Showing posts with label Scraps. Show all posts
Showing posts with label Scraps. Show all posts

Recap of the week (and Some Movie Reviews)

Just a recap of what had happened during the past week.

အရင်အပတ် သောကြာနေ့က စာမေးပွဲပြီးသွားတယ်။ ပြီးသွားတဲ့နေ့က ကျောင်းမှာပဲ ရုပ်ရှင်ထိုင်ကြည့်ဖြစ်တယ်။ Drew Berrymoe နဲ့ Adam Sandler တို့ရဲ့ 50 First Dates ဆိုတဲ့ကားကို ကြည့်ဖြစ်တယ်။ ဇာတ်လမ်းလေးက ဟောင်းပေမဲ့ မရိုးသွားရလောက်အောင်ကို ကောင်းတယ်။ နောက်တော့ G-force ကြည့်ဖြစ်တယ် အိမ်ပြန်ရောက်မှ ဒေါင်းလုဒ်လုပ်ပြီးကြည့်တာပါ။ တော်တော်ပေါတယ်လို့ပြောရမယ်၊ ဇာတ်လမ်းက ယုတ္တိမရှိတဲ့ ကလေးကားသက်သက်ကြီးပဲ။

နောက် စနေနေ့ကျတော့ Bugis ကို window shopping သွားပြီးတော့ Botanic garden နဲ့ Orchid garden မှာဓာတ်ပုံသွားရိုက်ဖြစ်တယ်။ အဲ့နေ့ညက စိတ်ကူးပေါက်ပြီးတော့ ည၁နာရီခွဲလောက်ကြီးမှာ အိမ်နားက ပန်းခြံထဲမှာ စကိတ်သွားစီးသေးတယ်။ ညဖက်ကြီး ဘယ်သူမှ မရှိတဲ့အချိန် တစ်ယောက်တည်း ပန်းခြံကြီးထဲ ပတ်ပြီး စကိတ်စီးရတာ အရသာတော့ ရှိသား။

တနင်္ဂနွေနေ့ကျတော့ East Coast ကိုသွားခဲ့တယ်။ အဲ့က Extreme Skate Park မှာစကိတ်သွားစီးကြည့်မယ်ဆိုတဲ့ အကြံကြီးနဲ့ပေါ့။ ဟိုကို တကယ်ရောက်တဲ့အချိန်ကျတော့ လူတွေကလည်း ရှုပ်နေ၊ ကိုယ်ကလည်း အသုံးမကျဆိုတော့ ပထမဆုံး Rampကနေ Drop In လုပ်တာ လဲကျပြီး တင်ပါး နာသွားတယ်။ ဒုတိယ အကြိမ်ကျတော့ ဒရွတ်တိုက်ကျတာ ဂျင်းဘောင်းဘီနဲ့ ပွန်းပြီးတော့ ပေါင်ကပါနာသွားတာနဲ့ပဲ လက်လျှော့လိုက်ပြီး သူများတွေ စီးတာကို ထိုင်ကြည့်လာခဲ့တယ်။ အပြန်ကျတော့ Bus မမှီတော့တာနဲ့ နာရီဝက်လောက် လမ်းလျှောက်လိုက်ရသေးတယ်။

ကြားရက်တွေတော့ ဒီလိုပဲကျောင်းသွားပြီးတော့ FYP လေးလုပ်လိုက်၊ အိမ်မှာပဲ ရုပ်ရှင်ထိုင်ကြည့်နေလိုက်၊ ဟိုနားဒီနားလျှောက်သွားလိုက်နဲ့ပါပဲ။ ကြာသာပတေးနေ့ကတော့ သူငယ်ချင်းတွေနဲ့ Badminton သွားရိုက်ဖြစ်သေးတယ်။ စကိတ်စီးထားလို့နာနေတာကို Badminton သွားရိုက်လိုက်တော့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။ လှုပ်တောင် မလှုပ်ချင်တော့ဘူး။ အဲ့ဒါကို ရှည်ပြီးတော့ စောနက ပျင်းနေတုန်း သူငယ်ချင်းကခေါ်တာနဲ့ မနက်၃နာရီခွဲကြီးမှာ Pioneer MRT နားက Hawker ဆိုင်အထိ စကိတ်စီးသွားပြီးတော့ သူကျွေးတဲ့ပလာတာသွားစားလိုက်သေးတယ်။

