NDP NE show 1

မနေ့က Esplanade ကိုသွားပြီး National Day Parade အစမ်းပြပွဲက Firework တွေကို ဓာတ်ပုံရိုက်မယ်ဆိုပြီးတော့ သွားခဲ့တယ်။ ၈နာရီ ကျော်မှ စမဲ့ဟာကို ညနေ ၅နာရီလောက်ကတည်းက ဒူရင်းသီးနားသွားပြီးတော့ ထိုင်စောင့်နေတာ၊ နေရာတွေဘာတွေရှာ၊ Tripod တွေဘာတွေထောင်ပြီးတော့ အားလုံးအဆင်သင့်ပေါ့။ လေထီးခုန်တာတွေ၊ အမြှောက်ဖောက်တာတွေ သဘောင်္တွေ စစ်ရေးပြတာတွေအကုန် ထိုင်ကြည့်လိုက်ရသေးတယ်။ ပြီးလည်းပြီးရော ညဖက်ကျတော့ မိုးတွေအုံလာရော မီးရှုးတွေ ဖောက်ပြီးမှ ရွာပါစေဆိုပြီးတော့ ဆုတွေတောင်းလိုက်ရတာ။ တစ်ကယ်လည်းရွာရော မီးရှုးတွေ မစခင် စက္ကန့် ၂၀ လောက်မှာ စပြီးတော့ အသည်းအသန်ရွာပါလေ့ကော။ မိုပွားလေးတွေကျရုံမဟုတ်ဘူးဗျ၊ သည်းကြီးမည်းကြီးကိုချတာ အဲ့နားမှာ ကင်မရာကိုယ်စီချိန်ထာကြတဲ့လူတွေလည်း အကုန်ပြေးပဲ မီးပန်းလည်း စအဖောက်မိုးလည်းကောက်အရွာ။ အဲ့ဒါနဲ့ပဲ သာဂိလည်း စိတ်တွေညစ်ပြီးတော့ အိမ်ကိုပြန်ခဲ့ရကော။ ညနေပိုင်းတုန်းက ရိုက်လိုက်ရတဲ့ပုံတွေပဲတင်ထားလိုက်တယ်။

This is the best my lens could do. Can't zoom anymore. :(
Singapore Coast Guard
Singapore Navy
Daddy LO.ok!!!!!
Canon Salute! It was so loud!

Hit more for more pics.

Read more


1 comments:

  1. Anonymous

    cool photos!

     

Post a Comment

 
TharGi. Get yours at bighugelabs.com
Creative Commons License.