Showing posts with label thoughts. Show all posts
Showing posts with label thoughts. Show all posts

I'm Back! And I'm gonna be gone again soon...

Blog မှာ post မတင်ဖြစ်တာတောင် အတော်ကြီး ကြာသွားပြီ။ ကျောင်းပြီးသွားတော့ ဟိုနားယောင်လိုက် ဒီနားယောင်လိုက်နဲ့ အလေလိုက်နေမိတာလည်း ကြာပြီ။ သူများတွေလည်း ကျောင်းစတက်တဲ့ လူတွေလည်းတက် အလုပ်ရတဲ့လူတွေလည်း ရပြီးအလုပ်တွေလုပ်လို့။

ကျနော်ကတော့ NS ဝင်ရမှာဆိုပြီးတော့ ဘာဆိုဘာမှ မလုပ်ပဲ နေနေလိုက်တာ နောက် ဒုတိယမြောက် တနင်္လာနေ့ September 13ဆို NS ထဲဝင်ရတော့မယ်။ တနင်္လာနေ့မနက် အစောကြီး Pasir Ris ကနေ မော်တော်ဘုတ်လေးစီးပြီးတော့ Pulau Tekong ဆိုတဲ့ကျွန်းကိုသွားပြီးတော့ စရတော့မယ်။

ဒီကြားထဲမှာ Blog မှာ မတင်ဖြစ်ပေမဲ့ Flickr မှာတော့ ဓာတ်ပုံတွေ တင်ဖြစ်တယ်။ သွားကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link မှာသွားကြည့်လို့ရတယ်။

ဒီနှစ် SP Myanmar Cultrual Show ကိုလည်း ဓာတ်ပုံရိုက်ဖြစ်သေးတယ်။ အခုလောလောဆယ်တော့ ဓာတ်ပုံတွေကို Facebook မှာပဲတင်ရသေးတယ်၊ ကြည့်ချင်ရင် ဒီ Link ကနေသွားကြည့်လို့ရတယ်။ ရိုက်ခဲ့တဲ့ပုံအားလုံးရဲ့ တစ်ဝက်လောက်ပဲတင်ရသေးတယ်။ ကျန်တာတွေကိုတော့ NS ထဲမသွားခင်မှာ အပြီးလုပ်မယ်လို့ လျာထားတယ်၊ ပြီးမပြီးကတော့ စောင့်ကြည့်ရတော့မှာပေါ့။



မြန်မာပြည်ကို ခဏပြန်သွားတုန်းက အင်းလေးမှာ ရိုက်လာတဲ့ အပေါ်ကပုံလေးကို ကိုယ့်ဟာကိုယ် Wallpaper လုပ်ကြည့်ရင်းနဲ့ သဘောကျတာနဲ့ အကုန်လုံးနဲ့ ဒီမှာပြန်ပြီးတော့ မျှဝေလိုက်တယ်။ ဒီ Link မှာ သွားပြီးတော့ Download လုပ်လို့ရတယ်။
Resolutions တွေကတော့ Desktop နဲ့ Laptop တွေအတွက် 1080p Full HD ကနေပြီးတော့ 1024x576 အထိပါတယ်၊ ပြီးတော့ iPhone4 အတွက် သက်သက် 640x960 resolutionပါ ပါသေးတယ်။

Read more

0 comments

Oh! That was '09

ဘာမှ မရေးဖြစ်တာလည်း ကြာပြီ။ အလုပ်ရှုပ် နေတာရယ် ပျင်းနေတာရယ်နဲ့ပဲ။2010ရဲ့ ပထမဆုံးပိုစ့်ပေါ့၊ ဘာရေးရင် ကောင်းမလည်းမသိဘူး။

ပြီးခဲ့တဲ့ အပတ်ကပဲ ကျနော်တို့ကျောင်းက Open House နဲ့ SPinnovex ပြပွဲလုပ်ပြီးသွားတယ်။ ကျနော်တို့ရဲ့ FYP project လေး ပြပွဲဝင်လိုက်ရတယ်ဗျ၊ ပြခန်းထဲမှာ ထိုင်ပြီးလာကြည့်တဲ့သူတွေ မေးတာကိုဖြေလိုက်၊ ဂိမ်းဆော့လိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အချိန်ဖြုန်းနေတာ ၇ရက်နေ့ကနေ ၉ရက်အထိ သုံးရက်လုံးပဲ။ ဒီလိုနဲပဲ့ ကျောင်းပြီးဖို့ ၂လလောက်ပဲလိုတော့တယ်။ နောက်လမှာ NAPFA test လည်းဖြေရမယ်။ပြီရင် ၂နှစ်လောက်တော့ စစ်သားသွားလုပ်ရအုန်းမယ်။

၂၀၀၉ ခုကြီးကုန်သွားလို့ ကိုယ့်ကိုယ်ကိုကိုယ်ပြန်ပြီး စဉ်းစားကြည့်မိတယ်ဗျ ဘာတွေများထူးလာလည်းလို့။ အသက်တစ်နှစ်ပိုကြီးသွားတယ်တာရယ် ပိုဝလာတာရယ်ကလွဲပြီး ဘာမှ အထွေအထူးမရှိခဲ့ဘူးလိုပဲ။

