I'm Back! And I'm gonna be gone again soon...

Blog မှာ post မတင်ဖြစ်တာတောင် အတော်ကြီး ကြာသွားပြီ။ ကျောင်းပြီးသွားတော့ ဟိုနားယောင်လိုက် ဒီနားယောင်လိုက်နဲ့ အလေလိုက်နေမိတာလည်း ကြာပြီ။ သူများတွေလည်း ကျောင်းစတက်တဲ့ လူတွေလည်းတက် အလုပ်ရတဲ့လူတွေလည်း ရပြီးအလုပ်တွေလုပ်လို့။

ကျနော်ကတော့ NS ဝင်ရမှာဆိုပြီးတော့ ဘာဆိုဘာမှ မလုပ်ပဲ နေနေလိုက်တာ နောက် ဒုတိယမြောက် တနင်္လာနေ့ September 13ဆို NS ထဲဝင်ရတော့မယ်။ တနင်္လာနေ့မနက် အစောကြီး Pasir Ris ကနေ မော်တော်ဘုတ်လေးစီးပြီးတော့ Pulau Tekong ဆိုတဲ့ကျွန်းကိုသွားပြီးတော့ စရတော့မယ်။

ဒီကြားထဲမှာ Blog မှာ မတင်ဖြစ်ပေမဲ့ Flickr မှာတော့ ဓာတ်ပုံတွေ တင်ဖြစ်တယ်။ သွားကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link မှာသွားကြည့်လို့ရတယ်။

ဒီနှစ် SP Myanmar Cultrual Show ကိုလည်း ဓာတ်ပုံရိုက်ဖြစ်သေးတယ်။ အခုလောလောဆယ်တော့ ဓာတ်ပုံတွေကို Facebook မှာပဲတင်ရသေးတယ်၊ ကြည့်ချင်ရင် ဒီ Link ကနေသွားကြည့်လို့ရတယ်။ ရိုက်ခဲ့တဲ့ပုံအားလုံးရဲ့ တစ်ဝက်လောက်ပဲတင်ရသေးတယ်။ ကျန်တာတွေကိုတော့ NS ထဲမသွားခင်မှာ အပြီးလုပ်မယ်လို့ လျာထားတယ်၊ ပြီးမပြီးကတော့ စောင့်ကြည့်ရတော့မှာပေါ့။



မြန်မာပြည်ကို ခဏပြန်သွားတုန်းက အင်းလေးမှာ ရိုက်လာတဲ့ အပေါ်ကပုံလေးကို ကိုယ့်ဟာကိုယ် Wallpaper လုပ်ကြည့်ရင်းနဲ့ သဘောကျတာနဲ့ အကုန်လုံးနဲ့ ဒီမှာပြန်ပြီးတော့ မျှဝေလိုက်တယ်။ ဒီ Link မှာ သွားပြီးတော့ Download လုပ်လို့ရတယ်။
Resolutions တွေကတော့ Desktop နဲ့ Laptop တွေအတွက် 1080p Full HD ကနေပြီးတော့ 1024x576 အထိပါတယ်၊ ပြီးတော့ iPhone4 အတွက် သက်သက် 640x960 resolutionပါ ပါသေးတယ်။

Read more

0 comments

Splash!


Taken awhile back in august 2009. Using a SB-800 flash borrowed from a friend.

Camera Nikon - D90
Lens - Nikkor 18-105
Exposure - 1/200 sec
Aperture - f/9
Focal Length - 105mm
ISO - 200
Flash- SB800 fired from left of the camera.

Increased Contrast and Cropped in Aperture.
Framed in Photoshop.
View On Black

Hit Read More for Metadata

Read more

0 comments

Bullleh!



Taken with the reverse mounted 50mm. with f/16, 6 sec exposure.

Read more

0 comments



Testing my newest baby, Tokina 11-16mm f/2.8. UWA Rock!

Read more

0 comments

ကျနော့်အိမ်ကနေ မြင်ရတဲ့နေဝင်ချိန်။


Read more

0 comments

Sunset

Read more

1 comments

This Way

Read more

0 comments

The Elgin Bridge

A Little History first >.<

Elgin Bridge, the First Bridge to be built across the singapore river. Named after Lord Elgin, Governor-General of India. It divides the South Bridge Road and the North Bridge Road.