စောစောက The Ugly Truth ကိုကြည့်ဖြစ်တယ်၊ ဇာတ်ကားနဲ့ သရုပ်ဆောင်သွားတာတွေ ကတော့ တော်တော်ကောင်းတယ် ဒါပေမဲ့ ဇာတ်အိမ်က ဒီမူကြမ်းကြီး အတိုင်းပဲသွားနေတယ် လို့ထင်မိတယ်၊ ကောင်လေးနဲ့ကောင်မလေး တွေ့တုန်းက တစ်ယောက်နဲ့တစ်ယောက် မတည့်၊ ကြည့်မရ ပြီးတော့ အကြောင်းအရာတစ်ခုခုကို တူတူလုပ်ရင်း ဒါမှမဟုတ် စိမ်ခေါ်ပြီးပြိုင်ရရင်း ပြီးတော့ တစ်ယောက်ကို တစ်ယောက်ချစ်သွားကြ၊ ကြိုက်သွားကြ ဒီအတိုင်းကြီးပဲသွားနေသလိုပဲ။

ှAliens In The Attic လည်းကြည့်ဖြစ်သေးတယ် ဟိုနေ့က ရယ်တော့ရယ်ရတယ် ကြည့်ပျော်တယ်လို့ပြောလို့ရတယ်။ ဇာတ်လမ်းက သိပ်မရှိပေမဲ့ ပျော်စရာကောင်းတဲ့ ရယ်ရတဲ့ကားလေးတစ်ခုပေါ့။

အခုတော့ ဗိုက်လည်းပြည့်ပြီ။ ငါးနာရီမတ်တင်းလည်း ရှိပြီဆိုတော့ အိပ်တော့မယ်ဗျာ။ တော်ကြာမနက် အလုပ်သွားမယ့်လူတွေတောင် နိုးလာတော့မယ်။


Read more

0 comments

တိုလီမှုတ်စ အတွေးများ

စကိတ်ကို ဝယ်ပြီးသကာလ Trick တွေသင်ဖို့ Youtube ထဲမှာလိုက်ရှာကြည့်မိတယ်။ ဒီအောက်က video ၄ခုကတော့ မိုက်တယ်။ Trick တွေတော်တော်များများ ပါတယ်။ ကွင်းထဲမှာ လုပ်ဖို့တင်မဟုတ်ပဲ လမ်းပေါ်မှာ လျှောက်စီးတဲ့အခါကျရင် သုံးလို့ရတဲ့နည်းတွေကောပဲ။ Hit more for the videos.





အဲ့ Video တွေထဲက Trick တွေအကုန်လုံးကို ရအောင်လုပ်နိုင်ရင်တော့ တော်တော် အဆင်ပြေသွားပြီလို့ ပြောလို့ရမယ်။ Ollie ကိုတော့ ဒီနေ့တနေ့လုံး ကျောင်းမှာ လုပ်ကြည့်နေတာ၊ ညနေအိမ်ပြန်ရောက်တော့ အိမ်နားက မြက်ခင်းပေါ်မှာ သွားပြီးတော့လုပ်ကြည့်တော့မှပဲ ၃လက်မလောက် မြောက်တော့တယ်။ ပိုမြင့်လာအောင်တော့ ထပ်ပြီး ကျင့်ရမှာပဲ။ အခုတော့ ခုန်ရလွန်းလို့ လူတကိုယ်လုံးလည်း ချွေးတွေရွှဲပြီး ပေါင်တွေလည်းနာနေတာနဲ့ နားထားလိုက်တယ်။