ဝါဿနာပါတဲ့ ဓာတ်ပုံရိုက်ချင်းကို လေ့လာဖြစ်ခဲ့တယ်။ ကျောင်းက သင်္ကြန်ကပွဲမှာ ဓာတ်ပုံလိုက်ရိုက်ပေးဖြစ်ခဲ့တယ်၊ ပုံ ၁၅၀၀နီးပါလောက် ရိုက်ခဲ့ပြီးမှ Post Processing လုပ်ရမှာပျင်းနေတာနဲ့ အခုထိဓာတ်ပုံတွေ အကုန်မထွက်သေးဘူး။ တစ်ခေါက်တော့ ကျောင်းကလုပ်ပေးတဲ့ပြိုင်ပွဲမှာ TOP 10 ဝင်လိုက်သေးတယ်။ ဘာမှမဟုတ်ပေမဲ့ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေကို ကိုယ်ပြန်ကြည့်ပြီတော့ ကျေနပ်နေတာပဲ။အဖေကတော့ Camera ကြီးကိုဝယ်ပြီး သေချာစည်းကမ်းတကျ မသိမ်းလို့ဆိုပြီး ခဏခဏ ဆူဆဲနေတုန်းပဲ။

အမေကတော့ ခဏခဏပြောတယ် "နင်ဆိုတဲ့ကောင်က ရေတက်ငါးစင်ရိုင်း" တဲ့ စိတ်ပါတဲ့အချိန်လေးပဲ လွန့်လွန့်လူးနေပြီးတော့ ခဏကြာရင် ပြစ်ပြစ်ထားတယ်တဲ့။ အခုလောလောဆယ်မှာတော့ Extreme Sport တွေကိုအထူးတလည်စိတ်ဝင်စားမိနေတယ်။ Motor X, Skateboarding, BMX နဲ့ Rally Racing တွေပေါ့။ Skateboard တစ်ခုကို လက်ထဲရှိတဲ့ပိုက်ဆံ အကုန်ပေးပြီးဝယ်ခဲ့တယ်၊ Trick တွေကိုကျင့်မယ်ကျင့်မယ်နဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပဲ မလုပ်ဖြစ်ခဲ့ဘူး။ သူများတွေစီးထားတဲ့ Videoတွေကို ကြည့်ပြီးတော့ အားကြနေတာနဲ့ပဲ ပြီးနေတာပဲ။ ကိုယ့်ဟာကိုကိုယ်တော့ Ollie ကိုရပ်နေတုန်း ခုန်တာကလွဲပြီး ဘာမှမလုပ်တတ်သေးဘူး။

မိသားစုနဲ့ထိုင်းကို ခရီးသွားဖြစ်ခဲ့သေးတယ်။ ကျနော်မှတ်မိသလောက်တော့ ဒါပထမဦးဆုံးအကြိမ် မိသားစုလေးယောက် ခရီးထွက်ဖူးတာပဲ၊ ကျနော်ငယ်ငယ်က အဖေကစလုံးမှာဆိုတော့ အမေနဲ့ ညီအကိုနှစ်ယောက်နဲ့ပဲ ခရီးသွားဖြစ်ကြတာ။ ၁ပတ်လောက်ကို Pattya နဲ့ Bangkok ပတ်ခဲ့တယ်။ အဲ့တုန်းကရိုက်ခဲ့တဲ့ပုံတွေလည်း အခုထိ Process မလုပ်ရသေးတာအများကြီးပဲ။

ပြန်စဉ်းစားရရင် ၂၀၀၉ က Process မလုပ်ရသေးတဲ့ ဓာတ်ပုံ တစ်ပုံတစ်ပင်နဲ့ အမှတ်ရစရာတွေ ပျော်စရာတွေ၊ အဆုံးမသတ်ဖြစ်တဲ့ ဟိုတစ်စ ဒီတစ်စ အရာတွေနဲ့ အပြည့်ပေါ့ဗျာ။ အခု ၂၀၁၀မှာလည်း ဘယ်လိုလာအုန်းမလည်းဆိုတာ ကြည့်ကြတာပေါ့။

Read more

0 comments

အိပ်မရတဲ့ ညများ



ဘာမှ မတင်ဖြစ်တာလည်းကြာပြီးပေါ့ ဘလော့မှာ။ အလုပ်ပြန်လုပ်ဖြစ်တယ်၊ ကျောင်းပိတ်တုန်းလေးမှာ။ Orchard လမ်းမပေါ်က Wistma Atria Shopping Center ရှေ့က ဘားမှာပါ။ နှစ်ပတ်လောက်ရှိပြီ။ အလုပ်က ည ၂နာရီကျော် ၃နာရီလောက်မှပြီးပြီးတော့ အိမ်ပြန်ရောက်ချိန်ဆို ၄နာရီလောက်ရှိနေပြီဆိုတော့ အိပ်ချိန်တွေလည်း ကပြောင်းကပြန်တွေဖြစ်ပြီး၊ အလုပ်မရှိတဲ့နေ့တွေဆိုပါ အိပ်လို့မရတော့ဘူး ဖြစ်နေတယ်။

အိမ်အောက်ကလမ်းမှာဖြတ်သွားတဲ့ကားတွေကို ဓာတ်ပုံထိုင်ရိုက်ရင်ရိုက် မရိုက်ရင် ရုပ်ရှင်ထိုင်ကြည့်နေဖြစ်တယ်။ စိတ်ကူးပေါက်ရင် Boonlay Mrt နားက Jurong Central Park ထဲမှာ စကိတ်သွားစီးဖြစ်တယ်။ စကိတ်စီးတယ်ဆိုမှ ပြောပြအုန်းမယ်၊ ဒီဗီဒီယိုလေး အသေမိုက်တယ်၊ စကိတ်စီးတာကို Slow Motion Cam နဲ့ရိုက်ပြထားတာ။


Read more

3 comments

Recap of the week (and Some Movie Reviews)

Just a recap of what had happened during the past week.