It's a combination of 3 two seconds shots taken with 18-105mm on a D90. Mounted on a tripod at knee level. Raw files are combined using Image Overlay Function in Camera.

Post processing is done using Aperture and Photoshop softwares. Cross processed, adjusted contrast, color, saturation and vibrancy.

This is the first of the light trail photos. I've got a couple of them so i'll be post them in a few days.

For higher resolution click on the photo. For the highest resolution check out my Flickr.




Read more

0 comments

Oh! That was '09

ဘာမှ မရေးဖြစ်တာလည်း ကြာပြီ။ အလုပ်ရှုပ် နေတာရယ် ပျင်းနေတာရယ်နဲ့ပဲ။2010ရဲ့ ပထမဆုံးပိုစ့်ပေါ့၊ ဘာရေးရင် ကောင်းမလည်းမသိဘူး။

ပြီးခဲ့တဲ့ အပတ်ကပဲ ကျနော်တို့ကျောင်းက Open House နဲ့ SPinnovex ပြပွဲလုပ်ပြီးသွားတယ်။ ကျနော်တို့ရဲ့ FYP project လေး ပြပွဲဝင်လိုက်ရတယ်ဗျ၊ ပြခန်းထဲမှာ ထိုင်ပြီးလာကြည့်တဲ့သူတွေ မေးတာကိုဖြေလိုက်၊ ဂိမ်းဆော့လိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အချိန်ဖြုန်းနေတာ ၇ရက်နေ့ကနေ ၉ရက်အထိ သုံးရက်လုံးပဲ။ ဒီလိုနဲပဲ့ ကျောင်းပြီးဖို့ ၂လလောက်ပဲလိုတော့တယ်။ နောက်လမှာ NAPFA test လည်းဖြေရမယ်။ပြီရင် ၂နှစ်လောက်တော့ စစ်သားသွားလုပ်ရအုန်းမယ်။

၂၀၀၉ ခုကြီးကုန်သွားလို့ ကိုယ့်ကိုယ်ကိုကိုယ်ပြန်ပြီး စဉ်းစားကြည့်မိတယ်ဗျ ဘာတွေများထူးလာလည်းလို့။ အသက်တစ်နှစ်ပိုကြီးသွားတယ်တာရယ် ပိုဝလာတာရယ်ကလွဲပြီး ဘာမှ အထွေအထူးမရှိခဲ့ဘူးလိုပဲ။

ဝါဿနာပါတဲ့ ဓာတ်ပုံရိုက်ချင်းကို လေ့လာဖြစ်ခဲ့တယ်။ ကျောင်းက သင်္ကြန်ကပွဲမှာ ဓာတ်ပုံလိုက်ရိုက်ပေးဖြစ်ခဲ့တယ်၊ ပုံ ၁၅၀၀နီးပါလောက် ရိုက်ခဲ့ပြီးမှ Post Processing လုပ်ရမှာပျင်းနေတာနဲ့ အခုထိဓာတ်ပုံတွေ အကုန်မထွက်သေးဘူး။ တစ်ခေါက်တော့ ကျောင်းကလုပ်ပေးတဲ့ပြိုင်ပွဲမှာ TOP 10 ဝင်လိုက်သေးတယ်။ ဘာမှမဟုတ်ပေမဲ့ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေကို ကိုယ်ပြန်ကြည့်ပြီတော့ ကျေနပ်နေတာပဲ။အဖေကတော့ Camera ကြီးကိုဝယ်ပြီး သေချာစည်းကမ်းတကျ မသိမ်းလို့ဆိုပြီး ခဏခဏ ဆူဆဲနေတုန်းပဲ။

အမေကတော့ ခဏခဏပြောတယ် "နင်ဆိုတဲ့ကောင်က ရေတက်ငါးစင်ရိုင်း" တဲ့ စိတ်ပါတဲ့အချိန်လေးပဲ လွန့်လွန့်လူးနေပြီးတော့ ခဏကြာရင် ပြစ်ပြစ်ထားတယ်တဲ့။ အခုလောလောဆယ်မှာတော့ Extreme Sport တွေကိုအထူးတလည်စိတ်ဝင်စားမိနေတယ်။ Motor X, Skateboarding, BMX နဲ့ Rally Racing တွေပေါ့။ Skateboard တစ်ခုကို လက်ထဲရှိတဲ့ပိုက်ဆံ အကုန်ပေးပြီးဝယ်ခဲ့တယ်၊ Trick တွေကိုကျင့်မယ်ကျင့်မယ်နဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပဲ မလုပ်ဖြစ်ခဲ့ဘူး။ သူများတွေစီးထားတဲ့ Videoတွေကို ကြည့်ပြီးတော့ အားကြနေတာနဲ့ပဲ ပြီးနေတာပဲ။ ကိုယ့်ဟာကိုကိုယ်တော့ Ollie ကိုရပ်နေတုန်း ခုန်တာကလွဲပြီး ဘာမှမလုပ်တတ်သေးဘူး။

