တိုလီမိုလီ

Read In မြန်မာ|English

Post အသစ်မတင်ဖြစ်တာ ၄၊ ၅ ရက်ရှိသွားပြီ။ Project တွေတင်ရတာနဲ့ lab test တွေဖြေနေရတာရယ်၊ ကျောင်းက ကပွဲအတွက် အလုပ်တွေရှုပ်နေတာ လည်းပါတယ်။ ကျောင်းကပွဲအတွက်က ကိုယ်လုပ်တာနည်းနည်းရယ်ပါ၊ သူများကို လိုက်ပြီးတော့ ရှုပ်နေတာကပို များနေတယ်။ အရင် ၂နှစ်ကတော့ ဦးရွှေရိုးနဲ့ ကရင်ဒုံယိမ်း ကခဲ့တယ်၊ ဒီနှစ်တော့ ဘာအကမှ မပါတော့ပဲ ဓာတ်ပုံပဲရိုက်တော့မယ်။
ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေတုန်းက Rehearsal တွေလုပ်တုန်းကတော့ ဓာတ်ပုံသွားရိုက်ကြည့်သေးတယ်။ Flash မပါတော့ သိပ်အဆင်မပြေချင်ဘူး။ အဲ့ဒါနဲ့ မနက်ဖြန်အတွက် သူများစီက SB-800 တစ်လုံးသွားငှားထားတယ်။ အဲ့ Flash အတွက် DIY Bounce Card တစ်ခုလုပ်နေတယ်။ ပြီးမှ ဘယ်လိုလုပ်တယ်ဆိုတာတင်တော့ မယ်။
ဒီနေ့ ညနေက NDP Preview Parade မှာ Firework တွေဓာတ်ပုံသွားထပ်ရိုက်သေးတယ်။ တကယ့်နေ့ကျ သွားနိုင်မှာ မဟုတ်တော့ Rehearsal Show တွေမှာပဲသွားရိုက်နေဖြစ်တယ်။ အရင်နေ့တွေက ထပ်ပိုပြီးတော့ ပုံပိုရိုက်ဖြစ်ခဲ့တယ်။ ပုံတစ်ခုကို အကြာကြီးရိုက်မယ့်အစား Exposure ခဏပဲဖွင့်ပြီး ပုံပိုများများရိုက်ခဲ့တယ်။ နေရာလည်းပြောင်းရိုက်ခဲ့တယ်။ ကွန်ပျူတာထဲ ဒေါင်းလုဒ်လုပ်ပြီး သေချာကြည့်ပြီးမှပဲ ပုံတွေတင်တော့မယ်။
နောက်အပတ်တနင်္ဂနွေနေ့ကြရင် IC show ရှိတယ်။ လေးဖြူကို သီချင်းတွေနားထောင်ဖူးပေမဲ့ Live Show တော့တစ်ခါမှ မကြည့်ဖူးဘူး ဒီတစ်ခါပထမဆုံးပဲ။ အရင်တစ်ခေါက်ဒီမှာ လုပ်သွားတုန်းကသလို ထပ်မဖြစ်ပါစေနဲ့လို့ဆုတောင်းတာပဲ။ ၅၀ တန်းလက်မှတ်ဝယ်ထားတယ် သွားမယ်ဆိုရင် အတူသွားကြရအောင် ဖုန်းဆက်ကြပါ။ မဟုတ်ရင် တစ်ယောက်တည်းသွားရမှာ ပျင်းစရာကြီး။
အခုလောလောဆယ်တော့ ဗိုက်အတော်ဆာနေပြီ အိမ်မှာ ရှိတာသွားမွှေလိုက်အုန်းမယ်။ ပြီးရင်အိပ်ပြီ။ မနက် ၈နာရီအရောက်သွားရမှာ။
ကျောင်းကပဲကို ကြည့်ချင်ရင်မနက်ဖြန် ကျောင်းကိုလာခဲ့ကြလေ။ လက်မှတ်တော့ကိုယ့်ဟာကိုယ်ဝယ်ပြီးကြည့်ပေါ့ ၂နာရီစမှာ။

Read more

2 comments

NDP '09 NE Show 3 Fireworks

ဒီနေ့တော့ NDP Preview Show မှာ Firework တွေကို ဓာတ်ပုံသွားရိုက်ဖြစ်ခဲ့တယ်။ ၇နာရီ ၁၀မိနစ်လောက်မှာ ရောက်သွားတော့ လူတွေတော်တော်များနေပြီ။ ဓာတ်ပုံဆရာတွေ၊ ပြောင်းအတို အရှည်အစုံအလင်နဲ့ ထိုင်စောင့်နေလိုက်ကြတာဆိုတာ၊ ကိုယ့်ပြောင်းသေးသေးလေးကြည့်ပြီးတော့ စိတ်တောင်ငယ်တယ်။
မီးပန်းလေး ၃မိနစ်လောက်အတွက်ကို ၄၅မိနစ်လောက်တော့ စောင့်လိုက်ရတယ်။ ဟိုနေ့ကထက်စာရင် တန်တယ်လို့တော့ ပြောလို့ရတယ်။ ကောင်းကင်ကရှင်းပြီးတော့ မိုးလည်းမရွာဘူး။
ကျနောက ပုံတွေကို Raw နဲ့ Bulb mode မှာထားပြီးတော့ရိုက်တာ၊ ကင်မရာက ပုံတစ်ပုံပြီးရင် Process လုပ်တာက နည်းနည်းကြာနေတော့ ကြားထဲမှာ လွတ်သွားတာတွေတော့ အများကြီးပဲ။

Read more

3 comments

Hang Me Up To Dry.

Read In မြန်မာ|English

As i had no mood to go out for a photo shoot these days, i spend most of my time shooting all the stuff i can find in my home. The Fruits, my Mp3 Player and Headphone and now the cloths hanger.
The title is actually the title of a song from an Indie band, Cold War Kids.
Cold War Kids-Hang me up to dry
Hit more for the lyrics.

Careless in our summer clothes
Splashing around in the muck and the mire
Careless in our summer clothes
Splashing a rounding in the muck and the mire

Fell asleep with stains
Cake Deep in the knees
What a pain

Now hang me up to dry
You Wrung me out
Too, too, too many times
Now hang me up to dry
I'm pearly like the white
Wh-white of your eyes

All mixed up in the wash
Hot water bleeding our colors
All mixed up in the wash
Hot water bleeding our colors

Now hang me up to dry
You wrung me out
Too, too, too many times
Now hang me up to dry
I'm pearly like the white
Wh-white of your eyes

Read more

0 comments

မနက်ခင်းအလင်း..

Read more

0 comments

LT17A

Read more

0 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.