Bassist

Read more

0 comments

Bolts and Nuts

ဒီပုံက ဟိုးအရင် ဟယ်ရီတို့နဲ့ မီးရထားသံလမ်းကို သွားတုန်းက ရိုက်ခဲ့ပုံပါ။ ဘယ်လောက်ပဲသေးငယ်နေတဲ့ Bolt လေးပဲဖြစ်နေပါစေ၊ သူမရှိရင် အဲ့မီးရထားလမ်းကြီးဟာ အန္တရာယ်ကင်းမှာ၊ ကောင်းမွန်စွာအလုပ်လုပ်နိုင်မှာ မဟုတ်သလိုပဲ။ ဘယ်လောက်ပဲသေးသိမ်ပြီး အရေးမပါဘူးလို့ထင်ရတဲ့ နေရာမှာပဲနေရနေရ သူ့တန်ဖိုးနဲ့သူ အရာတိုင်းမှာ ရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုကိုယ် ပြန်ပြီးသတိပေးနေဖို့ပေါ့။

Read more

1 comments

နှောင်းနွေဆုံမှတ် (SP Post Burmese Thingyan Celebration)

အခုပဲ အိမ်ကိုပြန်ရောက်တယ်။ မနက်၈နာရီခွဲလောက် ရောက်သွားပြီးကတည်းက Convention centre မှာတက်လိုက် ဆင်းလိုက်နဲ့ အဲ့တဝိုက်ကိုလည်း ပတ်ပြီးတော့ မှတ်တမ်းတင်လိုက်တာ ည၉ နာရီထိုးခါနီးမှပဲ ပြီးတော့တယ်။ ဓာတ်ပုံ ၁၂၀၀ကျော် ရိုက်ဖြစ်ခဲ့တယ်။ ဘယ်နှပုံ အကောင်းပါမယ်မသိဘူး နောက်မှပဲ သေချာစီစစ်ပြီး တင်တော့မယ်။ပုံတွေ လိုချင်တယ်ဆိုရင် ကျနော့ကို e-mail လိပ်စာလေးပေးထားခဲ့ကြပါ။ ပုံတွေ ပို့ပေးပါမယ်။
အခုတော့ Rehersal မှာရိုက်လာတဲ့ ပုံနည်းနည်းနဲ့ပဲ ကျေနပ်လိုက်ကြအုန်း



The Official Videographer.
The Performance IC
Sutomo Singing Thingyan Moe
Manager နဲ့ အလုပ်သမား
အမေနဲ့သား
The Traditional Dance With A Twist Of Modern Taste.

Read more

4 comments

DIY Ultimate Bounce Card

ABBC လို့အတိုကောက်ခေါ်တဲ့ abetterbouncecard.com မှာလုပ်ပြထားတဲ့ Ulitmate Bounce Card တစ်ခုကို လုပ်ကြရအောင်။ ပထမဆုံး သူလုပ်ပြထားတာကို ကြည့်ရအောင်။


Video ထဲမှာသူသုံးသွားတာ ဘာပစ္စည်းတွေလည်းတော့ မသိဘူး
ကျနော်ကတော့ Construction Paper အမဲရောင်နဲ့ ဒီ Inkjet ဓာတ်ပုံစာရွက်ကိုသုံးထားတယ်။

အဲ့စာရွက်မှာ နှစ်ဖက်ပါတယ် ပြောင်နေတဲ့ Glossy ဖက်ရယ် Matte ဖက်ရယ်၊ ကျနော်တို့သုံးမှာက Matte ဖက်ကို သုံးမှာပါ။ ပထမဆုံး အဲ့စာရွက်မှာ ပုံမှာပြထားတဲ့အတိုင်း အနားကနေ တစ်လက်မစီခွာပြီးတော့ လိုင်းနှစ်ခုဆွဲလိုက်ပါ။ ပြီးတော့ လိုင်းတွေချယ်ထားတဲ့နေရာကို ညှပ်ထုပ်လိုက်ပါ။

ပြီးတော့ Construction Paper ကို ၆လက်မပတ်လည် Square တစ်ခုညှပ်လိုက်ပါ။ ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း အပေါ်ပိုင်ကို စက်ဝိုင်ခြမ်းပုံ ညှပ်လိုက်ပါ။
အောက်မှာ ချန်ထားခဲ့တဲ့နေရာက စောစောညှပ်ထားတဲ့ စာရွက်အဖြူနဲ့ အတိဖြစ်နေရမှာပါ။

