မရာဝယ်မယ်ဆိုရင်..

အခုနောက်ပိုင်း ကျနော်တို့သူငယ်ချင်းတွေကြားမှာ ကင်မရာဝယ်တဲ့လူတွေ များလာကြတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ကင်မရာဝယ်တော့ မယ်ဆိုရင် စဉ်းစားရမဲ့ ဟာလေးတွေကို ပြောပြချင်လို့။ ကျတော်လည်း သိလွန်းတတ်လွန်းနေလို့တော့ မဟုတ်ပါဘူး၊ ကျနော်မဝယ်ခင်က လိုက်ဖတ်ထား ကြည့်ထားတာလေးတွေကို ပြန်ပြောပြချင်လို့ပါ။

ပထမဆုံးကင်မရာဝယ်မယ်ဆိုရင် စဉ်းစားရမှာက ငါဘယ်လိုကင်မရာ အမျိုးအစားကို ဝယ်မလည်းဆိုတာကို စစဉ်းစားရပါမယ်။ PnS လို့အခေါ်များတဲ့ Point and Shoot လား Prosumer လို့ခေါ်တဲ့ PnS ထက်ပိုပြီးတော့ Function ပိုပါပေမဲ့ Lens ပြောင်းလို့ မရတဲ့ဟာလား၊ DSLR လို့ခေါ်တဲ့ Digital Single Lens Reflex ကင်မရာလားဆိုတာကို စဉ်းစားရပါမယ်။
တော်တော်များများမေးတတ်တဲ့မေးခွန်းက PnS နဲ့ DSLR ဘာကွာလည်းတဲ့၊
ကျနော်နားလည်သလောက် ပြောပြရမယ်ဆိုရင်တော့

Read more

3 comments

Testing

ATM ၏ မြန်မာ အင်္ဂလိပ် နှစ်ဘာသာ script ကို စမ်းသပ်ခြင်း



မြန်မာ|English

0 comments

စင်ကာပူ PR နဲ့ NS

အခုရက်ပိုင်းမှာ ကျောင်းကဒုတိယနှစ်ကျောင်းသားတွေစီ ICA ကပီအာလျှောက်ဖို့စာတွေပို့နေတယ်။ ဒါပေမဲ့ သူ့ဟာက Catch တစ်ခုရှိတယ်၊ အခု လျှောက်လိုက်ရင် အသက် ၁၈နှစ်ပြည့်ရင် NS ထဲဝင်ရမယ်တဲ့။ ပီအာတော့စောစောရမှာပေါ့၊ ဒါပေမဲ့ ကျောင်းပြီးရင် စစ်ထဲဝင်ရမယ်တဲ့။ အဲ့ဟာကို မတင်လိုက်ခင် စဉ်းစားကြပါလို့ ၁နှစ်လောက်ပီအာစောရတာနဲ့ စစ်မှုထမ်းပေးနေရမှာ.. ကျောင်းပြီးသွားလို့ အလုပ်ရတဲ့အခါမှ တင်ရင် လည်းရတာပါပဲ။

2 comments

My Wish list


သြော်.. ဘာလိုလိုနဲ့ နောက်ဆုံးနှစ်တောင်ရောက်လာပြီး.. သူငယ်ချင်းတွေက ပြောတယ် ငါတို့တွေ ဒီနှစ်အောင်ရင် နောက်ကို အခုလို အလေလိုက်လို့ရတဲ့ ကျောင်းသားဘဝ မရှိနိုင်တော့ဘူးတဲ့.. တကယ်လို့ University တက်ရင်လည်း ဖိအားတွေများနေပြီးတော့ အခုလိုနေနိုင်တော့မှာ မဟုတ်ဘူးတဲ့.. သာဂိတို့ကတော့ ဒီနှစ်ပြီးတာနဲ့ စစ်ထဲဝင်ရတော့မယ် ၂နှစ်.. အဲ့လိုစဉ်းစားပြီးတော့ ကုန်ခဲ့တဲ့အချိန်တွေကို နှမြောမိတယ်.. ဒါပေမဲ့လည်း နှမြောနေလိုလည်း ဘာမှ မှ မထူးတော့ တာလေလို့ ကိုယ့်ကိုယ်ကိုကိုယ် ပြန်အားပေးလိုက်ပြီးတော့ နေမြဲပဲနေလိုက်မိတော့တယ်။


ကျနော်လုပ်ချင်ခဲ့မိတာ့တွေကို ချရေးကြည့်မိတယ်..
တော်တော်များများကို တစိုက်မတ်မတ် မလုပ်ဖြစ်တော့ မပြီးတာတွေများနေတယ်..