ဒီ Websiteက Vitrual Piano လေးမိုက်တယ်။ ကီးဘုတ်ကိုသုံးပြီးတော့ တီးရတာ။ Bryan Adams ရဲ့ I Will Be Right Here Waiting For You ဆိုတဲ့သီချင်းကို တီးချင်ရင် ဒီကီးတွေ အတိုင်းလိုက်တီးကြည့် "8wt ooiuy 59w yyuiu 60ety trew"။ အဲ့လက်ကွက်က ကျနော့်သူငယ်ချင်း မျိုးသီဟဦးရှာပေးထားတာ။ သူ့မှာတခြားသီချင်းဟာတွေလည်းရှိသေးတယ် ဒါပေမဲ့ ကျနော် မမှတ်မိတော့ဘူး။

တနင်္လာနေ့မှာ တင်ရမဲ့ GEMS Assignment အတွက်ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားနေတယ်။အိုင်ဒီယာတွေရှိရင် ပေးကြပါအုန်း။ Photo Manipulation လုပ်ရမှာ Theme ကိုစဉ်းစားလို့မရသေးဘူး။

Read more

3 comments

တိုလီမိုလီ (၂)

ကျောင်း ပိတ်ဖို့က သုံးပတ်လောက်ပဲ ကျန်တော့တယ်။ အဲ့တော့ Assignment တွေ Project တွေတင်ဖို့ ၂ပတ်ပဲ အချိန်ရတော့တယ်။ ကျောင်းပိတ်မှာကို ပျော်ပဲပျော်ရမလား မပြီးသေးတဲ့ Assignment တွေနဲ့ Project တွေအတွက်ပဲ စိတ်ပူရမလားတောင်မသိတော့ဘူး။ စိတ်တွေရှုပ်လာတာပဲသိတယ်။

တင်ရမဲ့ Project တွေထဲမှာ Programming က ၂ခုပါတယ်။ တစ်ခုက Java နောက်တစ်ခုက Microcontroller အတွက် C နဲ့ Assembly Language ကိုသုံးပြီးရေးရမှာ တစ်ခုမှ စလုံးရေးမစရသေးဘူး။ နောက်တော့ Elective က Photo Manipulation Assignment။ အိုင်ဒီယာတွေကိုတော့ ကျောက်ခဲရေညစ်လုပ်နေတုန်းပဲ။

ဒါနဲ့ ဟိုနေ့တုန်းက ကျောင်းကဓာတ်ပုံပြိုင်ပွဲမှာ ဒီပုံနဲ့ Shortlist အလုပ်ခံရတယ်ဗျ။ Top 10 ပဲဝင်ခဲ့တယ်။ ဆုတော့ မရခဲ့ပါဘူး။ ပထမဆုက ၃၀၀ဆိုတော့ လိုတော့လိုချင်မိသား၊ ဘိုင်ပြတ်နေတာကြာပြီ။ Part Time အလုပ်မလုပ်တော့ကတည်းကပေါ့။ ပြန်လုပ်ဖို့စိတ်ကူးရှိပေမဲ့ အကောင်အထည်မဖေါ်ဖြစ်သေးဘူး။

ပိုက်ဆံမရှိတော့လည်း စိတ်ညစ်ရတယ်။ သူငယ်ချင်းတွေကြား ပိုက်ဆံမရှိဘူး ညည်းရင် နင်ကမိဘနဲ့နေနေပြီးတော့ အော်မနေနဲ့တဲ့။ မိဘနဲ့နေတော့ မိဘကို ဟိုဟာဖိုးဒီဟာဖိုးလိမ်ပြီး ပိုက်ဆံပို့ခိုင်းလို့မရဘူးပေါ့ဗျ။ အခုကျောင်းပိတ်ရက်မှာ ရန်ကုန်ပြန်မယ် ခရီးလျှောက်သွားမယ်လို့ အားခဲ့ထားပေမဲ့ Final Year Project ကမပြီးသေးတော့ သွားလို့ရတော့မယ်မထင်ဘူး။ ကယ်ကြပါအုန်းဗျာ၊ Website တစ်ခုရယ်၊ Application တစ်ခုရယ် Hardware Model တစ်ခုရယ်ဆောက်ရအုန်းမယ်။ နောက်တစ်နှစ်တော့ ထပ်ပြီးမသယ်သွားချင်တော့ဘူး။