ပြီးရင် အဲ့စာရွက်နှစ်ခုကို ထပ်ပြီးတော့ သရေကွင်းနဲ့ ဖြစ်ဖြစ် flash gun မှာချည်လိုက်ယုံပါပဲ။

သူ့ Video ထဲမှာပြထားသလို ခါးပတ်လေးမပါတော့ နေရပြောင်းရတာ နည်းနည်းတော့ အခက်အခဲရှိပါလိမ့်မယ်။

Read more

0 comments

တိုလီမိုလီ

Read In မြန်မာ|English

Post အသစ်မတင်ဖြစ်တာ ၄၊ ၅ ရက်ရှိသွားပြီ။ Project တွေတင်ရတာနဲ့ lab test တွေဖြေနေရတာရယ်၊ ကျောင်းက ကပွဲအတွက် အလုပ်တွေရှုပ်နေတာ လည်းပါတယ်။ ကျောင်းကပွဲအတွက်က ကိုယ်လုပ်တာနည်းနည်းရယ်ပါ၊ သူများကို လိုက်ပြီးတော့ ရှုပ်နေတာကပို များနေတယ်။ အရင် ၂နှစ်ကတော့ ဦးရွှေရိုးနဲ့ ကရင်ဒုံယိမ်း ကခဲ့တယ်၊ ဒီနှစ်တော့ ဘာအကမှ မပါတော့ပဲ ဓာတ်ပုံပဲရိုက်တော့မယ်။
ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေတုန်းက Rehearsal တွေလုပ်တုန်းကတော့ ဓာတ်ပုံသွားရိုက်ကြည့်သေးတယ်။ Flash မပါတော့ သိပ်အဆင်မပြေချင်ဘူး။ အဲ့ဒါနဲ့ မနက်ဖြန်အတွက် သူများစီက SB-800 တစ်လုံးသွားငှားထားတယ်။ အဲ့ Flash အတွက် DIY Bounce Card တစ်ခုလုပ်နေတယ်။ ပြီးမှ ဘယ်လိုလုပ်တယ်ဆိုတာတင်တော့ မယ်။
ဒီနေ့ ညနေက NDP Preview Parade မှာ Firework တွေဓာတ်ပုံသွားထပ်ရိုက်သေးတယ်။ တကယ့်နေ့ကျ သွားနိုင်မှာ မဟုတ်တော့ Rehearsal Show တွေမှာပဲသွားရိုက်နေဖြစ်တယ်။ အရင်နေ့တွေက ထပ်ပိုပြီးတော့ ပုံပိုရိုက်ဖြစ်ခဲ့တယ်။ ပုံတစ်ခုကို အကြာကြီးရိုက်မယ့်အစား Exposure ခဏပဲဖွင့်ပြီး ပုံပိုများများရိုက်ခဲ့တယ်။ နေရာလည်းပြောင်းရိုက်ခဲ့တယ်။ ကွန်ပျူတာထဲ ဒေါင်းလုဒ်လုပ်ပြီး သေချာကြည့်ပြီးမှပဲ ပုံတွေတင်တော့မယ်။
နောက်အပတ်တနင်္ဂနွေနေ့ကြရင် IC show ရှိတယ်။ လေးဖြူကို သီချင်းတွေနားထောင်ဖူးပေမဲ့ Live Show တော့တစ်ခါမှ မကြည့်ဖူးဘူး ဒီတစ်ခါပထမဆုံးပဲ။ အရင်တစ်ခေါက်ဒီမှာ လုပ်သွားတုန်းကသလို ထပ်မဖြစ်ပါစေနဲ့လို့ဆုတောင်းတာပဲ။ ၅၀ တန်းလက်မှတ်ဝယ်ထားတယ် သွားမယ်ဆိုရင် အတူသွားကြရအောင် ဖုန်းဆက်ကြပါ။ မဟုတ်ရင် တစ်ယောက်တည်းသွားရမှာ ပျင်းစရာကြီး။
အခုလောလောဆယ်တော့ ဗိုက်အတော်ဆာနေပြီ အိမ်မှာ ရှိတာသွားမွှေလိုက်အုန်းမယ်။ ပြီးရင်အိပ်ပြီ။ မနက် ၈နာရီအရောက်သွားရမှာ။
ကျောင်းကပဲကို ကြည့်ချင်ရင်မနက်ဖြန် ကျောင်းကိုလာခဲ့ကြလေ။ လက်မှတ်တော့ကိုယ့်ဟာကိုယ်ဝယ်ပြီးကြည့်ပေါ့ ၂နာရီစမှာ။

Read more

2 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.