အရင်အပတ် သောကြာနေ့က စာမေးပွဲပြီးသွားတယ်။ ပြီးသွားတဲ့နေ့က ကျောင်းမှာပဲ ရုပ်ရှင်ထိုင်ကြည့်ဖြစ်တယ်။ Drew Berrymoe နဲ့ Adam Sandler တို့ရဲ့ 50 First Dates ဆိုတဲ့ကားကို ကြည့်ဖြစ်တယ်။ ဇာတ်လမ်းလေးက ဟောင်းပေမဲ့ မရိုးသွားရလောက်အောင်ကို ကောင်းတယ်။ နောက်တော့ G-force ကြည့်ဖြစ်တယ် အိမ်ပြန်ရောက်မှ ဒေါင်းလုဒ်လုပ်ပြီးကြည့်တာပါ။ တော်တော်ပေါတယ်လို့ပြောရမယ်၊ ဇာတ်လမ်းက ယုတ္တိမရှိတဲ့ ကလေးကားသက်သက်ကြီးပဲ။

နောက် စနေနေ့ကျတော့ Bugis ကို window shopping သွားပြီးတော့ Botanic garden နဲ့ Orchid garden မှာဓာတ်ပုံသွားရိုက်ဖြစ်တယ်။ အဲ့နေ့ညက စိတ်ကူးပေါက်ပြီးတော့ ည၁နာရီခွဲလောက်ကြီးမှာ အိမ်နားက ပန်းခြံထဲမှာ စကိတ်သွားစီးသေးတယ်။ ညဖက်ကြီး ဘယ်သူမှ မရှိတဲ့အချိန် တစ်ယောက်တည်း ပန်းခြံကြီးထဲ ပတ်ပြီး စကိတ်စီးရတာ အရသာတော့ ရှိသား။

တနင်္ဂနွေနေ့ကျတော့ East Coast ကိုသွားခဲ့တယ်။ အဲ့က Extreme Skate Park မှာစကိတ်သွားစီးကြည့်မယ်ဆိုတဲ့ အကြံကြီးနဲ့ပေါ့။ ဟိုကို တကယ်ရောက်တဲ့အချိန်ကျတော့ လူတွေကလည်း ရှုပ်နေ၊ ကိုယ်ကလည်း အသုံးမကျဆိုတော့ ပထမဆုံး Rampကနေ Drop In လုပ်တာ လဲကျပြီး တင်ပါး နာသွားတယ်။ ဒုတိယ အကြိမ်ကျတော့ ဒရွတ်တိုက်ကျတာ ဂျင်းဘောင်းဘီနဲ့ ပွန်းပြီးတော့ ပေါင်ကပါနာသွားတာနဲ့ပဲ လက်လျှော့လိုက်ပြီး သူများတွေ စီးတာကို ထိုင်ကြည့်လာခဲ့တယ်။ အပြန်ကျတော့ Bus မမှီတော့တာနဲ့ နာရီဝက်လောက် လမ်းလျှောက်လိုက်ရသေးတယ်။

ကြားရက်တွေတော့ ဒီလိုပဲကျောင်းသွားပြီးတော့ FYP လေးလုပ်လိုက်၊ အိမ်မှာပဲ ရုပ်ရှင်ထိုင်ကြည့်နေလိုက်၊ ဟိုနားဒီနားလျှောက်သွားလိုက်နဲ့ပါပဲ။ ကြာသာပတေးနေ့ကတော့ သူငယ်ချင်းတွေနဲ့ Badminton သွားရိုက်ဖြစ်သေးတယ်။ စကိတ်စီးထားလို့နာနေတာကို Badminton သွားရိုက်လိုက်တော့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။ လှုပ်တောင် မလှုပ်ချင်တော့ဘူး။ အဲ့ဒါကို ရှည်ပြီးတော့ စောနက ပျင်းနေတုန်း သူငယ်ချင်းကခေါ်တာနဲ့ မနက်၃နာရီခွဲကြီးမှာ Pioneer MRT နားက Hawker ဆိုင်အထိ စကိတ်စီးသွားပြီးတော့ သူကျွေးတဲ့ပလာတာသွားစားလိုက်သေးတယ်။

စောစောက The Ugly Truth ကိုကြည့်ဖြစ်တယ်၊ ဇာတ်ကားနဲ့ သရုပ်ဆောင်သွားတာတွေ ကတော့ တော်တော်ကောင်းတယ် ဒါပေမဲ့ ဇာတ်အိမ်က ဒီမူကြမ်းကြီး အတိုင်းပဲသွားနေတယ် လို့ထင်မိတယ်၊ ကောင်လေးနဲ့ကောင်မလေး တွေ့တုန်းက တစ်ယောက်နဲ့တစ်ယောက် မတည့်၊ ကြည့်မရ ပြီးတော့ အကြောင်းအရာတစ်ခုခုကို တူတူလုပ်ရင်း ဒါမှမဟုတ် စိမ်ခေါ်ပြီးပြိုင်ရရင်း ပြီးတော့ တစ်ယောက်ကို တစ်ယောက်ချစ်သွားကြ၊ ကြိုက်သွားကြ ဒီအတိုင်းကြီးပဲသွားနေသလိုပဲ။

ှAliens In The Attic လည်းကြည့်ဖြစ်သေးတယ် ဟိုနေ့က ရယ်တော့ရယ်ရတယ် ကြည့်ပျော်တယ်လို့ပြောလို့ရတယ်။ ဇာတ်လမ်းက သိပ်မရှိပေမဲ့ ပျော်စရာကောင်းတဲ့ ရယ်ရတဲ့ကားလေးတစ်ခုပေါ့။

အခုတော့ ဗိုက်လည်းပြည့်ပြီ။ ငါးနာရီမတ်တင်းလည်း ရှိပြီဆိုတော့ အိပ်တော့မယ်ဗျာ။ တော်ကြာမနက် အလုပ်သွားမယ့်လူတွေတောင် နိုးလာတော့မယ်။