မိသားစုနဲ့ထိုင်းကို ခရီးသွားဖြစ်ခဲ့သေးတယ်။ ကျနော်မှတ်မိသလောက်တော့ ဒါပထမဦးဆုံးအကြိမ် မိသားစုလေးယောက် ခရီးထွက်ဖူးတာပဲ၊ ကျနော်ငယ်ငယ်က အဖေကစလုံးမှာဆိုတော့ အမေနဲ့ ညီအကိုနှစ်ယောက်နဲ့ပဲ ခရီးသွားဖြစ်ကြတာ။ ၁ပတ်လောက်ကို Pattya နဲ့ Bangkok ပတ်ခဲ့တယ်။ အဲ့တုန်းကရိုက်ခဲ့တဲ့ပုံတွေလည်း အခုထိ Process မလုပ်ရသေးတာအများကြီးပဲ။

ပြန်စဉ်းစားရရင် ၂၀၀၉ က Process မလုပ်ရသေးတဲ့ ဓာတ်ပုံ တစ်ပုံတစ်ပင်နဲ့ အမှတ်ရစရာတွေ ပျော်စရာတွေ၊ အဆုံးမသတ်ဖြစ်တဲ့ ဟိုတစ်စ ဒီတစ်စ အရာတွေနဲ့ အပြည့်ပေါ့ဗျာ။ အခု ၂၀၁၀မှာလည်း ဘယ်လိုလာအုန်းမလည်းဆိုတာ ကြည့်ကြတာပေါ့။

Read more

0 comments

One Ring To Rule Them All

သူငယ်ချင်းစီကနေ ဓားပြတိုက်ပြီးယူလာတဲ့ Lord Of Ring ထဲက The One Ring။ 50mm ကိုပြောင်းပြန်တပ်ပြီးတော့ ရိုက်ထားတာ။




Read more

0 comments

Little Motorcycles...

Taken at a market in Pattaya during my trip to Thailand.


Read more

0 comments

Soft Light

Just Trying out the Soft Cool color tones. They are really fun. These photos are taken at Bukit Timah.


Read more

0 comments

Party Life.

This was taken with my phone and edited using Photoshop Mobile App in the phone. Taken inside St. James Power House.

Read more

0 comments

I'm not alone. But lonely.


Click on the picture to download the wallpaper sized version.

Read more

0 comments

အိပ်မရတဲ့ ညများ



ဘာမှ မတင်ဖြစ်တာလည်းကြာပြီးပေါ့ ဘလော့မှာ။ အလုပ်ပြန်လုပ်ဖြစ်တယ်၊ ကျောင်းပိတ်တုန်းလေးမှာ။ Orchard လမ်းမပေါ်က Wistma Atria Shopping Center ရှေ့က ဘားမှာပါ။ နှစ်ပတ်လောက်ရှိပြီ။ အလုပ်က ည ၂နာရီကျော် ၃နာရီလောက်မှပြီးပြီးတော့ အိမ်ပြန်ရောက်ချိန်ဆို ၄နာရီလောက်ရှိနေပြီဆိုတော့ အိပ်ချိန်တွေလည်း ကပြောင်းကပြန်တွေဖြစ်ပြီး၊ အလုပ်မရှိတဲ့နေ့တွေဆိုပါ အိပ်လို့မရတော့ဘူး ဖြစ်နေတယ်။

အိမ်အောက်ကလမ်းမှာဖြတ်သွားတဲ့ကားတွေကို ဓာတ်ပုံထိုင်ရိုက်ရင်ရိုက် မရိုက်ရင် ရုပ်ရှင်ထိုင်ကြည့်နေဖြစ်တယ်။ စိတ်ကူးပေါက်ရင် Boonlay Mrt နားက Jurong Central Park ထဲမှာ စကိတ်သွားစီးဖြစ်တယ်။ စကိတ်စီးတယ်ဆိုမှ ပြောပြအုန်းမယ်၊ ဒီဗီဒီယိုလေး အသေမိုက်တယ်၊ စကိတ်စီးတာကို Slow Motion Cam နဲ့ရိုက်ပြထားတာ။


Read more

3 comments

Recap of the week (and Some Movie Reviews)

Just a recap of what had happened during the past week.

