I'm Back! And I'm gonna be gone again soon...

Blog မှာ post မတင်ဖြစ်တာတောင် အတော်ကြီး ကြာသွားပြီ။ ကျောင်းပြီးသွားတော့ ဟိုနားယောင်လိုက် ဒီနားယောင်လိုက်နဲ့ အလေလိုက်နေမိတာလည်း ကြာပြီ။ သူများတွေလည်း ကျောင်းစတက်တဲ့ လူတွေလည်းတက် အလုပ်ရတဲ့လူတွေလည်း ရပြီးအလုပ်တွေလုပ်လို့။

ကျနော်ကတော့ NS ဝင်ရမှာဆိုပြီးတော့ ဘာဆိုဘာမှ မလုပ်ပဲ နေနေလိုက်တာ နောက် ဒုတိယမြောက် တနင်္လာနေ့ September 13ဆို NS ထဲဝင်ရတော့မယ်။ တနင်္လာနေ့မနက် အစောကြီး Pasir Ris ကနေ မော်တော်ဘုတ်လေးစီးပြီးတော့ Pulau Tekong ဆိုတဲ့ကျွန်းကိုသွားပြီးတော့ စရတော့မယ်။

ဒီကြားထဲမှာ Blog မှာ မတင်ဖြစ်ပေမဲ့ Flickr မှာတော့ ဓာတ်ပုံတွေ တင်ဖြစ်တယ်။ သွားကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link မှာသွားကြည့်လို့ရတယ်။

ဒီနှစ် SP Myanmar Cultrual Show ကိုလည်း ဓာတ်ပုံရိုက်ဖြစ်သေးတယ်။ အခုလောလောဆယ်တော့ ဓာတ်ပုံတွေကို Facebook မှာပဲတင်ရသေးတယ်၊ ကြည့်ချင်ရင် ဒီ Link ကနေသွားကြည့်လို့ရတယ်။ ရိုက်ခဲ့တဲ့ပုံအားလုံးရဲ့ တစ်ဝက်လောက်ပဲတင်ရသေးတယ်။ ကျန်တာတွေကိုတော့ NS ထဲမသွားခင်မှာ အပြီးလုပ်မယ်လို့ လျာထားတယ်၊ ပြီးမပြီးကတော့ စောင့်ကြည့်ရတော့မှာပေါ့။



မြန်မာပြည်ကို ခဏပြန်သွားတုန်းက အင်းလေးမှာ ရိုက်လာတဲ့ အပေါ်ကပုံလေးကို ကိုယ့်ဟာကိုယ် Wallpaper လုပ်ကြည့်ရင်းနဲ့ သဘောကျတာနဲ့ အကုန်လုံးနဲ့ ဒီမှာပြန်ပြီးတော့ မျှဝေလိုက်တယ်။ ဒီ Link မှာ သွားပြီးတော့ Download လုပ်လို့ရတယ်။
Resolutions တွေကတော့ Desktop နဲ့ Laptop တွေအတွက် 1080p Full HD ကနေပြီးတော့ 1024x576 အထိပါတယ်၊ ပြီးတော့ iPhone4 အတွက် သက်သက် 640x960 resolutionပါ ပါသေးတယ်။

0 comments

Splash!


Taken awhile back in august 2009. Using a SB-800 flash borrowed from a friend.
View On Black

Hit Read More for Metadata

Read more

0 comments

Bullleh!



Taken with the reverse mounted 50mm. with f/16, 6 sec exposure.

0 comments



Testing my newest baby, Tokina 11-16mm f/2.8. UWA Rock!

0 comments

ကျနော့်အိမ်ကနေ မြင်ရတဲ့နေဝင်ချိန်။


0 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.