Read more

0 comments

ကျောင်းပိတ်ချိန်

ကျောင်းပိတ်ချိန် ဆိုလို့ သာဂိတို့ကျောင်းတွေပိတ်ပြီး အားနေပြီတော့မထင်ပါနဲ့ စာမေးပွဲဖြေနေရတုန်းပါ။ တစ်ဘာသာကျန်သေးတယ် သောကြာနေ့ဖြေဖို့။ လောလောဆယ်တော့ ၂ခုဖြေပြီးသွားပြီ အခြေအနေကတော့ မဆိုးဘူးပဲပြောရမလား မကောင်းဘူးပဲပြောရမလားတော့မသိဘူး။ သူတို့မေးချင်တာမေးတာကို ဖြေချင်တာတွေဖြေလာခဲ့တယ်။ ဆရာပေးသလောက်ပေါ့ အမှတ်ကတော့။
ကျောင်းကလူ တော်တော်များများတော့ စာမေးပွဲတွေပြီးကုန်ကြပြီ၊ ရန်ကုန်ပြန်တဲ့လူကပြန် မပြန်တဲ့လူတွေကလည်း Project တွေလုပ် အချိန်ပိုင်းအလုပ်တွေလုပ်နဲ့ ဒီ၆ပတ် ကျောင်းပိတ်ရက်ကို ကျော်ဖြတ်ကြရတော့မယ်။

ဒီ၆ပတ်အတွက်ကျနော်အစီအစဉ်ကတော့-
FYP လုပ်ရမယ်၊
Part-time အလုပ်ပြန်ရှာရမယ်၊
စကိတ်စီး ကျင့်မယ်၊
ဓာတ်ပုံတွေ အများကြီးလျှောက်ရိုက်မယ်၊
NAPFA ဖြေဖို့လေးကျင့်ခန်းလုပ်ရမယ်။

Part-time အလုပ်အတွက်ကို အရင်လုပ်တဲ့ ဘားမှာပဲသွားပြန်လုပ်ရင် ကောင်းမလား၊ Photographer's Assistant သွားလုပ်ရင် ကောင်းမလား စဉ်းစားနေတယ်။ လျှောက်တော့ လျှောက်ထားတယ် ရရင်တော့ သွားလုပ်ချင်တယ် အတွေအကြုံ ရအောင်လို့။

ကျနော့်သူငယ်ချင်း တချို့တွေမြန်မာပြည်ကို ပြန်ကြမယ်တဲ့။ အစကကျနော်လည်း ပြန်မယ်လို့စိတ်ကူးတာပဲ၊ ဒါပေမဲ့ FYP ကမပြီးတာနဲ့၊ ပိုက်ဆံမရှိတာနဲ့ပဲ မပြန်ဖြစ်တော့ဘူး။ နောက်နှစ်ကျောင်းပြီးတဲ့အချိန် NSထဲမဝင်ခင်ကျမှပဲ ပြန်ဖြစ်တော့မယ်ထင်တယ်။ NSထဲဝင်တယ်ဆိုမှ NAPFA ဖြေဖို့လည်း လုပ်ရအုန်းမယ်။ အနည်းဆုံး ငွေလောက်ရအောင်တော့လုပ်ရမယ်။ သြော်စိတ်ညစ်တယ်... လောလောဆယ်တော့ သောကြာနေ့ဖြေဖို့ စာလုပ်လိုက်အုန်းမယ်။

Read more

1 comments

တိုလီမှုတ်စ အတွေးများ

စကိတ်ကို ဝယ်ပြီးသကာလ Trick တွေသင်ဖို့ Youtube ထဲမှာလိုက်ရှာကြည့်မိတယ်။ ဒီအောက်က video ၄ခုကတော့ မိုက်တယ်။ Trick တွေတော်တော်များများ ပါတယ်။ ကွင်းထဲမှာ လုပ်ဖို့တင်မဟုတ်ပဲ လမ်းပေါ်မှာ လျှောက်စီးတဲ့အခါကျရင် သုံးလို့ရတဲ့နည်းတွေကောပဲ။ Hit more for the videos.





အဲ့ Video တွေထဲက Trick တွေအကုန်လုံးကို ရအောင်လုပ်နိုင်ရင်တော့ တော်တော် အဆင်ပြေသွားပြီလို့ ပြောလို့ရမယ်။ Ollie ကိုတော့ ဒီနေ့တနေ့လုံး ကျောင်းမှာ လုပ်ကြည့်နေတာ၊ ညနေအိမ်ပြန်ရောက်တော့ အိမ်နားက မြက်ခင်းပေါ်မှာ သွားပြီးတော့လုပ်ကြည့်တော့မှပဲ ၃လက်မလောက် မြောက်တော့တယ်။ ပိုမြင့်လာအောင်တော့ ထပ်ပြီး ကျင့်ရမှာပဲ။ အခုတော့ ခုန်ရလွန်းလို့ လူတကိုယ်လုံးလည်း ချွေးတွေရွှဲပြီး ပေါင်တွေလည်းနာနေတာနဲ့ နားထားလိုက်တယ်။

ဒီ Websiteက Vitrual Piano လေးမိုက်တယ်။ ကီးဘုတ်ကိုသုံးပြီးတော့ တီးရတာ။ Bryan Adams ရဲ့ I Will Be Right Here Waiting For You ဆိုတဲ့သီချင်းကို တီးချင်ရင် ဒီကီးတွေ အတိုင်းလိုက်တီးကြည့် "8wt ooiuy 59w yyuiu 60ety trew"။ အဲ့လက်ကွက်က ကျနော့်သူငယ်ချင်း မျိုးသီဟဦးရှာပေးထားတာ။ သူ့မှာတခြားသီချင်းဟာတွေလည်းရှိသေးတယ် ဒါပေမဲ့ ကျနော် မမှတ်မိတော့ဘူး။