ဘာလိုလိုနဲ့ နောက်ဆုံးနှစ်လည်းရောက်လာပြီ နောက်နှစ် ဒီအချိန်ဆို သာဂိတို့ စစ်ထဲမှာ လုံးပန်းနေလောက်ပြီ သေနတ်တကားကားနဲ့ ဟားဟား။ နိုဝင်ဘာလနဲ့ မတ်လမှာ NAPFA ဖြေရမယ်။ National Physical Fitness Award ကိုအတိုကောက်ခေါ်တဲ့ NAPFA ဆိုတာ စကာင်္ပူမှာကျောင်းသားတိုင်းဖြေရတဲ့ Physical Test တစ်ခုပေါ့။ နိုင်ငံခြားသားတွေအတွက် ဘာမှမဟုတ်ပေမဲ့ PR နဲ့ စကာင်္ပူနိုင်ငံသားအမျိုးသားတွေ အတွက်တော့ အရေးကြီးတယ်ဗျ။ ၂ခေါက်တောင်ဖြေရမှာ။ အဲ့Test မှာရွှေဒါမှာမဟုတ် ငွေရရင် NS ကို၂နှစ်အစား ၁နှစ်နဲ့ ၁၀လပဲဆင်းရမယ်။ ပထမဆုံး ၈ပတ်မှာလုပ်တဲ့ Physical Training ကိုလွတ်ငြိမ်းခွင့်ရတယ်ပေါ့ဗျာ။ အဲ့အတွက် Training လုပ်မယ်ဆိုပြီး ကြံနေတာလည်းကြာပြီ။ အမေခဏခဏပြောသလိုပဲ ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီးရောက်နေတာပေါ့။

