Showing posts with label panorama. Show all posts
Showing posts with label panorama. Show all posts

Jln Boon Lay

Read In မြန်မာ|English


ဒီနေ့ နေအပြည့်ကြတ်တယ်ဗျ။ အိန္ဒိယနဲ့ တရုတ်ကနေဆို အကုန်လုံးကို မြင်ရတယ်။ စင်္ကာပူမှာတော့ ၁၀ရာခိုင်နှုန်းပဲ မြင်ရမယ်။ နေအပြည့်ကြတ်တာက တနေရာတည်းမှာ ပြန်ကျဖို့ နှစ် ၃၇၀စောင့်ရတယ်တဲ့။ အဲ့ဒါနဲ့ပဲ ၁၀ရာခိုင်နှုန်းပဲရရ ကြည့်မယ်ဆိုပြီးတော့ မနက်အစောကြီးထလိုက်တာ၊ ပြီးတော့ မိုးကရွာနေတယ်။ အဲ့ဒါနဲ့ပဲ တခြားဟာတစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ vertical panorama ကိုစမ်းကြည့်ဖို့ပါ။
အခုပုံက ပုံငါးပုံကို Photoshop နဲ့ ချုပ်ထားတာ။ အိမ်က မီးဖိုခန်းကနေမြင်ရတဲ့ Jln Boon Lay ပေါ့။
Click here to View it Large.

Read more

0 comments

Planet Clark Quay

Click more for tutorial on how i did this.


-ပထမဆုံး Panorama ပုံတစ်ပုံအရင် ရှာလိုက်ပါ။ Panorama မလုပ်တတ်ရင် ဟယ်ရီရဲ့ Photoshop မှာ Panorama လုပ်နည်းကို သွားကြည့်ကြည့်လိုက်ပါ။

-ကဲ Panorama ပုံတစ်ပုံရလာပြီဆိုပါတော့ အဲ့ပုံကို Photoshop မှာဖွင့်လိုက်ပါ။

-ပြီးရင် ⌘+J သို့မဟုတ် Ctrl+J on windows ကိုနိုပ်ပြီးတော့ Layer ကို ပွားလိုက်ပါ။

-ပွားလို့ရလာတဲ့ လေယာကို ရွေးပြီးတော့ Image=>Image Sizeမှာ ပုံရဲ့အနံကို အလျားနဲ့ တူသွားအောင် ပြောင်းလိုက်ပါ။

-ရလာတဲ့ပုံကိုပဲ Edit=>Transform=>Rotate 180 Degrees ကို click ပြီတော့ ပုံကို ပြောင်းပြန်လှန်လိုက်ပါ။

-ပြီးရင် Filter=>Distort=>Polar Coordinate ကို ရွေးပြီးတော့ Rectangular to Polar ကို ရွေးပြီး OK ကို နိုပ်လိုက်ပါ။

-ကဲ အဲ့မှာ ကမ္ဘာလုံး ပုံဓာတ်ပုံတစ်ပုံရလာပြီပေါ့။

Read In မြန်မာ|English

Read more

0 comments

Chinese Garden


Taken from top floor of the Chinese Garden Pagoda Tower. Combination of 7 photos.
f22 1/200 ISO 1250

Click here for high resolution.

Read more

0 comments

Clark Quay

မြန်မာ|English


စကာင်္ပူ Night Life ရဲ့ဗဟိုလို့ပြောလို့ရတဲ့ Clark Quay.

f5 1/4 ISO800
Click here for high resolution.

Read more

2 comments
 
TharGi. Get yours at bighugelabs.com
Creative Commons License.