တနင်္လာနေ့မှာ တင်ရမဲ့ GEMS Assignment အတွက်ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားနေတယ်။အိုင်ဒီယာတွေရှိရင် ပေးကြပါအုန်း။ Photo Manipulation လုပ်ရမှာ Theme ကိုစဉ်းစားလို့မရသေးဘူး။

Read more

3 comments

Skateboarding

အခုရက်ပိုင်း Youtube ထဲမှာကြည့်ပြီးတော့ Skateboard ပြန်စီးချင်စိတ်တွေ တစ်ဖွားဖွားနဲ့ ပြန်ပေါ်လာတာနဲ့ ဒီနေ့သွားဝယ်ဖြစ်ခဲ့တယ်။ အရင်ဝယ်ထားတဲ့ အဟောင်းက ဘယ်ကိုရောက်သွားမှန်းမသိ ပျောက်ချင်းမလှ ပျောက်သွားရှာတယ်။ Skateboardကို ဒီလိုပဲ စီးတတ်တယ်ဆိုရုံလေးစီးတတ်တာပါ၊ trick တွေတော့ တစ်ခုမှမလုပ်တတ်သေးဘူး။ Click Read more for Prices.
အရင်တုန်းကဝယ်ထားတဲ့ board ကစင်ပြီးသား Complete set ကိုဈေးပေါပေါနဲ့ဝယ်ထားတာ၊ ဒီတစ်ခေါက်တော့ ကိုယ့်ဟာကိုယ်စင်မယ်ဆိုပြီးတော့ သွားလိုက်တာ၊ ဟိုဟာတတ် ဒီဟာစင်နဲ့ ၂၄၀ ကျော်သွားကော။ ဒါပေမဲ့ ဆိုင်ကလူကြီးက သဘောတွေကောင်းပြီး ၂၁၈ နဲ့ပေးလိုက်တယ်။
ဝယ်ခဲ့တဲ့ ပစ္စည်းတွေက-
Zoo York Photo Incentive Deck $85
Independent 129mm 7.75" Raw Truck $65
53mm Wheels (dun noe the brand) $42
Bones Bearing $35
Hardware Magic Bolts $8
Black Rubber Riser $8
Total $243

အခု Skateboard လည်းရှိပြီးဆိုတော့ Ollie လို့ခေါ်တဲ့ Trick ကိုစပြီးတော့ စမ်းကြည့်မယ်လို့ စိတ်ကူးတယ်။ Ollie ဆိုတာက Skateboard ကိုလက်နဲ့ မကိုင်ပဲနဲ့ လေပေါ်ကိုပါလာအောင် ခုန်တာပါ။ ဘယ်လိုလုပ်ရတယ်ဆိုတာကိုတော့ အောက်က Video မှာပြထားတဲ့ အတိုင်းပဲ လုပ်ကြည့်ရမှာပဲ။

Read more

0 comments

9th Aug 09.

So, i went to the Iron Cross Show today. It was kinda gross and boring at first, but eventually i got into mood and it was awesome! Why it was gross and boring? Well cuz..
1) 10 mins into the show 3 guys behind me were drunk and dancing like crazy. It was no problem untill one of them pushed me.
2) i did NOT know any of R Zarni's Songs. So, i was just standing there and yawning.
3) After R Zarni went in a dude behind me swearing his genitals with R Zarni's name. and it went on for a while even after Wine Wine came up onto the stage.
4) About an hour into the show and 2 singers had ald came up and i only knew one song! it was Wine Wine's. and damn it i forgot the name ald.
5) When Lay Phyu was singing Page 15, two dudes were hugging and dancing in front of me. :|
6) And some drunk guy jumped and landed his elbow onto my head!
7) and another drunk guy was waving his shirt so hard, it was hitting everyone's head near him including mine.
Yeah that was the first half of the show.
During the break, i went out and had a drink. By the time i went back in R zarni was ald done. :D
But still i did not know any of the songs wine wine was singing.
Everything changed when Myo Gyi came up the stage. i was in the mood and the rest was just awesome! I even sang along Lay Phyu's Min Mha Min Pal with one of the guys dancing earlier. :P But yeah the rest was Just awesome! i Jumped, Shouted, Jumped again and Shouted again, Sang along and Had fun. :D
Didn't Bring my camera so i didn't take any photos. :(

Read more

3 comments

တိုလီမိုလီ (၂)

ကျောင်း ပိတ်ဖို့က သုံးပတ်လောက်ပဲ ကျန်တော့တယ်။ အဲ့တော့ Assignment တွေ Project တွေတင်ဖို့ ၂ပတ်ပဲ အချိန်ရတော့တယ်။ ကျောင်းပိတ်မှာကို ပျော်ပဲပျော်ရမလား မပြီးသေးတဲ့ Assignment တွေနဲ့ Project တွေအတွက်ပဲ စိတ်ပူရမလားတောင်မသိတော့ဘူး။ စိတ်တွေရှုပ်လာတာပဲသိတယ်။

တင်ရမဲ့ Project တွေထဲမှာ Programming က ၂ခုပါတယ်။ တစ်ခုက Java နောက်တစ်ခုက Microcontroller အတွက် C နဲ့ Assembly Language ကိုသုံးပြီးရေးရမှာ တစ်ခုမှ စလုံးရေးမစရသေးဘူး။ နောက်တော့ Elective က Photo Manipulation Assignment။ အိုင်ဒီယာတွေကိုတော့ ကျောက်ခဲရေညစ်လုပ်နေတုန်းပဲ။

