Oh! That was '09

ဘာမှ မရေးဖြစ်တာလည်း ကြာပြီ။ အလုပ်ရှုပ် နေတာရယ် ပျင်းနေတာရယ်နဲ့ပဲ။2010ရဲ့ ပထမဆုံးပိုစ့်ပေါ့၊ ဘာရေးရင် ကောင်းမလည်းမသိဘူး။

ပြီးခဲ့တဲ့ အပတ်ကပဲ ကျနော်တို့ကျောင်းက Open House နဲ့ SPinnovex ပြပွဲလုပ်ပြီးသွားတယ်။ ကျနော်တို့ရဲ့ FYP project လေး ပြပွဲဝင်လိုက်ရတယ်ဗျ၊ ပြခန်းထဲမှာ ထိုင်ပြီးလာကြည့်တဲ့သူတွေ မေးတာကိုဖြေလိုက်၊ ဂိမ်းဆော့လိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အချိန်ဖြုန်းနေတာ ၇ရက်နေ့ကနေ ၉ရက်အထိ သုံးရက်လုံးပဲ။ ဒီလိုနဲပဲ့ ကျောင်းပြီးဖို့ ၂လလောက်ပဲလိုတော့တယ်။ နောက်လမှာ NAPFA test လည်းဖြေရမယ်။ပြီရင် ၂နှစ်လောက်တော့ စစ်သားသွားလုပ်ရအုန်းမယ်။

၂၀၀၉ ခုကြီးကုန်သွားလို့ ကိုယ့်ကိုယ်ကိုကိုယ်ပြန်ပြီး စဉ်းစားကြည့်မိတယ်ဗျ ဘာတွေများထူးလာလည်းလို့။ အသက်တစ်နှစ်ပိုကြီးသွားတယ်တာရယ် ပိုဝလာတာရယ်ကလွဲပြီး ဘာမှ အထွေအထူးမရှိခဲ့ဘူးလိုပဲ။

ဝါဿနာပါတဲ့ ဓာတ်ပုံရိုက်ချင်းကို လေ့လာဖြစ်ခဲ့တယ်။ ကျောင်းက သင်္ကြန်ကပွဲမှာ ဓာတ်ပုံလိုက်ရိုက်ပေးဖြစ်ခဲ့တယ်၊ ပုံ ၁၅၀၀နီးပါလောက် ရိုက်ခဲ့ပြီးမှ Post Processing လုပ်ရမှာပျင်းနေတာနဲ့ အခုထိဓာတ်ပုံတွေ အကုန်မထွက်သေးဘူး။ တစ်ခေါက်တော့ ကျောင်းကလုပ်ပေးတဲ့ပြိုင်ပွဲမှာ TOP 10 ဝင်လိုက်သေးတယ်။ ဘာမှမဟုတ်ပေမဲ့ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေကို ကိုယ်ပြန်ကြည့်ပြီတော့ ကျေနပ်နေတာပဲ။အဖေကတော့ Camera ကြီးကိုဝယ်ပြီး သေချာစည်းကမ်းတကျ မသိမ်းလို့ဆိုပြီး ခဏခဏ ဆူဆဲနေတုန်းပဲ။

အမေကတော့ ခဏခဏပြောတယ် "နင်ဆိုတဲ့ကောင်က ရေတက်ငါးစင်ရိုင်း" တဲ့ စိတ်ပါတဲ့အချိန်လေးပဲ လွန့်လွန့်လူးနေပြီးတော့ ခဏကြာရင် ပြစ်ပြစ်ထားတယ်တဲ့။ အခုလောလောဆယ်မှာတော့ Extreme Sport တွေကိုအထူးတလည်စိတ်ဝင်စားမိနေတယ်။ Motor X, Skateboarding, BMX နဲ့ Rally Racing တွေပေါ့။ Skateboard တစ်ခုကို လက်ထဲရှိတဲ့ပိုက်ဆံ အကုန်ပေးပြီးဝယ်ခဲ့တယ်၊ Trick တွေကိုကျင့်မယ်ကျင့်မယ်နဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပဲ မလုပ်ဖြစ်ခဲ့ဘူး။ သူများတွေစီးထားတဲ့ Videoတွေကို ကြည့်ပြီးတော့ အားကြနေတာနဲ့ပဲ ပြီးနေတာပဲ။ ကိုယ့်ဟာကိုကိုယ်တော့ Ollie ကိုရပ်နေတုန်း ခုန်တာကလွဲပြီး ဘာမှမလုပ်တတ်သေးဘူး။

မိသားစုနဲ့ထိုင်းကို ခရီးသွားဖြစ်ခဲ့သေးတယ်။ ကျနော်မှတ်မိသလောက်တော့ ဒါပထမဦးဆုံးအကြိမ် မိသားစုလေးယောက် ခရီးထွက်ဖူးတာပဲ၊ ကျနော်ငယ်ငယ်က အဖေကစလုံးမှာဆိုတော့ အမေနဲ့ ညီအကိုနှစ်ယောက်နဲ့ပဲ ခရီးသွားဖြစ်ကြတာ။ ၁ပတ်လောက်ကို Pattya နဲ့ Bangkok ပတ်ခဲ့တယ်။ အဲ့တုန်းကရိုက်ခဲ့တဲ့ပုံတွေလည်း အခုထိ Process မလုပ်ရသေးတာအများကြီးပဲ။

ပြန်စဉ်းစားရရင် ၂၀၀၉ က Process မလုပ်ရသေးတဲ့ ဓာတ်ပုံ တစ်ပုံတစ်ပင်နဲ့ အမှတ်ရစရာတွေ ပျော်စရာတွေ၊ အဆုံးမသတ်ဖြစ်တဲ့ ဟိုတစ်စ ဒီတစ်စ အရာတွေနဲ့ အပြည့်ပေါ့ဗျာ။ အခု ၂၀၁၀မှာလည်း ဘယ်လိုလာအုန်းမလည်းဆိုတာ ကြည့်ကြတာပေါ့။

Read more

0 comments

One Ring To Rule Them All

သူငယ်ချင်းစီကနေ ဓားပြတိုက်ပြီးယူလာတဲ့ Lord Of Ring ထဲက The One Ring။ 50mm ကိုပြောင်းပြန်တပ်ပြီးတော့ ရိုက်ထားတာ။




Read more

0 comments

Little Motorcycles...

Taken at a market in Pattaya during my trip to Thailand.


Read more

0 comments

Soft Light

Just Trying out the Soft Cool color tones. They are really fun. These photos are taken at Bukit Timah.


Read more

0 comments

Party Life.

This was taken with my phone and edited using Photoshop Mobile App in the phone. Taken inside St. James Power House.

Read more

0 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.