အရင်အပတ် သောကြာနေ့က စာမေးပွဲပြီးသွားတယ်။ ပြီးသွားတဲ့နေ့က ကျောင်းမှာပဲ ရုပ်ရှင်ထိုင်ကြည့်ဖြစ်တယ်။ Drew Berrymoe နဲ့ Adam Sandler တို့ရဲ့ 50 First Dates ဆိုတဲ့ကားကို ကြည့်ဖြစ်တယ်။ ဇာတ်လမ်းလေးက ဟောင်းပေမဲ့ မရိုးသွားရလောက်အောင်ကို ကောင်းတယ်။ နောက်တော့ G-force ကြည့်ဖြစ်တယ် အိမ်ပြန်ရောက်မှ ဒေါင်းလုဒ်လုပ်ပြီးကြည့်တာပါ။ တော်တော်ပေါတယ်လို့ပြောရမယ်၊ ဇာတ်လမ်းက ယုတ္တိမရှိတဲ့ ကလေးကားသက်သက်ကြီးပဲ။

နောက် စနေနေ့ကျတော့ Bugis ကို window shopping သွားပြီးတော့ Botanic garden နဲ့ Orchid garden မှာဓာတ်ပုံသွားရိုက်ဖြစ်တယ်။ အဲ့နေ့ညက စိတ်ကူးပေါက်ပြီးတော့ ည၁နာရီခွဲလောက်ကြီးမှာ အိမ်နားက ပန်းခြံထဲမှာ စကိတ်သွားစီးသေးတယ်။ ညဖက်ကြီး ဘယ်သူမှ မရှိတဲ့အချိန် တစ်ယောက်တည်း ပန်းခြံကြီးထဲ ပတ်ပြီး စကိတ်စီးရတာ အရသာတော့ ရှိသား။

တနင်္ဂနွေနေ့ကျတော့ East Coast ကိုသွားခဲ့တယ်။ အဲ့က Extreme Skate Park မှာစကိတ်သွားစီးကြည့်မယ်ဆိုတဲ့ အကြံကြီးနဲ့ပေါ့။ ဟိုကို တကယ်ရောက်တဲ့အချိန်ကျတော့ လူတွေကလည်း ရှုပ်နေ၊ ကိုယ်ကလည်း အသုံးမကျဆိုတော့ ပထမဆုံး Rampကနေ Drop In လုပ်တာ လဲကျပြီး တင်ပါး နာသွားတယ်။ ဒုတိယ အကြိမ်ကျတော့ ဒရွတ်တိုက်ကျတာ ဂျင်းဘောင်းဘီနဲ့ ပွန်းပြီးတော့ ပေါင်ကပါနာသွားတာနဲ့ပဲ လက်လျှော့လိုက်ပြီး သူများတွေ စီးတာကို ထိုင်ကြည့်လာခဲ့တယ်။ အပြန်ကျတော့ Bus မမှီတော့တာနဲ့ နာရီဝက်လောက် လမ်းလျှောက်လိုက်ရသေးတယ်။

ကြားရက်တွေတော့ ဒီလိုပဲကျောင်းသွားပြီးတော့ FYP လေးလုပ်လိုက်၊ အိမ်မှာပဲ ရုပ်ရှင်ထိုင်ကြည့်နေလိုက်၊ ဟိုနားဒီနားလျှောက်သွားလိုက်နဲ့ပါပဲ။ ကြာသာပတေးနေ့ကတော့ သူငယ်ချင်းတွေနဲ့ Badminton သွားရိုက်ဖြစ်သေးတယ်။ စကိတ်စီးထားလို့နာနေတာကို Badminton သွားရိုက်လိုက်တော့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။ လှုပ်တောင် မလှုပ်ချင်တော့ဘူး။ အဲ့ဒါကို ရှည်ပြီးတော့ စောနက ပျင်းနေတုန်း သူငယ်ချင်းကခေါ်တာနဲ့ မနက်၃နာရီခွဲကြီးမှာ Pioneer MRT နားက Hawker ဆိုင်အထိ စကိတ်စီးသွားပြီးတော့ သူကျွေးတဲ့ပလာတာသွားစားလိုက်သေးတယ်။