ဒါနဲ့ ဟိုနေ့တုန်းက ကျောင်းကဓာတ်ပုံပြိုင်ပွဲမှာ ဒီပုံနဲ့ Shortlist အလုပ်ခံရတယ်ဗျ။ Top 10 ပဲဝင်ခဲ့တယ်။ ဆုတော့ မရခဲ့ပါဘူး။ ပထမဆုက ၃၀၀ဆိုတော့ လိုတော့လိုချင်မိသား၊ ဘိုင်ပြတ်နေတာကြာပြီ။ Part Time အလုပ်မလုပ်တော့ကတည်းကပေါ့။ ပြန်လုပ်ဖို့စိတ်ကူးရှိပေမဲ့ အကောင်အထည်မဖေါ်ဖြစ်သေးဘူး။

ပိုက်ဆံမရှိတော့လည်း စိတ်ညစ်ရတယ်။ သူငယ်ချင်းတွေကြား ပိုက်ဆံမရှိဘူး ညည်းရင် နင်ကမိဘနဲ့နေနေပြီးတော့ အော်မနေနဲ့တဲ့။ မိဘနဲ့နေတော့ မိဘကို ဟိုဟာဖိုးဒီဟာဖိုးလိမ်ပြီး ပိုက်ဆံပို့ခိုင်းလို့မရဘူးပေါ့ဗျ။ အခုကျောင်းပိတ်ရက်မှာ ရန်ကုန်ပြန်မယ် ခရီးလျှောက်သွားမယ်လို့ အားခဲ့ထားပေမဲ့ Final Year Project ကမပြီးသေးတော့ သွားလို့ရတော့မယ်မထင်ဘူး။ ကယ်ကြပါအုန်းဗျာ၊ Website တစ်ခုရယ်၊ Application တစ်ခုရယ် Hardware Model တစ်ခုရယ်ဆောက်ရအုန်းမယ်။ နောက်တစ်နှစ်တော့ ထပ်ပြီးမသယ်သွားချင်တော့ဘူး။

ဘာလိုလိုနဲ့ နောက်ဆုံးနှစ်လည်းရောက်လာပြီ နောက်နှစ် ဒီအချိန်ဆို သာဂိတို့ စစ်ထဲမှာ လုံးပန်းနေလောက်ပြီ သေနတ်တကားကားနဲ့ ဟားဟား။ နိုဝင်ဘာလနဲ့ မတ်လမှာ NAPFA ဖြေရမယ်။ National Physical Fitness Award ကိုအတိုကောက်ခေါ်တဲ့ NAPFA ဆိုတာ စကာင်္ပူမှာကျောင်းသားတိုင်းဖြေရတဲ့ Physical Test တစ်ခုပေါ့။ နိုင်ငံခြားသားတွေအတွက် ဘာမှမဟုတ်ပေမဲ့ PR နဲ့ စကာင်္ပူနိုင်ငံသားအမျိုးသားတွေ အတွက်တော့ အရေးကြီးတယ်ဗျ။ ၂ခေါက်တောင်ဖြေရမှာ။ အဲ့Test မှာရွှေဒါမှာမဟုတ် ငွေရရင် NS ကို၂နှစ်အစား ၁နှစ်နဲ့ ၁၀လပဲဆင်းရမယ်။ ပထမဆုံး ၈ပတ်မှာလုပ်တဲ့ Physical Training ကိုလွတ်ငြိမ်းခွင့်ရတယ်ပေါ့ဗျာ။ အဲ့အတွက် Training လုပ်မယ်ဆိုပြီး ကြံနေတာလည်းကြာပြီ။ အမေခဏခဏပြောသလိုပဲ ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီးရောက်နေတာပေါ့။

Read more

3 comments

Bolts and Nuts

ဒီပုံက ဟိုးအရင် ဟယ်ရီတို့နဲ့ မီးရထားသံလမ်းကို သွားတုန်းက ရိုက်ခဲ့ပုံပါ။ ဘယ်လောက်ပဲသေးငယ်နေတဲ့ Bolt လေးပဲဖြစ်နေပါစေ၊ သူမရှိရင် အဲ့မီးရထားလမ်းကြီးဟာ အန္တရာယ်ကင်းမှာ၊ ကောင်းမွန်စွာအလုပ်လုပ်နိုင်မှာ မဟုတ်သလိုပဲ။ ဘယ်လောက်ပဲသေးသိမ်ပြီး အရေးမပါဘူးလို့ထင်ရတဲ့ နေရာမှာပဲနေရနေရ သူ့တန်ဖိုးနဲ့သူ အရာတိုင်းမှာ ရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုကိုယ် ပြန်ပြီးသတိပေးနေဖို့ပေါ့။

Read more

1 comments

နှောင်းနွေဆုံမှတ် (SP Post Burmese Thingyan Celebration)

အခုပဲ အိမ်ကိုပြန်ရောက်တယ်။ မနက်၈နာရီခွဲလောက် ရောက်သွားပြီးကတည်းက Convention centre မှာတက်လိုက် ဆင်းလိုက်နဲ့ အဲ့တဝိုက်ကိုလည်း ပတ်ပြီးတော့ မှတ်တမ်းတင်လိုက်တာ ည၉ နာရီထိုးခါနီးမှပဲ ပြီးတော့တယ်။ ဓာတ်ပုံ ၁၂၀၀ကျော် ရိုက်ဖြစ်ခဲ့တယ်။ ဘယ်နှပုံ အကောင်းပါမယ်မသိဘူး နောက်မှပဲ သေချာစီစစ်ပြီး တင်တော့မယ်။ပုံတွေ လိုချင်တယ်ဆိုရင် ကျနော့ကို e-mail လိပ်စာလေးပေးထားခဲ့ကြပါ။ ပုံတွေ ပို့ပေးပါမယ်။
အခုတော့ Rehersal မှာရိုက်လာတဲ့ ပုံနည်းနည်းနဲ့ပဲ ကျေနပ်လိုက်ကြအုန်း



The Official Videographer.
The Performance IC
Sutomo Singing Thingyan Moe
Manager နဲ့ အလုပ်သမား
အမေနဲ့သား
The Traditional Dance With A Twist Of Modern Taste.