ပထမဆုံး နံပါတ် ၁ က Drum တီးတတ်ချင်ခဲ့တယ်.. အဲ့ဒါလည်း online မှာ tutorial တွေကြည့်၊ ဟိုခေါက် ဒီခေါက်လုပ်နဲ့ မတောက် တခေါက်လုပ်ပြီတော့ အချိန်မပေးနိုင်တော့ တာနဲ့ ရိုးသွားတာနဲ့ပဲ မပြီးခဲ့ဘူး။ Drum ဝယ်ဖို့ပိုက်ဆံမရှိတာနဲ့ HDB တိုက်ခန်းမှာ တီးရင် ဘေးအိမ်ကလူတွေ ဝင်းဆဲမှာ စိုးရိမ်တာတွေ လည်းပါပါတယ်။

နံပါတ် ၂ က ဓာတ်ပုံရိုက်ချင်တယ်။ ငယ်ငယ်က digital ကင်မရာတွေ ပေါ်ခါစမှာ အဖေဝယ်ပေးခဲ့တဲ့ 1.3MP ပဲရှိတဲ့ Samsung ကင်မရာလေးစကိုင်ကတည်းက လုပ်ချင်ခဲ့တာ.. အဲ့ကင်မရာရောဂါပိုးအကြောင်း နောက်တစ်ပို့စ်ရေးအုန်းမယ်.. ရှည်ကုန်မှာစိုးလို့။

နံပါတ် ၃ က မြန်မာပြည်အနှံ ခရီးသွားချင်တယ်..
ပုဂံ၊ ညောင်ဦး၊ ပုပ္ဗါး၊
မန္တလေး၊
တောင်ကြီး၊ အင်းလေး၊ ပင်းတရ၊

Read more

4 comments

မြန်မာ|English


ဒီဓာတ်ပုံကို ရိုက်ထားတာတော်တော်တော့ ကြာပြီ အလည်ခေါင်က လက်တန်းကြီး ရှုပ်နေလို့ မတင်ဖြစ်တာ.. ဒီနေ့မှ Photoshop ထဲမှာ ကလိလိုက်တာ.. ရလာတဲ့ပုံကိုကြည့်ချင်ရင် more ကို နှိပ်ကြည့်လိုက်ပါ။




Read more

0 comments

How Canon Lens Are Made

Youtube ထဲမှာ လျှောက်ကြည့်နေတုန်း တွေ့မိတာလေးတွေ၊ စိတ်ဝင်စားဖို့တော့ ကောင်းသား..

click more for Part 2 &3



Read more

0 comments

အတွေးများ..


မနေ့က စင်္ကာပူရဲ့တရုတ်တန်းကို သွားဖြစ်ခဲ့တယ်..
အစကတော့ မောင် harry ရယ် ကို လေးကြီးရယ်နဲ့ ဓာတ်ပုံသွားရိုက်မယ်ဆိုပြီးတော့ သွားတာပါ..
အကြောင်းကြောင်းကြောင့် ဓာတ်ပုံမရိုက်လိုက်ခဲ့ရဘူး..
သွားရင်း နဲ့ လမ်းမှာ harry နဲ့ စကားပြောဖြစ်တော့ သူက hosting တစ်ခုလောက်ဝယ်ချင်တယ် တဲ့..
ကိုယ်ပိုင် ဒိုမိန်း လေးတစ်ခုနဲ့ portfolio လေးဖြစ်ဖြစ် Photo gallery လေးဖြစ်ဖြစ် တင်လို့ရတာပေါ့တဲ့.. စဉ်းစာ ကြည့်မိတယ်..
အကြံလေး ကကောင်းတော့ ကောင်းသားလို့.. ပိုက်ဆံလေးရှိနေရင်တော့"အေးကောင်း တယ်.. ဝယ်ကြရအောင်လို့ပြောမိမှာပဲ.." အချိန်မှာတော့ ပိုက်ဆံကို ခြစ်ခြုပ်ပြီးတော့ (not sure i spelled it right or not)သုံးနေရတဲ့ အတွက် သာဂိခမျာ ခေါင်းလေး တစ်ညိမ့်ညိမ့်နဲ့သာ နေခဲ့ရတာပေါ့..

1 comments

Way Back Home






My Way Back Home.

Read more

1 comments

Rain Droplets


Taken at SP library new extension while it's raining today.

Read more

0 comments

Time Machine



Trying out the zoom out effect by putting the shutter speed to a slower speed and playing with the zoom when the shutter is opened.

0 comments

Emo




I did this for my GEMS class assignment.

2 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.