စောစောက The Ugly Truth ကိုကြည့်ဖြစ်တယ်၊ ဇာတ်ကားနဲ့ သရုပ်ဆောင်သွားတာတွေ ကတော့ တော်တော်ကောင်းတယ် ဒါပေမဲ့ ဇာတ်အိမ်က ဒီမူကြမ်းကြီး အတိုင်းပဲသွားနေတယ် လို့ထင်မိတယ်၊ ကောင်လေးနဲ့ကောင်မလေး တွေ့တုန်းက တစ်ယောက်နဲ့တစ်ယောက် မတည့်၊ ကြည့်မရ ပြီးတော့ အကြောင်းအရာတစ်ခုခုကို တူတူလုပ်ရင်း ဒါမှမဟုတ် စိမ်ခေါ်ပြီးပြိုင်ရရင်း ပြီးတော့ တစ်ယောက်ကို တစ်ယောက်ချစ်သွားကြ၊ ကြိုက်သွားကြ ဒီအတိုင်းကြီးပဲသွားနေသလိုပဲ။

ှAliens In The Attic လည်းကြည့်ဖြစ်သေးတယ် ဟိုနေ့က ရယ်တော့ရယ်ရတယ် ကြည့်ပျော်တယ်လို့ပြောလို့ရတယ်။ ဇာတ်လမ်းက သိပ်မရှိပေမဲ့ ပျော်စရာကောင်းတဲ့ ရယ်ရတဲ့ကားလေးတစ်ခုပေါ့။

အခုတော့ ဗိုက်လည်းပြည့်ပြီ။ ငါးနာရီမတ်တင်းလည်း ရှိပြီဆိုတော့ အိပ်တော့မယ်ဗျာ။ တော်ကြာမနက် အလုပ်သွားမယ့်လူတွေတောင် နိုးလာတော့မယ်။


Read more

0 comments

မင်္ဂလာ မနက်ခင်းပါ။

Read In မြန်မာ|English

ဒီနေ့ကတော့ မင်္ဂလာရှိတဲ့နေ့လေးတနေ့ပေါ့ဗျာ။ စာမေးပွဲနောက်ဆုံးနေ့မို့ ဟဲဟဲ။ အခုရက်ပိုင်း စင်္ကာပူမှာ မိုးတွေ ခဏခဏရွာနေတော့ မိုးစက်လေးတွေပါတဲ့ ဓာတ်ပုံလေးပါတင်ပေးလိုက်တယ်။ ဓာတ်ပုံကတော့ နေ့ခင်းကြောင်တောင် ၁နာရီလောက်မှာ Singapore Botanical Garden ထဲမှာရိုက်ထားတဲ့ပုံကြီးပါ။

Read more

0 comments

ကျောင်းပိတ်ချိန်

ကျောင်းပိတ်ချိန် ဆိုလို့ သာဂိတို့ကျောင်းတွေပိတ်ပြီး အားနေပြီတော့မထင်ပါနဲ့ စာမေးပွဲဖြေနေရတုန်းပါ။ တစ်ဘာသာကျန်သေးတယ် သောကြာနေ့ဖြေဖို့။ လောလောဆယ်တော့ ၂ခုဖြေပြီးသွားပြီ အခြေအနေကတော့ မဆိုးဘူးပဲပြောရမလား မကောင်းဘူးပဲပြောရမလားတော့မသိဘူး။ သူတို့မေးချင်တာမေးတာကို ဖြေချင်တာတွေဖြေလာခဲ့တယ်။ ဆရာပေးသလောက်ပေါ့ အမှတ်ကတော့။
ကျောင်းကလူ တော်တော်များများတော့ စာမေးပွဲတွေပြီးကုန်ကြပြီ၊ ရန်ကုန်ပြန်တဲ့လူကပြန် မပြန်တဲ့လူတွေကလည်း Project တွေလုပ် အချိန်ပိုင်းအလုပ်တွေလုပ်နဲ့ ဒီ၆ပတ် ကျောင်းပိတ်ရက်ကို ကျော်ဖြတ်ကြရတော့မယ်။