Read more

4 comments

တိုလီမိုလီ

Read In မြန်မာ|English

Post အသစ်မတင်ဖြစ်တာ ၄၊ ၅ ရက်ရှိသွားပြီ။ Project တွေတင်ရတာနဲ့ lab test တွေဖြေနေရတာရယ်၊ ကျောင်းက ကပွဲအတွက် အလုပ်တွေရှုပ်နေတာ လည်းပါတယ်။ ကျောင်းကပွဲအတွက်က ကိုယ်လုပ်တာနည်းနည်းရယ်ပါ၊ သူများကို လိုက်ပြီးတော့ ရှုပ်နေတာကပို များနေတယ်။ အရင် ၂နှစ်ကတော့ ဦးရွှေရိုးနဲ့ ကရင်ဒုံယိမ်း ကခဲ့တယ်၊ ဒီနှစ်တော့ ဘာအကမှ မပါတော့ပဲ ဓာတ်ပုံပဲရိုက်တော့မယ်။
ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေတုန်းက Rehearsal တွေလုပ်တုန်းကတော့ ဓာတ်ပုံသွားရိုက်ကြည့်သေးတယ်။ Flash မပါတော့ သိပ်အဆင်မပြေချင်ဘူး။ အဲ့ဒါနဲ့ မနက်ဖြန်အတွက် သူများစီက SB-800 တစ်လုံးသွားငှားထားတယ်။ အဲ့ Flash အတွက် DIY Bounce Card တစ်ခုလုပ်နေတယ်။ ပြီးမှ ဘယ်လိုလုပ်တယ်ဆိုတာတင်တော့ မယ်။
ဒီနေ့ ညနေက NDP Preview Parade မှာ Firework တွေဓာတ်ပုံသွားထပ်ရိုက်သေးတယ်။ တကယ့်နေ့ကျ သွားနိုင်မှာ မဟုတ်တော့ Rehearsal Show တွေမှာပဲသွားရိုက်နေဖြစ်တယ်။ အရင်နေ့တွေက ထပ်ပိုပြီးတော့ ပုံပိုရိုက်ဖြစ်ခဲ့တယ်။ ပုံတစ်ခုကို အကြာကြီးရိုက်မယ့်အစား Exposure ခဏပဲဖွင့်ပြီး ပုံပိုများများရိုက်ခဲ့တယ်။ နေရာလည်းပြောင်းရိုက်ခဲ့တယ်။ ကွန်ပျူတာထဲ ဒေါင်းလုဒ်လုပ်ပြီး သေချာကြည့်ပြီးမှပဲ ပုံတွေတင်တော့မယ်။
နောက်အပတ်တနင်္ဂနွေနေ့ကြရင် IC show ရှိတယ်။ လေးဖြူကို သီချင်းတွေနားထောင်ဖူးပေမဲ့ Live Show တော့တစ်ခါမှ မကြည့်ဖူးဘူး ဒီတစ်ခါပထမဆုံးပဲ။ အရင်တစ်ခေါက်ဒီမှာ လုပ်သွားတုန်းကသလို ထပ်မဖြစ်ပါစေနဲ့လို့ဆုတောင်းတာပဲ။ ၅၀ တန်းလက်မှတ်ဝယ်ထားတယ် သွားမယ်ဆိုရင် အတူသွားကြရအောင် ဖုန်းဆက်ကြပါ။ မဟုတ်ရင် တစ်ယောက်တည်းသွားရမှာ ပျင်းစရာကြီး။
အခုလောလောဆယ်တော့ ဗိုက်အတော်ဆာနေပြီ အိမ်မှာ ရှိတာသွားမွှေလိုက်အုန်းမယ်။ ပြီးရင်အိပ်ပြီ။ မနက် ၈နာရီအရောက်သွားရမှာ။
ကျောင်းကပဲကို ကြည့်ချင်ရင်မနက်ဖြန် ကျောင်းကိုလာခဲ့ကြလေ။ လက်မှတ်တော့ကိုယ့်ဟာကိုယ်ဝယ်ပြီးကြည့်ပေါ့ ၂နာရီစမှာ။

Read more

2 comments

My Wish list


သြော်.. ဘာလိုလိုနဲ့ နောက်ဆုံးနှစ်တောင်ရောက်လာပြီး.. သူငယ်ချင်းတွေက ပြောတယ် ငါတို့တွေ ဒီနှစ်အောင်ရင် နောက်ကို အခုလို အလေလိုက်လို့ရတဲ့ ကျောင်းသားဘဝ မရှိနိုင်တော့ဘူးတဲ့.. တကယ်လို့ University တက်ရင်လည်း ဖိအားတွေများနေပြီးတော့ အခုလိုနေနိုင်တော့မှာ မဟုတ်ဘူးတဲ့.. သာဂိတို့ကတော့ ဒီနှစ်ပြီးတာနဲ့ စစ်ထဲဝင်ရတော့မယ် ၂နှစ်.. အဲ့လိုစဉ်းစားပြီးတော့ ကုန်ခဲ့တဲ့အချိန်တွေကို နှမြောမိတယ်.. ဒါပေမဲ့လည်း နှမြောနေလိုလည်း ဘာမှ မှ မထူးတော့ တာလေလို့ ကိုယ့်ကိုယ်ကိုကိုယ် ပြန်အားပေးလိုက်ပြီးတော့ နေမြဲပဲနေလိုက်မိတော့တယ်။


ကျနော်လုပ်ချင်ခဲ့မိတာ့တွေကို ချရေးကြည့်မိတယ်..
တော်တော်များများကို တစိုက်မတ်မတ် မလုပ်ဖြစ်တော့ မပြီးတာတွေများနေတယ်..

