ABBC လို့အတိုကောက်ခေါ်တဲ့ abetterbouncecard.com မှာလုပ်ပြထားတဲ့ Ulitmate Bounce Card တစ်ခုကို လုပ်ကြရအောင်။ ပထမဆုံး သူလုပ်ပြထားတာကို ကြည့်ရအောင်။
Video ထဲမှာသူသုံးသွားတာ ဘာပစ္စည်းတွေလည်းတော့ မသိဘူး ကျနော်ကတော့ Construction Paper အမဲရောင်နဲ့ ဒီ Inkjet ဓာတ်ပုံစာရွက်ကိုသုံးထားတယ်။
အဲ့စာရွက်မှာ နှစ်ဖက်ပါတယ် ပြောင်နေတဲ့ Glossy ဖက်ရယ် Matte ဖက်ရယ်၊ ကျနော်တို့သုံးမှာက Matte ဖက်ကို သုံးမှာပါ။ ပထမဆုံး အဲ့စာရွက်မှာ ပုံမှာပြထားတဲ့အတိုင်း အနားကနေ တစ်လက်မစီခွာပြီးတော့ လိုင်းနှစ်ခုဆွဲလိုက်ပါ။ ပြီးတော့ လိုင်းတွေချယ်ထားတဲ့နေရာကို ညှပ်ထုပ်လိုက်ပါ။
ပြီးတော့ Construction Paper ကို ၆လက်မပတ်လည် Square တစ်ခုညှပ်လိုက်ပါ။ ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း အပေါ်ပိုင်ကို စက်ဝိုင်ခြမ်းပုံ ညှပ်လိုက်ပါ။

အောက်မှာ ချန်ထားခဲ့တဲ့နေရာက စောစောညှပ်ထားတဲ့ စာရွက်အဖြူနဲ့ အတိဖြစ်နေရမှာပါ။
ပြီးရင် အဲ့စာရွက်နှစ်ခုကို ထပ်ပြီးတော့ သရေကွင်းနဲ့ ဖြစ်ဖြစ် flash gun မှာချည်လိုက်ယုံပါပဲ။

သူ့ Video ထဲမှာပြထားသလို ခါးပတ်လေးမပါတော့ နေရပြောင်းရတာ နည်းနည်းတော့ အခက်အခဲရှိပါလိမ့်မယ်။
Showing posts with label DIY. Show all posts
Showing posts with label DIY. Show all posts
DIY Ultimate Bounce Card
Published Sunday, August 2, 2009 by မောင်သာဂိ in DIY, guide, Tutorial
Subscribe to:
Posts (Atom)