Read more

3 comments

တိုလီမိုလီ

Read In မြန်မာ|English

Post အသစ်မတင်ဖြစ်တာ ၄၊ ၅ ရက်ရှိသွားပြီ။ Project တွေတင်ရတာနဲ့ lab test တွေဖြေနေရတာရယ်၊ ကျောင်းက ကပွဲအတွက် အလုပ်တွေရှုပ်နေတာ လည်းပါတယ်။ ကျောင်းကပွဲအတွက်က ကိုယ်လုပ်တာနည်းနည်းရယ်ပါ၊ သူများကို လိုက်ပြီးတော့ ရှုပ်နေတာကပို များနေတယ်။ အရင် ၂နှစ်ကတော့ ဦးရွှေရိုးနဲ့ ကရင်ဒုံယိမ်း ကခဲ့တယ်၊ ဒီနှစ်တော့ ဘာအကမှ မပါတော့ပဲ ဓာတ်ပုံပဲရိုက်တော့မယ်။
ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေတုန်းက Rehearsal တွေလုပ်တုန်းကတော့ ဓာတ်ပုံသွားရိုက်ကြည့်သေးတယ်။ Flash မပါတော့ သိပ်အဆင်မပြေချင်ဘူး။ အဲ့ဒါနဲ့ မနက်ဖြန်အတွက် သူများစီက SB-800 တစ်လုံးသွားငှားထားတယ်။ အဲ့ Flash အတွက် DIY Bounce Card တစ်ခုလုပ်နေတယ်။ ပြီးမှ ဘယ်လိုလုပ်တယ်ဆိုတာတင်တော့ မယ်။
ဒီနေ့ ညနေက NDP Preview Parade မှာ Firework တွေဓာတ်ပုံသွားထပ်ရိုက်သေးတယ်။ တကယ့်နေ့ကျ သွားနိုင်မှာ မဟုတ်တော့ Rehearsal Show တွေမှာပဲသွားရိုက်နေဖြစ်တယ်။ အရင်နေ့တွေက ထပ်ပိုပြီးတော့ ပုံပိုရိုက်ဖြစ်ခဲ့တယ်။ ပုံတစ်ခုကို အကြာကြီးရိုက်မယ့်အစား Exposure ခဏပဲဖွင့်ပြီး ပုံပိုများများရိုက်ခဲ့တယ်။ နေရာလည်းပြောင်းရိုက်ခဲ့တယ်။ ကွန်ပျူတာထဲ ဒေါင်းလုဒ်လုပ်ပြီး သေချာကြည့်ပြီးမှပဲ ပုံတွေတင်တော့မယ်။
နောက်အပတ်တနင်္ဂနွေနေ့ကြရင် IC show ရှိတယ်။ လေးဖြူကို သီချင်းတွေနားထောင်ဖူးပေမဲ့ Live Show တော့တစ်ခါမှ မကြည့်ဖူးဘူး ဒီတစ်ခါပထမဆုံးပဲ။ အရင်တစ်ခေါက်ဒီမှာ လုပ်သွားတုန်းကသလို ထပ်မဖြစ်ပါစေနဲ့လို့ဆုတောင်းတာပဲ။ ၅၀ တန်းလက်မှတ်ဝယ်ထားတယ် သွားမယ်ဆိုရင် အတူသွားကြရအောင် ဖုန်းဆက်ကြပါ။ မဟုတ်ရင် တစ်ယောက်တည်းသွားရမှာ ပျင်းစရာကြီး။
အခုလောလောဆယ်တော့ ဗိုက်အတော်ဆာနေပြီ အိမ်မှာ ရှိတာသွားမွှေလိုက်အုန်းမယ်။ ပြီးရင်အိပ်ပြီ။ မနက် ၈နာရီအရောက်သွားရမှာ။
ကျောင်းကပဲကို ကြည့်ချင်ရင်မနက်ဖြန် ကျောင်းကိုလာခဲ့ကြလေ။ လက်မှတ်တော့ကိုယ့်ဟာကိုယ်ဝယ်ပြီးကြည့်ပေါ့ ၂နာရီစမှာ။

Read more

2 comments

ဟိုတွေးဒီရေး

မောင်သာဂိ ပြီးခဲ့တဲ့ စနေနေ့က အိမ်ကမိသားစုတွေနဲ့ ထိုင်းနိုင်ငံကို အလည်သွားဖြစ်ခဲ့တယ်။ မနေ့က မှ ပြန်ရောက်လာတာပါ။ ဖြစ်ချင်တော့ ထိုင်းကို မသွားခင် တပတ်လာက်တုန်းက ဖျားလိုက်သေးတယ်။ ပြီးတော့ အခု ပြန်ရောက်လာတော့လည်း လူကဖျားချင်သလိုလို ဖြစ်လာသည်။ မဖြစ်သေးပဲ ဖြစ်မလိုလေး နေသေးတာပင် ကံကောင်းတယ်လို့ထင်သည်။
ဟိုမှာနေခဲ့တဲ့ ၅ရက်လောက်ကို တစ်ရက်မှ မနားပဲ လျှောက်သွားလိုက် စားလိုက်၊ ထပ်စားလိုက် လျှောက်သွားလိုက်နဲ့ မနားတမ်းကို လည်ပတ်လာတာ။
ဓာတ်ပုံတွေလည်း အများကြီးရိုက်ဖြစ်ခဲ့တယ်။ များလွန်းတော့လည်း ပြန်ပြီးတော့ ကြည့်ရမှာတောင်ပျင်းလာတယ်။ ဒါပေမဲ့ နည်းနည်းချင်းစီ ကြည့်ပြီးတော့မှ တင်ဦးမည်။
မကြာမီ လာမည် မျှော်ပေါ့။

Read more

0 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.