ပထမဆုံး နံပါတ် ၁ က Drum တီးတတ်ချင်ခဲ့တယ်.. အဲ့ဒါလည်း online မှာ tutorial တွေကြည့်၊ ဟိုခေါက် ဒီခေါက်လုပ်နဲ့ မတောက် တခေါက်လုပ်ပြီတော့ အချိန်မပေးနိုင်တော့ တာနဲ့ ရိုးသွားတာနဲ့ပဲ မပြီးခဲ့ဘူး။ Drum ဝယ်ဖို့ပိုက်ဆံမရှိတာနဲ့ HDB တိုက်ခန်းမှာ တီးရင် ဘေးအိမ်ကလူတွေ ဝင်းဆဲမှာ စိုးရိမ်တာတွေ လည်းပါပါတယ်။

နံပါတ် ၂ က ဓာတ်ပုံရိုက်ချင်တယ်။ ငယ်ငယ်က digital ကင်မရာတွေ ပေါ်ခါစမှာ အဖေဝယ်ပေးခဲ့တဲ့ 1.3MP ပဲရှိတဲ့ Samsung ကင်မရာလေးစကိုင်ကတည်းက လုပ်ချင်ခဲ့တာ.. အဲ့ကင်မရာရောဂါပိုးအကြောင်း နောက်တစ်ပို့စ်ရေးအုန်းမယ်.. ရှည်ကုန်မှာစိုးလို့။

နံပါတ် ၃ က မြန်မာပြည်အနှံ ခရီးသွားချင်တယ်..
ပုဂံ၊ ညောင်ဦး၊ ပုပ္ဗါး၊
မန္တလေး၊
တောင်ကြီး၊ အင်းလေး၊ ပင်းတရ၊
ကျိုက်ထီးရိုး၊ သာမည၊
ငပလီ၊ မောင်းမကန်၊ ချောင်းသာ၊ ငွေဆောင်၊
နောက်တော့ မြစ်ဆုံ။
ချရေးရရင် ပြီးမှာတောင်မဟုတ်ဘူး.. အသွားချင်ဆုံးက ပုဂံနဲ့ မြစ်ဆုံ။

အကုန်လုံးကို ကိုယ်ပိုင် ကားနဲ့သွားပြီးတော့ ကိုယ်ရပ်ချင်တဲ့နေရာမှာရပ်လိုက် ဓာတ်ပုံလေးရိုက်လိုက်နဲ့ အေးအေးဆေးဆေးသွားချင်တာ.. ရောက်ချင်တဲ့အချိန်မှရောက်ဆိုပြီး။

နောက်ထပ်လုပ်ချင်တာတွေက

နှင်းတွေကျတဲ့ နိုင်ငံတစ်ခုခုကို သွားချင်တယ်။
Guitar တီးတတ်ချင်တယ်။ (သင်ပေးတဲ့ လူကသင်ပေးတယ် တစ်ဝက်တပျက်ရပ် လိုက်တာ)
HTML ကို ကောင်းကောင်းသုံးတတ်ချင်တယ်။(ဒါလည်း online မှာ လိုက်ဖတ်တယ် ဆက်မလုပ်ဖြစ်တာ)
Skate စီးတတ်ချင်တယ်။(သင်လိုက်တာ စီးတတ်တယ်ဆိုရုံပဲရတယ်၊ board ပျောက်သွားတော့ ဆက်မစီးဖြစ်တော့ဘူး)
Jigsaw တစ်ခုပြီးအောင် ဆက်ချင်တယ်။(ဝယ်ပြီးသွားပြီ မစဖြစ်သေးတာ)
ကိုယ်ခံပညာတစ်ခုခု သင်ချင်တယ် ကရာတေးဖြစ်ဖြစ် တိုက်ကွန်ဒိုဖြစ်ဖြစ် အာကီဒိုဖြစ်ဖြစ် ဒါပေမဲ့ အချိန်က မရှိ။

Read more

4 comments

အတွေးများ..


မနေ့က စင်္ကာပူရဲ့တရုတ်တန်းကို သွားဖြစ်ခဲ့တယ်..
အစကတော့ မောင် harry ရယ် ကို လေးကြီးရယ်နဲ့ ဓာတ်ပုံသွားရိုက်မယ်ဆိုပြီးတော့ သွားတာပါ..
အကြောင်းကြောင်းကြောင့် ဓာတ်ပုံမရိုက်လိုက်ခဲ့ရဘူး..
သွားရင်း နဲ့ လမ်းမှာ harry နဲ့ စကားပြောဖြစ်တော့ သူက hosting တစ်ခုလောက်ဝယ်ချင်တယ် တဲ့..
ကိုယ်ပိုင် ဒိုမိန်း လေးတစ်ခုနဲ့ portfolio လေးဖြစ်ဖြစ် Photo gallery လေးဖြစ်ဖြစ် တင်လို့ရတာပေါ့တဲ့.. စဉ်းစာ ကြည့်မိတယ်..
အကြံလေး ကကောင်းတော့ ကောင်းသားလို့.. ပိုက်ဆံလေးရှိနေရင်တော့"အေးကောင်း တယ်.. ဝယ်ကြရအောင်လို့ပြောမိမှာပဲ.." အချိန်မှာတော့ ပိုက်ဆံကို ခြစ်ခြုပ်ပြီးတော့ (not sure i spelled it right or not)သုံးနေရတဲ့ အတွက် သာဂိခမျာ ခေါင်းလေး တစ်ညိမ့်ညိမ့်နဲ့သာ နေခဲ့ရတာပေါ့..

Read more

1 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.