ဒီ၆ပတ်အတွက်ကျနော်အစီအစဉ်ကတော့-
FYP လုပ်ရမယ်၊
Part-time အလုပ်ပြန်ရှာရမယ်၊
စကိတ်စီး ကျင့်မယ်၊
ဓာတ်ပုံတွေ အများကြီးလျှောက်ရိုက်မယ်၊
NAPFA ဖြေဖို့လေးကျင့်ခန်းလုပ်ရမယ်။

Part-time အလုပ်အတွက်ကို အရင်လုပ်တဲ့ ဘားမှာပဲသွားပြန်လုပ်ရင် ကောင်းမလား၊ Photographer's Assistant သွားလုပ်ရင် ကောင်းမလား စဉ်းစားနေတယ်။ လျှောက်တော့ လျှောက်ထားတယ် ရရင်တော့ သွားလုပ်ချင်တယ် အတွေအကြုံ ရအောင်လို့။

ကျနော့်သူငယ်ချင်း တချို့တွေမြန်မာပြည်ကို ပြန်ကြမယ်တဲ့။ အစကကျနော်လည်း ပြန်မယ်လို့စိတ်ကူးတာပဲ၊ ဒါပေမဲ့ FYP ကမပြီးတာနဲ့၊ ပိုက်ဆံမရှိတာနဲ့ပဲ မပြန်ဖြစ်တော့ဘူး။ နောက်နှစ်ကျောင်းပြီးတဲ့အချိန် NSထဲမဝင်ခင်ကျမှပဲ ပြန်ဖြစ်တော့မယ်ထင်တယ်။ NSထဲဝင်တယ်ဆိုမှ NAPFA ဖြေဖို့လည်း လုပ်ရအုန်းမယ်။ အနည်းဆုံး ငွေလောက်ရအောင်တော့လုပ်ရမယ်။ သြော်စိတ်ညစ်တယ်... လောလောဆယ်တော့ သောကြာနေ့ဖြေဖို့ စာလုပ်လိုက်အုန်းမယ်။

Read more

1 comments

Read In မြန်မာ|English

စင်ကာင်္ပူမှာ ရှိတဲ့ဓာတ်ပုံဆရာတိုင်း ဒီနေရာတွေမှာ တစ်ခေါက်မဟုတ် တခေါက်တော့ ဓာတ်ပုံရိုက်ဖူးကြမှာပဲ။ ဘာမှ ဓာတ်ပုံရိုက်စရာ မရှိတဲ့ ဒီကျွန်းသေးသေးလေးမှာ ဒီနေရာတွေပဲပတ်ရိုက်နေရတာဆိုတော့။
ဒီပုံတွေက ကျနော်ရယ်၊ ကိုဝေယံလင်းရယ်၊ ဟယ်ရီရယ် မေ ၁၃ရက်နေ့တုန်းက သွားတုန်းက ရိုက်ထားတာတွေပါ။ ထုံးစံအတိုင်း ရိုက်ပြီးတော့ Process လုပ်ရမှာ ပျင်းတာနဲ့ ပုံထားတဲ့ဓာတ်ပုံတွေပေါ့။
Hit more for metadata.
The City Hall
(f/4 1/3s ISO800)
The City that sometimes sleep :D
(f/16 8s ISO200)
F1 Cars? Nah, it was just a Taxi
(f/4.8 1s ISO200)
CBD
(f/4.5 0.6s ISO200)
Singapore Flyer and Marina bay
(f/5 1.6s ISO200)
One Fulton basement, on your way back
(f/3.5 1/5s ISO200)

Read more

1 comments

Henderson Waves

Read In မြန်မာ|English

These photos were taken on Henderson Waves of Singapore. Which is the highest pedestrian bridge in Singapore spanning 36 meters above Henderson Road.
Those photos were taken during my trip there on the very first day after i bought my D90. It had been 5 months and the shutter count on my camera is almost 15000. And my skills, well, not improving very much. And i have what seem like 5000 pictures to process, Photos from Thailand trip, SP show, Dance practices before the show and even some of the photos taken with my D60 before i sold it out.

Read more

0 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.